ဘယ်သောင် ဘယ်ကမ်း ဆိုက်မည်မသိ

by Hla Soewai - Aug 04 2024

မင်းအောင်လှိုင်သည် တတိုင်းပြည်လုံးကို လူမထင်ဘဲ ထင်ရာ စိုင်းနေချိန်တွင် စစ်တပ်မှ အထက်တန်း အရာရှိကြီး သုံးဦး အပါအဝင် အရာရှိ အရာခံ အကြပ် တပ်သား ၃၁၇ ဦးသည် လားရှိုး တွင် အစုလိုက် အပြုံလိုက် MNDAA နှင့် ပူးပေါင်းလိုက်ကြပြီ ဖြစ်သည်။ 

 

ဒုဗိုလ်မှုး ကြီး တဦး၊ ဗိုလ်မှုး အဆင့်ရှိသူ နှစ်ဦး ဦးဆောင် သော အဖွဲ့သည် ၎င်းတို့အားလုံး MNDAA နှင့် ပူးပေါင်းပြီး မင်းအောင်လှိုင် သစ္စာခံ တပ်များကို ပြန် တိုက်ရန် ဆန္ဒရှိကြောင်း ထုတ်ဖေါ် ပြောဆိုလာကြသည်ဟု သိရသည်။

 

ထိုသို့ ပူးပေါင်းလာကြသည်ကို ကြိုဆို လက်ခံသော အခမ်းအနား တွင် MNDAA ၏ နိုင်ငံရေးရာ ဌာန လက်ထောက် ညွန်ကြားရေးမှုး မှ အသက်ကို အာမခံ ကြောင်း နှင့် စစ်သုံ့ပန်း ဥပဒေဖြင့် ကောင်းမွန်စွာ စောင့်ရှောက်သွားမည့် အကြောင်း ပြောကြားသွားခဲ့သည်။ (ပုံတွင် တွေ့နိုင်သည်။)

 

၎င်းတို့ အပေါ် စစ်ရေး အရ မည်သို့မျှ ဦးဆောင်မှု ပေးနိုင်စွမ်း မရှိသည့် အပြင် နောက်ထပ် တိုး၍ သမ္မတ ရာထူး ပါ ယူလာသည့် အဖြစ်ကို မည်သူက မိုက်ရူးရဲ ဆန်စွာ မျက်စိ စုံ မှိတ်၍ လိုက်ပေအံ့နည်း။

 

လားရှိုးအား လက်မလွှတ်‌ စေရေး အသည်း အသန် ခုခံနေချိန်တွင် ထိုသို့ အစုလိုက် အပြုံလိုက် စွန့်ခွာ သွားမှုသည် စစ်ရေး အရ အပြင်းအထန် ထိုးနှက်ခံလိုက်ရခြင်းလည်း ဖြစ်ပေသည်။

 

ယင်း ဖြစ်ရပ်သည် tip of the iceberg ခေါ် လာလတ္တံ သော အခြေအနေ များ ၏ ကနဦး အစပျိုး လာခြင်းပင် ဖြစ်သည်။

 

ယခုအခါ လားရှိုး ဝင်ပေါက်ရှိ ခလရ ၆၈ အား သိမ်းယူလိုက် နိုင်ပြီ ဖြစ်၍ ညီနောင် မဟာမိတ် တပ်များသည် သိန္ဓီ နှင့် မိုင်းယော် တို့မှတဆင့် ပြုံဆင်းလာနိုင်ပြီး ပြည်ထောင်စုလမ်းမကြီးတလျောက် တိုက်ရိုက် ဝင်ရောက်နိုင်ရန် လမ်းပွင့် သွားပြီဖြစ်သည်ဟု ဆိုသည်။ ယခုအခါ လားရှိုး တွင် ရပ်ကွက် တခု ချင်း အလိုက် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

 

မင်းအောင်လှိုင်၏ လုပ်ရပ်သည် ဂုဏ်သိက္ခာ ကင်းမဲ့လွန်းသည် ဟု ဝေဖန်မှု များ မြင့်တက်လာချိန် တွင် ၎င်း၏ sidekick ဖြစ်သူ ဇော်မင်းထွန်းမှ ဆရာသမား၏ လုပ်ရပ်သည် ဖွဲ့စည်းပုံ နှင့် ညီကြောင်း ၊ ယာယီ သမ္မတ ဖြစ် သော်လည်း သမ္မတ အဖြစ် သာ ခေါ်ဝေါ် သုံးစွဲသွားမည် ဟု ဆိုသည်။

 

ထိုသို့ အမျိုးမျိုး လှည့်ပတ် ပြောဆိုနေခြင်းအား တရုတ် အစိုးရ မှ မည်သို့မျှ ဟုတ်ပါပေသည်၊ မှန်ပါပေသည်ဟု သံ‌‌ ‌ယောင် လိုက်၍ ရတော့မည့် အနေအထားမျိုး မဟုတ် တော့၍ မည်သို့မည်ပုံ တုန့်ပြန်လာမည်က စိတ်ဝင်စားဖွယ် ဖြစ်လာရသည်။

 

မင်းအောင်လှိုင်သည် တရုတ်၏ ခြေလှမ်းများကို စိတ်မချ၍ ဇူလိုင် ၃၁ အထိ မစောင့်ရဲတော့ပဲ လက်မြန် ခြေမြန် လှုပ်ရှားလိုက်ခြင်း ဖြစ်ပေမည်၊ ယခု အခါ သမ္မတ အဖြစ် ရောက်သွား၍ အတွင်းလူ များ အနေဖြင့် အာဏာ သိမ်းသည့် လုပ်ရပ်မှ တပါး ၎င်းအား ဖယ်ရှားနိုင်ရန် မလွယ်ကူတော့ပေ။

 

၎င်းဖာသာ သမ္မတ ခန့်သည့် လုပ်ရပ်ဖြစ်၍ မည်သူကိုမျှ ထောက်ခံရကောင်းလားဟု အပြစ်တင်စရာ လူမရှိ ဖြစ်သွားသည့် အပြင် အများ မျှော်လင့်သလို အခြေအနေကို စောင့်ကြည့်ကြပါဦး ဆိုကာ နားလှည့်ပါးရိုက် လုပ်မလာသည်ကပင် တော်လှန်ရေးကြီး အမြန် အောင်မြင်ရာ အောင်မြင်ကြောင်း ကြီးမားသော အထောက်အကူ ကြီး ဖြစ်လာရသည်။

 

မင်းအောင်လှိုင် သည်လည်း ၎င်း၏ တပ်သည် လက်နက် အင်အား သာလွန်နေ၍ မည်သို့မျှ မှုစရာ မလိုဟု ယူဆနေသော်လည်း အရှုံး နှင့် ဆက်တိုက် ရင်ဆ်ိုင် နေရပြီ ဖြစ်၍ ထိုအင်အားများသည် ၎င်းဖက်တွင် မည်မျှ ကြာကြာ ရပ်တည် ပေးသွားကြမည်လဲ ဟု နေ့စဉ် နှင့် အမျှ စိုးရိမ်နေရပြီ ဖြစ်သည်။

 

ဗုဒ္ဓဟူး နေ့ မှ တနင်္ဂနွေနေ့ အထိ ဗီယင်ကျန်း တွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေး အား မြန်မာဖက်မှ ရုံးအဖွဲ့မှုး သာသာ အဆင့်ရှိ အမြဲတမ်း အတွင်းဝန် ဆိုသူကိုသာ တက်ရောက်ခွင့် ပြုမည်ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!