အောင်ပွဲ ဆီသို့

by Hla Soewai - Jul 16 2024

ယခုအခါ အာဏသိမ်း တပ်များသည် မြစ်ကြီးနား၊ ဗန်းမော်၊ လားရှိူး မှသည် ဘင်္ဂလား ပင်လယ်အော် ဖက်ခြမ်း စစ်တွေ အစရှိသည့် နယ်ခြားဒေသ မြို့များမှ သည် လက်နက်ကြီးများ၊ တိုက်လေယာဉ်များ၊ လက်နက် အင်အား အပြည့် အစုံ ဖြင့် ကာကွယ်ထားသည့် မြို့ကြီးပြကြီး များကို အခိုင်အမာ ကာကွယ်နိုင်ရန် ဖြူ ကောင် များလို နောက်ပြန် ဆုပ် နေကြသည်ဟု မြန်မာ့စစ်ရေး လေ့လာသုံးသပ်နေသူ အန်သနီ ဒေးဗီစ် က အေးရှား တိုင်းတွင် ရေးသားထားသည်။

 

တိုင်းရင်းသား တော်လှန်ရေး တပ်များအား ရှစ်လ ဆက်တိုက် အရှုံးများ နှင့် ရင်ဆိုင်ခဲ့ရပြီး ဘေးကျပ်နံကျပ် ဖြစ်လာသော စစ်ကောင်စီ သည် မိမိ ခန္ဓာကိုယ်အား ဖြူ ကောင်များလို ဆူးများ နှင့် ကာရံထားမည် ဆိုသော မဟာဗျူဟာ ကို ကျင့်သုံးရန် ဆုံးဖြတ်လာကြခြင်းလည်း ဖြစ်သည်။

 

ထိုဗျူဟာ သည် ၎င်းတို့ ဆက်၍ အသက်ဆက်သွား နိုင်ရေး အတွက် အလုပ် ဖြစ်မဖြစ် ဆိုသည်ကိုမူ လာမည့် လ များ အတွင်း စောင့်ကြည့်သွားရမည် ဖြစ်သည်။ နိုင်ငံ အလယ်ပိုင်း တွင် ဖြူ ‌ကောင် ဗျူဟာ ကို သိသာထင်ရှားစွာ တွေ့မြင်လာခဲ့ရသည်။

 

ဇွန်လ ၂၅ ရက် နေ့မှစ၍ ပလောင်၊ တအောင်း တိုင်းရင်းသား တပ်များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များသည် စစ်ကောင်စီ တပ်များ အား မတ္တရာ နှင့် ပြင်ဦးလွင် ဖက်များ တွင် ထိုးစစ်ဆင်ခြင်းဖြင့် မန္တလေး ဖက်သို့ နောက်ပြန် ဆုပ်ရန် တွန်းတွန်းတိုက်တိုက် လုပ်လာကြသည်။

 

စစ်ကောင်စီ ဖက်က ထိုသို့ နောက်ပြန်ဆုပ်လာခြင်းသည် ဗျူဟာမြောက် တော့ မဟုတ်ပဲ ကသောင်းကနင်း နှင့် ဖြစ်နေသည်။ မည်သို့ပင် ဖြစ်‌ စေ ၎င်းတို့ အတွက် ဖြူကောင် ဗျူဟာသည် သုံးထပ်ကွမ်း အကျိုး များ ဖို့ ရှိနေသည်။

 

စစ်ရေးဖက်က ကြည့်မည်ဆိုလျင် တော်လှန်ရေး တပ်များကို ‌‌ တော တောင် များမှ ပစ်ကွင်း ကောင်းမည့် မြေပြန့်ဆီသို့ ဆင်းလာရန် စစ်မြူလိုက်ခြင်းဖြစ်သည်။ ထိထိရောက်ရောက် ပစ်ခတ်မည်ဆိုလျှင် တော်လှန်ရေး တပ်များဖက်မှ အကျအဆုံး များနိုင်ပေသည်။

 

နိုင်ငံရေး အရ လည်း ၎င်းတို့ အတွက် ထွက်‌ ပေါက် ရရန် စီစဉ်ထားသည့် ရွေးကောက်ပွဲ လုပ်နိုင်မည့် အနေအထား ရောက်အောင် မြို့ပြဒေသများကို ကျစ်ကျစ်လစ်လစ် ထိန်းချုပ် ထားနိုင်မည် ဖြစ်သည်။

 

