ဒီသူငယ် ကျားစာဖြစ်

by Hla Soewai - Aug 04 2024

မင်းအောင်လှိုင်သည် လားရှိူး ကို လက်လွှတ်အံ့ဆဲဆဲ ဖြစ်လာနေချိန်တွင် ၎င်းအား ထောက်ခံသူများ စိတ်အား တက်ကြွစေရန် လောင်ကိုင် အား မထိခလုတ် ထိခလုတ် နှင့် ဗုံးကြဲ တိုက်ခိုက်ပြခဲ့ရာ အင်္ဂါနေ့ည တွင် ဒုတိယအကြိမ် အဖြစ် ဗုံးနှစ်လုံး ထပ်မံ ကြဲချ လာရာ ဟိုတယ် တွင် တည်းခိုနေသော တရုတ်နိုင်ငံသား နှစ်ဦး သေဆုံးသွားခဲ့သည် ဟု MNDAA မှ သတင်းထုတ်ပြန်လာသည်။

 

မင်းအောင်လှိုင် သည် တရုတ် အားလည်း အလွန်အကျွံ ဒေါသ မထွက်စေရန် ၊ တဖက်ကလည်း ၎င်းအား ထောက်ခံသူများ စိတ်အား တက်ကြွလာ‌စေရန် ယခုလို မထိခလုတ် ထိခလုတ် လုပ်နေခြင်း ဖြစ်သည်။ 

 

MNDAA မှ ၎င်းတို့ ပြောသလို အပစ်အခတ် ရပ်စဲ ပေးထားသော် ငြားလည်း နယ်စပ်ရှိ အထင်ကရ မြို့ ဖြစ်သော လောက်ကိုင်အား ပြာပုံ ဆိုက်သွားမည့် အရေး အတွက် တရုတ်မှ မဖြစ်မနေ ကာကွယ် ပေးရဖို့ ရှိနေသည်။

 

လားရှိုး မြို့သူ မြို့သားများကလည်း စစ်တပ် ၏ အရည်အသွေး ကို ကောင်းစွာ ရိပ်စား မိနေကြသူ များ ပီပီ ၁၀၂၇ စစ်ဆင်ရေး ဒုတိယ လှိုင်း ပြန်လည် စတင်လာချိန်မှစပြီး ၎င်းတို့ အိမ်အနီးအနား တွင် ဗုံးခိုကျင်းများကို လူငှား နှင့် တူးခိုင်းနေရာ လက်မလည် အောင် ဖြစ်နေရသည်၊ ကျင်းတကျင်း အတွက် လက်ခချည်း သက်သက် ၁၃၀,၀၀၀ ခန့် ပေးရသည်ဟု Frontier Myanmar တွင် ရေးသားထားသည်။

 

ဈေးဆိုင်များလည်း ပိတ်ထားပြီး မြို့ခံများလည်း အလုံး အရင်း နှင့် ထွက်ခွာနေကြသည်၊ လားရှိူးသည် ၁၀၂၇ စစ်ဆင်ရေး ပထမ လှိုင်း တွင် စစ်ဘေး ရှောင်ရာ အရပ် လည်း ဖြစ်ခဲ့သည်။ ယခု အခါ လားရှိူး မြို့စွန် တွင် MNDAA မှ အလံစိုက် နိုင်ခဲ့ပြီ ဖြစ်သည်။ လားရှိုး နှင့် မန္တလေး မြောက်ပိုင်းဖက် မှ စစ်ဘေးရှောင်များ မန္တလေးသို့ အလုံးအရင်း နှင့် ဆင်းလာကြသည်ဟု သတင်းများက ဆိုသည်။

 

ဇူလိုင် ၂၂ တွင် MNDAA နှင့် ပူးပေါင်း တပ်များသည် ခလရ ၄၁ နှင့် ခမရ ၅၂၂ တို့ကို သိမ်းယူ နိုင်လိုက်ပြီ ဖြစ်သည်။ အမှတ် (၄) နှင့် အမှတ် (၁) ရပ်ကွက် အတွင်း ဝင်ရောက်နိုင်ခဲ့ပြီး တမြို့လုံး နီးပါး ပိတ်ဆို့ ခံနေရသည်ဟု မြန်မာနောင်း သတင်းက ဆိုသည်။

 

တဆက်တည်း မြန်မာ နောင်း သတင်းတွင် နေပြည်တော်ရှိ ခြောက်လုံးတန်း အိမ်ယာ ရှိ ဦးသန်းရွှေ နှင့် ဦးသိန်းစိန် အိမ်များကို အဝင်အထွက် ကန့်သပ်လိုက်ပြီး စစ်တပ်ကပါ လုံခြုံရေး ဝာာဝန်ယူထားသည်ဟုပါ ဖေါ်ပြထားသည်။ လာသူ တို့၏ အမည် နှင့် ကြာချိန်ကိုပါ သတင်းပို့ရသည် ဟု ဆိုသည်။

 

