မန္တလေး သို့ ဦးတည်ပြီ

by Hla Soewai - Aug 04 2024

မင်းအောင်လှိုင်သည် ၎င်းကို ၎င်း သမ္မတ ခန့်ပြီး ၎င်း လေယာဉ် ပေါ် တက်မ ပြေး မီ အထိ တတိုင်းပြည်လုံး မီးလောင် တိုက်သွင်းသွားရန် သံန္နိဋ္ဌာန် ချထားနေချိန်တွင် ၎င်း၏ လက်အောက်ခံ တပ်များ အတွင်း ဘာလုပ်၍ ဘာကိုင်ရမှန်း မသိ ဖြစ်နေကြသည်။

 

အချို့က ၎င်းတို့ မည်သို့မျှ မယှဉ် နိုင်တော့သည့် တိုင်းရင်းသား တပ်များသည် လိုချင်သော နယ် မြေ များကို ရရှိသွားပါက ဆက်၍ တိုက်တော့မည် မဟုတ်ဟု သော မျှော်လင့်ချက် ဖြင့် ကြံ့ကြံ့ခံ နေကြသည်။

 

ရန်ကုန် ရှိ သံတမန် အသိုက်အဝန်းကလည်း ထိုသဘော အတိုင်းပင် ပြောဆိုနေကြသည်ဟု အီဂေါ ဗလာစီဗစ်က ဧရာဝတီ တွင် ရေးသား ထားသည်၊ ၎င်းတို့ အပြောများ တွင် တိုင်းပြည် ပြိုကွဲပြီး အလယ်ဗဟို သာ ကျန်တော့မည်ဟု ဆိုသော်လည်း ထိုသို့ ဖြစ်အောင် တတိုင်းပြည်လုံး နီးပါး ကို ဗုံးကြဲ ဖျက်ဆီးနေသူ များ၏ အကြောင်း နှင့် ၎င်းတို့၏ သုံးစား မရ ဖြစ်‌ နေမှု များကိုတော့ ရေငုံနှုတ်ပိတ် နေကြဆဲပင် ဖြစ်သည် ဟု ဆိုသည်။ စစ်တပ်သည် အနာဂတ် တွင် ထွက်ပေါ်လာမည့် ဖြေရှင်းချက် ၏ တစိတ်တပိုင်း အဖြစ် ပါဝင်ရမည်ဟု ခံယူထားကြဆဲ ဖြစ်သည်။

 

၎င်းတို့ ပါဝင်ရမည်ဟု ခံယူထားသော မြန်မာ စစ်တပ်အားလည်း ကတိကဝတ် ကို လိုက်နာ ကြမည့် လူများဟု မည်သူကမျှ ယုံကြည်ခြင်း မရှိကြတော့သည့် အဖြစ်ကိုလည်း ထည့်သွင်း စဉ်းစားခြင်းမျိုးလည်း မရှိကြပေ။

 

၎င်းတို့ အားလုံးသည် စိတ်ကူး စိတ်သန်း ထဲတွင် ပေါ်လာသည့် တိုင်းပြည် ပြိုကွဲတော့မည့် ဆိုသည်ကိုသာ မှန်းဆပြောဆိုနေကြပြီး ထိုသို့ဖြစ်ရန် တနေ့တခြား တိုး၍ ကြံစည်လာသည့် စစ်တပ်၏ ဖျက်ဆီးမှု ကို တော့ လျစ်လျု ရှူ‌နေကြသည်ဟု အီဂေါ ဗလာစီဗစ် က ဆိုသည်။

 

ထိုသို့ အခြေအ‌နေ အမှန် ကို သုံးသပ် နိုင်စွမ်း မရှိပဲ ၎င်းတို့သည်သာ စိတ်ခံစားမှု ကင်းစွာ ဖြင့် အမှန်ကို အမှန်တိုင်း ‌သုံးသပ်နိုင်သည်ဆိုကာ လိုရာ ဆွဲ ပြောဆိုနေကြချိန် တွင် တော်လှန်ရေး တပ်ပေါင်းစုသည် အရပ်ရှစ်မျက် နှာ တွင် တောင်ဖက်မှ လွဲ၍ ဘက်ပေါင်းစုံမှ ညှပ်ပူး ညှပ်ပိတ် ထိုးစစ်ဆင်နေပြီ ဖြစ်သည်။

 