ထိုရွေးကောက်ပွဲ သည် မည်မျှပင် အပြစ်အနာဆာ များ ရှိနေစေကာမူ အရပ်သား ပုံစံ အစိုးရမျိုး ပေါ်ပေါက်လာမည် ဖြစ်‌၍ သံတမန် ရေးအရ နိုင်ငံတကာ မှ စိတ်ပြန်လည်လာပြီး စေ့စပ်ဆွေးနွေးရေး စားပွဲ ဝိုင်းသို့ ၎င်းတို့ အား အပါခေါ် ခြင်းဖြင့် လက်ရှိ စစ်မြေပြင် တွင် ကျရှုံးနေမှု များကို ထေမိစေမည် ဖြစ်သည်။

 

သေချာသည်က တရုတ်၊ အိန္ဒိယ၊ ထိုင်း နှင့် အာဆီယံသည်လည်း အချိန်ဆိုင်း မနေတော့ဘဲ လုံချည် ပြောင်း ဝတ်လာမည့် စစ်ဗိုလ်ချုပ်များကို အသိအမှတ် ပြုပြီး ဆက်သွယ်လာကြမည် ဖြစ်သည်၊ ထိုသို့ တဖြေးဖြေး နှင့် ၎င်းတို့၏ ချည်းကပ်မှု များ အရှိန်ရလာပါက အနောက်အုပ်စုလည်း အလိုလို နောက်က လိုက်လာကြမည် သာ ဖြစ်သည်။

 

အဓိက ထွက်ပေါ်လာမည့် မေးခွန်းသည်က ၎င်းတို့ ထိုသို့ အနေအထားမျိုး ရောက်လာသည့် အချိန်အထိ လက်ရှိ စစ်ရေး အနေအထားများက ခွင့်ပြုမည်လား ဆိုသည်ပင် ဖြစ်သည်။

 

၂၀၂၄ မိုးရာသီ ရောက်လာချိန်တွင် ထိုအမေးအား ပြတ်ပြတ်သားသား အဖြေပေးမည်ဆိုက ရူးသွပ်ရာ ကျပေလိမ့်မည်။ စစ်တပ်သည် ဝိုင်းပတ် ခံနေရပြီး ပင်ပန်း နွမ်းနွယ်လာကြသည့် အပြင် စစ်အင်အား ကိုလည်း န‌ည်းနည်း နှင့် ကျဲကျဲ အသုံးပြုနေရသည်၊ တော်လှန်ရေး အင်အားစု များဖက် က ဆက်ပြီး ထိုးစစ် ဆင်နေဦးမည်သာ ဖြစ်၍ ၎င်းတို့ ကျဆုံးခန်းသည် တချိန်မဟုတ် တချိန် မလွဲမသွေ ရောက်လာမည်သာ ဖြစ်သည်။

 

ဗီယက်နမ်၊ ကမ္ဘောဒီယား နှင့် အာဖဂန်နစ္စတန် တွင် မည်သို့မည်ပုံ အဆုံးသတ်သွားသည်က သက်သေခံနေပေသည်။ ပြည်ပ ထောက်ခံမှု နှင့် လက်နက် အပြည့်အစုံ တပ်ဆင်ထားသော ထိုနိုင်ငံရှိ စစ်တပ်များသည် နေရာပေါင်းစုံ မှ မနားတမ်း ထိုးစစ်ဆင်လာနေသည်ကို တဖြေးဖြေး နှင့် ကျဉ်းမြောင်းလာနေသော မြို့ပြ ဒေသများကို ကာကွယ်ရင်း ပြိုလဲ ကျဆုံးသွားခဲ့ရသည် ချည်းသာ ဖြစ်သည်

 

၎င်းတို့ကဲ့သို့ပင် ဖက်ဒရယ် ဒီမိုကရေစီ အင်အားစုများဖက်က အောင်ပွဲ ခံလိမ့်မည်ဟု တပ်အပ်သေချာ မပြောနိုင်ပြန်ပေ။ လူထု ၏ တခဲနက် ထောက်ခံမှု ဖြင့် ပေါ်ထွက်လာသော "နွေဦးတော်လှန်ရေး" သည် တော်လှန်ရေး အောင်မြင်ရန် အရေးကြီးဆုံး လိုအပ်နေသည့် ရှေ့မှ ဦးဆောင်မှု ပေးနိုင်မည့် နိုင်ငံရေး အဖွဲ့အစည်း မျိုး မရှိသေးသည့် အချက်ပင် ဖြစ်သည်။ ထိုကဲ့သို့‌ သော အဖွဲ့သည် လူထု အပေါ် ဩဇာ ‌ညောင်းနိုင်မည့် ခေါင်းဆောင်မှု မျိုး နှင့် မဟာဗျုဟာ ကျကျ ရှေ့နောက် ဆီ‌လျော်မှု ရှိသည့် လမ်းကြောင်း အတိုင်း စိတ်အား တက်ကြွလာအောင် ဆော်ဩ နိုင်ရမည် ဖြစ်သည်။ ပြည်ပမှလည်း ရုပ်ဝတ္ထု ပိုင်းအရ ရော၊ သံတမန်ရေး အရ ပါ ထောက်ခံ မှု ပေးရန်လည်း လိုအပ်နေသည်။