လားရှိူး ကို သိမ်းပိုက် နိုင်မည်ဆိုက စစ်တပ်သည် တိုင်း စစ်ဌာနချုပ် တခု ကို သမိုင်းတွင် ပထမဆုံးအကြိမ် လက်လွှတ်လိုက်ရခြင်း ဖြစ်ယုံမက မူဆယ် ထွက်ပေါက် ကိုပါ ဆုံးရှုံးသွားနိုင်၍ ၎င်းတို့ အတွက် ပြယုဒ် အရရော၊ စိတ်ဓါတ်ရေးရာ အရပါ လွန်စွာ အရေးကြီးနေသည်။

 

သို့သော် အဓိက တာဝန် ရှိ‌ နေသူ အရှေ့မြောက်တိုင်း စစ်‌ဌာနချုပ် တိုင်းမှုး အသစ် ဖြစ်လာသည့် ဗိုလ်ချုပ် စိုးလှိုင်သည် လားရှိူး တွင် မိသားစု နှင့် အတူ လုံခြုံသည့် နေရာတွင် ရှောင်နေပြီး ထိုနေရာမှ အမိန့်များ ပေးနေ‌၍ တပ်တွင်း တွင် မကျေလည်မှု များ ဖြစ်လာနေသည်ဟု ဒီဘီဗွီ သတင်း တွင် ပါရှိလာသည်။

 

လက်ရှိတွင် နိုင်ငံခြားရေး ဝန်ကြီး ဆိုသူ သန်းဆွေသည် ကူမင်း တွင် ရောက်ရှိနေပြီး တရုတ် ကွန်မြူနစ် ပါတီ နိုင်ငံတကာ ဆက်သွယ်ရေး ဒု ဝန်ကြီး ဆန် ဟာယန် နှင့် ဆွေးနွေးနေသည်ဟု သိရသည်။ ဝ ပြည်နယ်သို့ လည်း ဗိုလ်ချုပ် အဆင့်ရှိသူ တဦး အား စေလွှတ်၍ ညီနောင် သုံးဖွဲ့၏ ထိုးစစ်ကို ရပ်တန့်ဖို့ ဖျောင်းဖြပေးရန် တောင်းဆိုခဲ့သည်၊ ၎င်းတို့ အကူအညီ တောင်းခံနေသည့် အထဲတွင် ဘိန်းဘုရင် ဟု နာမည်ကျော်ခဲ့သည့် လောစစ်ဟန်၏ သား ဖြစ်သူ ထွန်းမြင့်နို့င်လည်း ပါဝင်နေသည်၊ ထွန်းမြင့်နိုင်သည် အေရှားဝေါ် ကုမ္ပဏီ ပိုင်ရှင် ဖြစ်ပြီး MNDAA အား လောက်ကိုင်သို့ ပြန်ပြီး ဒေသ ဖွံဖြိုးရေး လုပ်ရန် ကြေညာချက် ထုတ်ပြန်၍ တောင်းဆို‌ ပေးထားသည်။

 

တပ်ထဲတွင်လည်း မင်းအောင်လှိုင် သမ္မတ တက်လုပ်၍ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို လက်လွှတ်တော့မည်လော ဆိုကာ ဝမ်းသာအားရ ဖြစ်သွားကြသော်လည်း အသက် ၆၈ နှစ် ရှိလာသည့် ၎င်းပင် ဆက်၍ စွဲကိုင်ထားမည် ဆိုသည်ကို သိလာကြသည့် အခါတွင်တော့ စိတ်ဓါတ်များ ပြိုလဲ ကျဆင်းကုန်ကြပြန်သည်။

 

ရှမ်းပြည်နယ် တွင် တော်လှန်ရေး အရှိန်မြင့်နေစဉ် ဝမ်းနည်း ဖွယ် ကောင်းသည်က ရှမ်းတိုင်းရင်းသားများ လွတ်မြောက်ရေး အတွက် တိုက်ပွဲ ဝင်နေသည် ဆိုသော RCSS နှင့် SSPP တို့သည် အချင်းချင်း နယ်ကျော်လာသည် ဆိုကာ တိုက်ခိုက်နေကြခြင်းပင် ဖြစ်သည်။ လွယ်မည့်နေရာ ပြေးဦးနေကြခြင်း ဖြစ်ပြီး စစ်ကောင်စီ ကလည်း ၎င်းတို့ ဖက် ‌သေနတ် ပြောင်း လှည့်မလာ ပြီး ရော ဆို ကာ ရပ်ကြည့် ‌နေခြင်းပင် ဖြစ်သည်။

 

မိုးကုတ်ကို TNLA နှင့် မဟာမိတ် တပ်များက အပြီးအပိုင် သိမ်းပိုက် နိုင်လိုက်ပြီး ၊ ရခိုင် စစ်မျက်နှာ တွင် လည်း သံတွဲရှိ လက်ကျန် စခန်း တခု ဖြစ်သော ဂျိတ္တောတဖက်ကမ်း ကွင်းဝိုင်းရေတပ်စခန်းကို AA အပြီးအပိုင် ပိတ်ဆို့ ထားနိုင်လိုက်ပြီ ဖြစ်၍ ဧရာဝတီ တိုင်းမှ စစ်ကူ များ ဂွ ဖက်မှ ရောက်မလာနိုင်တော့ဟု သိရသည်၊ AA သည် ယခုအခါ သံတွဲမြို့၊ သံတွဲ အကျဉ်းထောင် နှင့် လေဆိပ်ကို သိမ်းယူ ထားနိုင်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!