စာသင်ကျောင်း များ တိုက်ခိုက်မှု မှတ်တမ်း

by Hla Soewai - Aug 04 2024

အကြမ်းဖက် စစ်တပ်သည် အာဏာသိမ်းပြီး ချိန်မှစ၍ တက္ကသိုလ်များ အပါအဝင် စာသင်ကျောင်းများကို ၁၇၄ ကြိမ် ခန့် တိုက်ခိုက်ခဲ့ကြသည်ဟု ဗြိတိန် အခြေစိုက် Centre for Resilience အဖွဲ့ ပရိုဂျက် အတွက် စာရင်းပြုစု ပေးခဲ့သည့် Myanmar Witness အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

 

ယခုအခါ မြန်မာ လူငယ်လူရွယ် ‌လေး များသည် မျက်စိ ရှေ့မှောက်တွင် ၎င်းတို့၏ ဘဝ တိုးတက်ရာ တိုးတက်‌ ကြောင်း မျှော်လင့်ချက် များ နှင့် အတူ စာသင်ကျောင်းများ ပြာပုံဘဝ ရောက်သွားရသည်ကို တွေ့နေကြရသည်ဟု ဆိုသည်။

 

 

ယင်း၏ ရလဒ် အဖြစ် နောက် မျိုးဆက် လူငယ်များသည် မိမိတို့ အုပ်စုချင်း ညီညွတ်မှ ဖြစ်မည် ဆိုသော ဂိုဏ်းဂဏ ဝါဒ နှင့် စစ်ပွဲသည်သာ အရာရာ ကို ဆုံးဖြတ်သည်ဆိုသော အမြင် ဖြင့် လောကကြီးကို ရှူမြင်လာကြမည့် အန္တရာယ် ရှိနေသည်ဟု အဖွဲ့၏ ဒါရိုက်တာ မက် လောရင့်စ်က ထုတ်ဖေါ် ပြောဆိုခဲ့သည်။ 

 

ကိုဗစ် ဖြစ်ပွားလာခြင်း နှင့် စစ်ပွဲများကြောင့် နိုင်ငံ ရှိ ကလေး သူငယ် စုစုပေါင်း၏ တဝက်ခန့် ရှိသည့် ၇.၈ သန်းခန့်သည် စာသင်ကျောင်းများသို့ ရောက်မလာကြတော့ဟု လည်း ပါရှိသည်။ တိုက်ခိုက်မှု များ ကြောင့် သေဆုံးသွားသည့် က‌လေး သူငယ် ၆၄ ဦး နှင့် ဒဏ်ရာရသူ ၁၀၆ ဦး ရှိသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ကမူ အသက် ၁၈ နှစ်အောက် အရွယ် ၅၇၀ အပါအဝင် လူပေါင်း ၈,၀၀၀ ကျော် သေဆုံးနေပြီဟု ထုတ်ပြန်ထားသည်။

 

စစ်တပ်သည် မြေပြင်တွင် ဆက်တိုက် ဆိုသလို နယ်မြေ အများအပြား လက်လွှတ် ဆုံးရှုံးလာနေခြင်းကြောင့် လေကြောင်း မှ တိုက်ခိုက်မှု ကို ပို၍ အားကိုး လာနေသည့် အတွက် ဖြစ်သည်ဟု ပါရှိသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ မှ ဖွင့်လှစ်ထားသော ကျောင်းများ လည်း ရှိနေပြီး ကလေးများ အဖို့ မည်သည့် ကျောင်းကို တက်သည် ဖြစ်စေ နှစ်ဖက်စလုံး၏ ရန်ရှာခြင်း ကို ခံနေကြရသည်ဟု ထောက်ပြထားသည်။

 

နိုင်ငံ အတွင် လူလတ်တန်းစား များ တ‌ ဖြေးဖြေး ကွယ်ပျောက်သွား မှု နှင့် အတူ ၃၅ ရာနှုန်း ခန့်ရှိ ကလေးများသည် အစားအသောက် ချို့ချို့တဲ့တဲ့ဖြင့် နေထိုင်ကြရသည်ဟု ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့၏ ဇွန်လ အတွင်း ထုတ်ပြန်သော အစီရင်ခံစာ ထဲတွင် ဖေါ်ပြထားသည်။