မန္တလေး ပြည်သူ့ကာကွယ် ရေး တပ်များသည်လည်း မန္တလေး သို့ ဦးတည် ထိုးစစ်ဆင်လာ နေပြီ ဖြစ်သည်။ (ပုံတွင် MDY-PDF တပ်ဖွဲ့ဝင်များကို တွေ့နိုင်သည်။)

 

ထို့အတွက် စစ်ကောင်စီ တပ်များသည် မန္တလေး ကို ခုခံနိုင်ရန် မြောက်ဖက် မတ္တရာ နှင့် ပုသိမ်ကြီး ဖက် တွင် အခိုင်အမာ ခံစစ် ပြင်ဆင်ထားနေကြသည်။ ယခုအခါ မန္တလေး မြောက်ဖက် မိုင် ၂၀ အကွာ တွင် ရှိ‌သော ထန်းပင်ကုန်း နှင့် ကျောက်တံတား ရွာ နှစ်ရွာ အကြားတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု မြန်မာနောင်း သတင်းတွင် ဒေသခံများ၏ အပြောအား ကိုးကားပြီး ရေးသားထားသည်။

 

MDY-PDF သည် လွန်ခဲ့သည့် လ ထိုးစစ် စတင် ချိန်မှစ၍ မတ္တရာ မြို့နယ် အတွင်း စစ်ကောင်စီ စခန်း ပေါင်း နှစ်ဒါဇင်ကျော် ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။

 

မတ္တရာ မြို့မြောက်ဖက် စဉ့်ကူ နှင့် သပိတ်ကျဉ်း တွင်လည်း တိုက်ပွဲ များ ဖြစ်ပွားနေသည်။

 

ရခိုင်၊ ကချင်၊ ရှမ်းမြောက် ဒေသများတွင် အရှူံးကြီး ရှုံ နိမ့်နေသော အဖြစ်သည် ဒုတိယ ကမ္ဘာစစ် ကြီး အဆုံးသတ် ကာနီး ဂျာမန် တပ်များ ဒလကြမ်း ဆုတ်ခွာ ခံစစ်ဆင်နေ ကြသည့် အဖြစ် နှင့် အလား သဏ္ဍန် တူနေသည်။

 

ဗြိတိသျှ ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီ၏ အမှတ် (၈) တပ်တော်သည် ၁၉၄၂ အောက်တိုဘာ ၂၃ တွင် အယ်အလန်မိန်း ဒေသ အား ၁၂ ရက် ကြာ ထိုးစစ် ဆင်ပြီး ဂျာမန် တို့ လက်မှ ပထမဆုံး အကြိမ် အောင်မြင်စွာ ပြန်သိမ်း နိုင်ခဲ့ခြင်း သည် ဟစ်တလာ ၏ နိဂုံးအစ ဖြစ်လာရသည်။

 

အလျင်းသင့်၍ တင်ပြလိုသည်မှာ ၁၉၄၃ ဇူလိုင် ၁၀ ရက် နေ့တွင် မဟာမိတ် တပ်များ စစ္စလီ ကျွန်းကို သိမ်းပိုက် နိုင်လိုက်သည့် အခါတွင်တော့ အီတလီ ဖက်ဆစ် စစ်ကောင်စီ အစည်း အဝေး တွင် အာဏာရှင် မူဆိုလိုနီ ကို တိုက်ပွဲ များတွင် အရေးနိမ့် နေမှု အပေါ် အကြီးအကျယ် ဝေဖန် ပြစ်တင်ခဲ့ကြပြီး နောက်တနေ့ မှာပင် အီတလီ ဘုရင်သည် ၎င်းအား ရာထူးမှ ဖယ်ရှားက ဖမ်းဆီးချုပ်နှောင်လိုက်သည့် အဖြစ်ပင်။

 

မြန်မာ စစ်ဗိုလ်ချုပ်များကတော့ ၎င်းတို့ကိုယ်တိုင် ဦးဆောင် နိုင်စွမ်း မရှိသူများ ဖြစ်၍ ယတြာသာ အားကိုးနေသည့် မင်းအောင်လှိုင် နောက် မှေးလိုက်နေကြသည်၊ သို့သော် အခြေအနေများ ဆိုးသည်ထက် ဆိုးလာလျင်တော့ ၎င်းတို့ ထွက်ပေါက်အတွက် မင်းအောင်လှိုင်ကို ဖယ်ရှားကြတော့မည်သာ ဖြစ်သည်။