 

ထိုသို့သော အနေအထားတွင် ပုံသေ မထားပဲ ပြောင်းလဲ ကျင့်သုံးသွားနိုင်မည့် အဓိက အချက် နှစ်ချက်ဖြင့် စစ်ပွဲလားရာကို ပုံဖေါ်နိုင်ဖို့ မဖြစ်မနေ အရေးကြီးလာပြီ ဖြစ်သည်။ ယင်းကို ယခုအခါ မတွေ့ရသေးသော်လည်း ၂၀၂၅ နှစ်ဆန်းတွင် ရုပ်လုံး ပေါ်လာတော့မည် ဖြစ်သည်။

 

ပထမ ဆုံး အရေးပါလာသည်က စစ်ကောင်စီ၏ ဖြူကောင် ဗျူဟာကို တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍ သော်၎င်း မည်သို့ မည်ပုံ ကိုင်တွယ်သွားရ မည် ဆိုသည်နှင့် ဆက်စပ်နေသည်။

 

တိုက်ရိုက် ကိုင်တွယ်ချင်း ဆိုသည်မှာ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်များ၊ သို့မဟုတ် သီးခြား အဖွဲ့များသည် မြိုပြဒေသများကို ဝင်ရောက်တိုက်ခိုက်ခြင်းမျိုး ဖြစ်သည်။ NUG ၏ ကာကွယ်ရေး ဝန်ကြီးဌာနသည် ထိုသို့ လုပ်နိုင်ရန် အရင်းအမြစ်များ နှင့် ကွပ်ကဲ ထိန်းချုပ်နိုင်စွမ်း ချို့တဲ့နေသည်ကို ထေမိစေရန် "တနှစ်အတွင်း အောင်ပွဲဆီသို့" ဟု ကြွေးကြော်သံဖြင့် အစားထိုးလာခဲ့သည်။ စစ်ရေး အတွေ့အကြုံ လိုအပ်နေဆဲ ဖြစ်သည့် ကာကွယ်ရေး ဝန်ကြီး ဌာနသည် ထိုရည်မှန်းချက် အတွက် ရှေ့ဆက် တွန်းနိုင်ဖွယ် မရှိ။

 

သွယ်ဝိုက် ကိုင်တွယ်ချင်း မျိုးသည်က လက်ရှိတွင် အင်အား လျော့နည်းနေပြီး နွမ်းနွယ် နေကြပြီ ဖြစ်သည့် စစ်ကောင်စီ တပ်များကို ဝင်ရောက် သပ်လျို သွေးခွဲ ခြင်းမျိုး ဖြစ်သည်။ မြို့ပြဒေသများ အား ဆက်သွယ်ထားသည့် ကားလမ်း၊ ရထားလမ်း၊ ရေကြောင်း လမ်းများ အစရှိသည့် ဆက်သွယ်ရေး လမ်းကြောင်းများအား စစ်ရေး ရည်မှန်းချက် အဖြစ် ထားရှိ တိုက်ခိုက် မည်ဆိုက ပူးပေါင်း ညှိနှိုင်းခြင်းမျိုးသည် မဆိုသလောက်သာ လိုအပ်ပေသည်။

 

ယင်းသည် မြို့ပြ ဒေသများသို့ ဦးတည်မည့် စစ်ပွဲများ မတိုင်မီ ရှေ့ပြေး လည်း ဖြစ်သည်။၊ ထိုမြို့ကြီးများ အတွက် ထောက်ပံ့ရေး လမ်းကြောင်းကိုသာ ပိတ်ဆို့ နိုင်မည် ဆိုက မြို့ပြ စစ်ပွဲများကိုပင် ရှောင်ရှားနိုင်မည် ဖြစ်သည်။ လေ့လာကြည့်မည် ဆိုက ဆိုင်ဂုံ၊ ဖနွမ်ပင် နှင့် ကဘူးမြို့များသည် မယ်မယ်ရရ တိုက်စရာ မလိုပဲ တော်လှန်ရေး အဖွဲ့ များက သိမ်းယူ နိုင်ခဲ့သည် ကို တွေ့ရမည် ဖြစ်သည်။