 

၂၀၂၄ ဇန်နဝါရီ ၁၇ မှ ဖေဖေါ်ဝါရီ ၁၆ အတွင်း အမေရိကန် ရှိ အင်တာနေရှင်နယ် ရီပတ်ဘလီကင် အင်စတီကျု မှ ကောက် ယူ သော စစ်တမ်းများ အရ တိုင်းပြည်သည် လမ်းကြောင်း မှား အပေါ် ရောက်ရှိနေသည်ဟု ၆၄ ရာနှုန်း က ဆိုသည်၊ ပို၍ အံ့ဩဖိူ့ ကောင်းနေသည်က ၂၄ ရာနှုန်းသည် လမ်းကြောင်းမှန် ဖြင့် သွားနေသည်ဟု ဖြေဆိုခဲ့ကြခြင်း ပင် ဖြစ်သည်။ ကျန် ၁၂ ရာနှုန်းသည် ဘာပြောရမှန်း မသိဟု တုန့်ပြန်ခဲ့ကြသည် ဟု သိရသည်။

 

ထိုစစ်တမ်းအား အမေရိကန် အစိုးရ ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID အတွက် နိုင်ငံ အနှံ့ အသက်အရွယ် အပိုင်းအခြား၊ ကျေးလက် မြို့ပြ၊ လူမျိုးစု အလိုက် ခွဲခြား သတ်မှတ်ပြီး Computer-Assisted Telephone Interview (CATI) နည်း ဖြင့် လက်တန်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။

 

၈၀ ရာနှုန်းသည် ဒီမိုကရေစီသည်သာ မြန်မာ အတွက် အသင့်လျော်ဆုံး အုပ်ချုပ်ရေး ပုံစံ ဖြစ်သည် ဟု ဖြေဆိုပြီး ၅၇ ရာနှုန်းမှ တိုင်းရင်းသား နယ်မြေ အသီးသီး ကိုယ်ပိုင် အုပ်ချုပ်ရေး ရှိမည့် ဖက်ဒရယ် စနစ်သည် သာ အနာဂတ် မြန်မာ အတွက် အကောင်းဆုံး ရွေးချယ်မှု ဟု ယုံကြည်ကြသည်။

 

နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး တို့ တွင် အဖက်ဖက်မှ ခြွတ်ခြုံကျ‌နေသည်ကို မြင်တွေ့ နေပါလျက် တိုင်းပြည်သည် လမ်းကြောင်းမှန် ပေါ်သို့ ရောက်ရှိ နေပါသည်ဟု တုန့်ပြန်ခဲ့သူများကိုတော့ မည်သည့် ရည်ရွယ်ချက် မျိုး နှင့် ဖြေဆိုသည် ဖြစ်စေ အံ့ဩမိသည်။

 

ထိုစစ်တမ်းသည် အမေရိကန် အစိုးရ၏ စေခိုင်းချက် အရ ကောက်ယူခြင်း ဖြစ်ပြီး နိုင်ငံသားများ တွေးခေါ် မျှော်မြင်မှု နိမ့်ကျနေပြီဟု နိုင်ငံတကာမှ ယူဆစရာ ဖြစ်သွားခဲ့ရသည်။

 

သို့သော်လည်း ၈၀ ရာနှုန်းသည် ဒီမိုကရေစီ စနစ် အား ဆန္ဒ ပြင်းပြနေကြ၍ နိုင်ငံသား အများစု သည် ဒီမိုကရေစီ စနစ် သည်သာ ၎င်းတို့၏ အနာဂတ်ကို ဖန်တီးပေးနိုင် မည်ဟု ယုံကြည်နေကြကြောင်း အသိပေး တင်ပြထား၍ ‌တော်ပေသေးသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန် စစ် မုချ အောင်ရမည်!!!