ဂျာမန် အစိုးရမှ မြန်မာအား အကူအညီ ရပ်ဆိုင်း

by Hla Soewai - Mar 03 2020

ဖေဖေါ်ဝါရီ ၂၆ ရက်နေ့တွင် ဂျာမဏီ ဖွံ့ဖြိုးရေးဝန်ကြီး ဂတ် မူလာ မှ မြန်မာနှင့် ပြူလုပ် နေသော ဖွံ့ဖြိုးရေး ဆိုင်ရာ ပူးပေါင်းဆောင်
ရွက်နေမှုများ ရပ်ဆိုင်းတော့မည်ဟု ကြေငြာ ခဲ့ပါတယ်။

 

"ရိုဟင်ဂျာ" ဆိုသူ လူနည်းစုများ အပေါ် "လူမျိုးရေး သန့်စင်မှုများ" ပြုလုပ်နေခြင်း ကြောင့် ဖြစ်ပြီး ဒုက္ခသည် ခုနှစ်သိန်း ဘေး
ကင်းစွာဖြင့် ပြန်လာရေး အာမခံသည်အထိ ရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။

 

ရပ်ဆိုင်းခဲ့သည့် ငွေကြေး ပမာဏ အား ဂျာမန် ဝန်ကြီးမှ ထုတ်ဖေါ်ပြောဆိုခဲ့ခြင်း မရှိ သော်လည်း ဘင်္ဂလားဒေ့ရှ်တွင် ရှိနေသော
ဒုက္ခသည်များ အတွက် ယူရို ၁၅ သန်း (ဒေါ်လာ ၁၆.၅ သန်း) အကူအညီ ပေးသွားမယ်လို့ ဆိုပါတယ်။

 

မိမိတို့ "လက်မခံနိုင်သော ရာဇဝတ်မှုများ" အတွက် ထပ်မံပြီး စီးပွားရေး အရ ဒဏ်ခတ်သွားရန် စဉ်းစားနေတယ်လို့ လည်း ပြောသွား
ခဲ့ပါတယ်။ ထို့အထဲတွင် မြန်မာအစိုးရ နှင့် စစ်ဖက် အရာရှိကြီးများကို ဗီဇာ ထုတ်ပေးရေး ကန့်သတ်မှု နှင့် ကုန်သွယ်ရေး ဒဏ်ခတ်
ခြင်းများ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

 

သို့သော် ၂၀၁၈ နိုဝင်ဘာ ၂၀ ရက်နေ့ထုတ် မြန်မာတိုင်းမ် သတင်းစာ၏ ဖေါ်ပြချက်အရ ဂျာမန် အစိုးရမှ နိုင်ငံ၏ ရေရှည် တည်တံ့မည့်
စီးပွားရေး ဖွံ့ဖြိုးမှု နှင့် ကျေးလက် ဒေသများ တွင် အစားအသောက် နှင့် အဟာရ ဖူလုံစေရေးအတွက် ယူရို ၃၄.၅ သန်း (ဒေါ်လာ ၃၉ သန်း) အကူအညီ ပေးသွားဖို့ နေပြည်တော် တွင် အစိုးရချင်း သဘောတူညီချက် ရရှိသွားခဲ့ပြီ ဖြစ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ထို့အပြင် မြန်မာကျောင်းသား ‌၄,၀၀၀ ခန့် အဆင့်မြင့် သက်မွေး ပညာသင်ကျောင်းများတွင် တက်ရောက် ပညာသင်ကြားခွင့်များ ရရှိနေပြီး ရှမ်းပြည်နယ် ရှိ လ္ဘက်ခြောက် စိုက်ပျိုးသူများ လည်း ဥရောပ ဈေးကွက်များကို တင်ပို့ခွင့် ရရှိနေပြီ ဖြစ်တယ်လို့ ဂျာမန် အစိုးရ အထက်တန်းအရာရှိ တဦးက ပြောကြောင်း လည်း သတင်းစာမှာ ဆက်လက် ရေးသားထားခဲ့ပါတယ်။

 

၂၀၁၈ ခုနှစ် အတွင်း လူသားချင်း အကူအညီပေးရေး စီမံကိန်းများ အတွက် ယူရို ၆.၁ သန်း လျာထားပေးခဲ့တယ်လို့လည်း သိရပါတယ်။

 

ပုံတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ကူတာပလောင် ဒုက္ခသည် စခန်းသို့ ရောက်ရှိနေသော ဂျာမန်ဖွံ့ ဖြိုး ရေးဝန်ကြီး ဂတ် မူလာ ကို တွေ့နိုင်ပြီး
ထိုနေ့မှာပင် မြန်မာအား အကူအညီ ရပ်ဆိုင်းကြောင်း ကြေငြာခဲ့တာ ဖြစ်ပါတယ်။

 

ကိုးကား။ ။ Asia Times online/ Myanmar Times