Mytel မှ ဒေါ်လာ ၁. ၂ သန်းသုံး၍ အကောင့်တုများဖြင့် ပြိုင်ဖက်များကို အပုတ်ချဟု ဖေ့ဘုတ် အစီရင်ခံစာ ထုတ်ပြန်

by Hla Soewai - Mar 04 2020

Viettel နှင့် Mytel တို့မှ အသုံးပြုလျက် ရှိ သော အကောင့်တု များဟု သံသယ ရှိခြင်း ခံ ရသော အကောင့် ၁၃ ခုနှင့် စာမျက်နှာ ၁၀ ခု ပါဝင်ဖွဲ့စည်းထားသော ကွန်ယက်ကြီးကို ဖယ်ရှားခဲ့ပြီ ဖြစ်ကြောင်း နှင့် ထိုအကောင့်တု များဖြင့် ပြိုင်ဖက်များ အပေါ် အယုံအကြည်မဲ့စေရန် စုစုပေါင်း ဒေါ် လာ ၁. ၂ သန်း
သုံး၍ ကြော်ငြာခဲ့ကြောင်း ဖေ့ဘုတ်မှ ထုတ်ပြန်သော "အစစ်အမှန် မဟုတ်သော ပူးပေါင်း လှုပ်ရှားမှု အမူအကျင့်များ အစီရင်ခံစာ (Coordinated Inauthentic Behavior Report) တွင် ပါရှိလာခဲ့သည်။

 

ဖယ်ရှားလိုက်သော အကောင့်များနှင့် စာမျက်နှာများတွင် ဖေါ်လိုဝါ ၂၆၅,၀၀၀ ရှိသည်ဟု ဆိုသည်။

 

အဆိုပါ အကောင့်များသည် မည်သူနှင့်မျှ မပတ်သက်သော သုံးစွဲသူ များ အယောင် ဆောင်ကာ ပြိုင်ဖက်များအား အယုံအကြည် မဲ့စေရန် အပြင်းအထန်
ဝေဖန် ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြသည်။

 

ဖေ့ဘုတ်သည် ထိုကဲ့သို့သော အစီရင်ခံစာကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် လစဉ် ထုတ်ပြန်ကာ စီစစ် သွားမည် ဖြစ်သည်ဟုလည်း ဆိုသည်။

 

မြန်မာတွင် "လူမျိုးတုံး သတ်ဖြတ်ရန်" လှုံ့ဆော်ခဲ့မှုများတွင် မိမိတို့ ဆိုရှယ် မီဒီယာပလက်ဖောင်း အား အသုံးချ ခံခဲ့ရသည်ဟု ၂၀၁၈ ခုနှစ် အတွင်း ဖေ့ဘုတ်မှ ဝန်ခံခဲ့သည်။

 

ယခုအခါ မြန်မာပြည်အတွင်း ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်သဖြင့် လူထုအကြား အခြေအတင် အငြင်းအခုံ ဖြစ်လာစေရန် ရည်ရွယ်ပြီး စနစ်တကျ ကြိုးကိုင် လှုပ်ရှားလာမည့် ကမ်ပိန်းများကို အဓိကထား ဖေါ်ထုတ်သွား မည်ဟု ဆိုသည်။

 

ဖေ့ဘုတ်သည် ပို့စ်များကို စီစစ်ရန် လူအင်အား နည်းပါးလျက် ရှိနေဆဲ ဖြစ်ပြီး အသိညဏ်တု AI ဖြင့် အမုန်းစကား များ စီစစ် နိုင်စွမ်း အရည်အသွေး မြင့်မားလာခြင်း မရှိ သေးကြောင်း ဝေဖန်သူများက ထောက်ပြခဲ့ကြသည်။

 

သို့သော် ဖေ့ဘုတ်သည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ အတွင်း အိန္ဒိယ၊ အီရန်၊ အီဂျစ် နှင့် ရုရှား နိုင်ငံများရှိ အကောင့် ၄၆၇ ခု၊ အင်စတာဂရမ်
၁,၂၄၅ ခု ၊စာမျက်နှာ ၂၄၈ ခု နှင့် ဂရု ၄၉ ခုကို ဖယ်ရှားပြစ်နိုင်ခဲ့သည်ဟု ဆိုသည်။

 

("စည်းကမ်းပြည့်ဝသော" ဆိုသည့် စကားသည် မိမိတို့နှင့် ထိုက်တန်ပါ၏ လော ဆိုသည်ကို သေချာစွာ အရင် စီစစ် သုံးသပ်သင့်ပေသည်)

 

ကိုးကား၊။ ။ ZDNet.com