 

 လားရှိုး တွင် မြို့တော် ခမ်းမ တခုတည်းသာ ခြေကုပ် ယူနိုင်တော့သည့် စစ်ကောင်စီ မှ လားရှိုး ကို ထိန်းချုပ် ထားဆဲဟု ဝါဒ ဖြန့်နေသော်လည်း ၎င်းတို့ ၏ သစ္စာခံ ဝန်ထမ်းများကို တောင်ကြီးသို့ ‌ရွှေ့ရန် ညွှန်ကြားပြီး ဖြစ်သည်ဟု ဆိုသည်။

 

လားရှိူး နှင့် ပတ်သက်၍ မင်းအောင်လှိုင် အုပ်ချုပ်‌ နေမှု ကို နှစ်ခြိုက် သဘော ကျသူ တိုင်း ဆရာသမား ဇော်မင်းထွန်းထက် လက်‌ စောင်း ထက်လာသည့် ဇော်မင်း၏ အပြောကြောင့် အားတက်ကုန်ကြမည် ဖြစ်သည်။

 

"MNDAA အကြမ်းဖက် အဖွဲ့သည် လားရှိုး မြို့တွင်းသို့ အရပ်သား များ အသွင်ယူ၍ စိမ့်ဝင် ထိုးဖေါက်လာသဖြင့် တပ်မတော်မှ လိုက်လံ ရှင်းလင်းနေရသည်" ဟူ၍ ဖြစ်သတည်း။

 

ရခိုင် စစ်မျက်နှာ တွင် သံတွဲ မှ ဂွသို့ ဆုတ်ခွာလာသော စစ်ကောင်စီ တပ်များသည် ထိုမြို့နှစ်မြို အကြားရှိ တံတားကို ဗုဒ္ဓဟူး နေ့က ဖေါက်ခွဲ ဖျက်ဆီးခဲ့ကြပြန်သည်၊ စစ်တွေမြို့ ပတ်ပတ်လည် အားလည်း မိုင်းများ ထောင်ထားသည်ဟု သတင်းများက ဆိုသည်။ ယခုအခါ သံတွဲရှိ နောက်ဆုံးလက်ကျန် စခန်း ရှိရာ ငပလီ ကမ်းခြေ တောင်ဖက်စွန်း တွင် တိုက်ပွဲ များ ဖြစ်ပွားနေသည်ဟု သိရသည်။

 

မင်းအောင်လှိုင်သည် ဥပ‌ဒေ အရေခြုံထားသော ရာဇဝတ်သား တဦးဖြစ်ပြီး ၎င်း၏ ကိုယ်ကျိုး အတွက် နိုင်ငံ နှင့် ပြည်သူ များ ကို ဒုက္ခတွင်း ထဲ တွန်းပို့နေသည့် လုပ်ရပ်များ အပေါ် ရှက်ရ ကောင်းမှန်း မသိ ဖြစ်နေသည်က တနေ့တခြား ပေါ်လွင်လာနေပြီ ဖြစ်သည်။

 

လက်ရှိ တွင် ကောလဟလများလည်း နေပြည်တော်တခွင် ပျံ့နှံ့နေသည်။ ထိုအထဲတွင် ရာပြည့် မှ ‌ဒေါ်အောင် ဆန်းစုကြည်အား သွားရောက်တွေ့ဆုံပြီး ညှိနှိုင်းနေသည်မှာ နှစ်ကြိမ် ရှိသွားပြီ ဖြစ်ကြောင်း၊ ပြင်ဦးလွင်ကို သုံးရက်အတွင်း သိမ်းပြီး မန္တလေး ကို ဇူလိုင် ၃၁ အပြီးသိမ်းမည်ဟု တော်လှန်ရေး တပ်ပေါင်းစု က တိတ်တဆိတ် ပြင်ဆင်နေကြောင်း၊ မင်းအောင်လှိုင် မှ သူ့ကိုယ်သူ သမ္မတ ခန့်အပ်သော်လည်း အ‌ခြေ အနေများက ထူးမလာ၍ တခုခု လုပ်ရတော့မည် အစရှိသဖြင့် တိုးတိုး တဖုံ ကျယ်ကျယ်တမျိုး ပြောဆိုနေကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!