 

နိုင်ငံ အလယ်ပိုင်း မြေအနေအထားသည် ထိုသို့သော ဗျူဟာ အတွက် အကွက်အကွင်း ကောင်းများ ဖန်တီးပေးနေသည်။ တောင် နှင့် မြောက် ဆက်သွယ်‌ ရေး လမ်း‌ ကြောင်းဖြစ်သည့် ဧရာဝတီ နှင့် စစ်တောင်း ချိုင့် ဝှမ်း ဒေသများအား ရခိုင် ရိုးမ နှင့် ချင်းတောင်တန်းများက ဝိုင်းရံပေးထားသည်၊ အရှေ့ဖက်တွင် နိုင်ငံ၏ ကျောရိုးမ ကြီးလို ဖြစ်နေသည့် ပဲခူး ရိုးမ နှင့် ကရင် တောင်တန်းများ ရှိနေသည်။

 

ထို‌ဒေသများရှိ ၎င်းတို့၏ အဓိက လောင်စာဆီ နှင့် လက်နက်ခဲယမ်းများ ထောက်ပို့ရာ လမ်းတလျောက် တွင် ရန်သူ အင်အား ပြုန်းတီးသွားအောင် အမှည့်ခြွေ ခြွေနိုင်ရန် တပ်ဖွဲ့ငယ်များဖြင့် hit-and-run ပုံစံ ဖြင့် အနှောက်အယှက် ပေးသွားရမည် ဖြစ်သည်။ ထိုအခါတွင် စစ်ကောင်စီသည် ထိုလမ်းမကြီးများကို အရင် ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းရင်း က ပွင့်သွားလိုက် ပိတ်သွားလိုက် နှင့် အားအင် ကုန်ခမ်းကာ အကျအဆုံးလည်း များလာမည် ဖြစ်သည်။ တဖက်တွင်လည်း အရေးမပါသော လမ်းများကို မကာကွယ် နိုင်တော့သဖြင့် အနီးအနားရှိ မြို့ငယ်များကို မိမိတို့ဖက်မှ ထိန်းချုပ်လာနိုင်မည် ဖြစ်သည်။

 

အထက်တွင် ဖေါ်ပြခဲ့သော ဗျူဟာမျိုးသည် ပြီးခဲ့သည့် ပွင့်လင်းရာသီ အတွင်း အတိုင်းအတာ တခုအထိ အကောင်အထည် ဖေါ်နိုင်ခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် တနင်္သာရီ ကမ်းရိုးတန်းဒေသနှင့် ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-မန္တလေး ရထားလမ်း တလျောက်ရှိ ‌ဒေသများတွင် တွေ့လာရသည်။

 

လာမည့် လများ တွင်တော့ ထိုမျှ လောက် နှင့် မဖြစ်တော့ပဲ ရက်ပေါင်း အတန်ကြာ ထိန်းထားနိုင်မည့် စစ်အင်အား မျိုး ထုတ်နှုတ် အသုံးချရတော့မည်။ ရည်မှန်းချက် အောင်မြင်သည်နှင့် အနီးအနားရှိ တောင်တန်းများဖက် တဖန် ကိုယ်ရောင်ဖျောက်သွားကာ အခြား တနေရာတွင် အလားတူ ထပ်လုပ်နိုင်ရမည်။

 

ဒုတိယ ကမ္ဘာစစ် အတွင်း အိန္ဒိယဖက် စစ်ချီလာသော ဂျပန် ဘုရင့် တပ်အား ဗြိတိသျှ တို့၏ ချင်းဒစ် စစ်ကြောင်းသည် စစ်ကိုင်းတိုင်း အင်းတော်ဒေသ တဝိုက် တွင် ၎င်းတို့၏ ထောက်ပံ့ရေး လမ်းကြောင်းကို ဖြတ်တောက် ပစ်နိုင်ခဲ့သည်။

 

ဒုတိယ သွယ်ဝိုက် နည်းလမ်း တခုသည်ကား ပြန်၍ သိမ်းယူရန် အင်အား မသုံးနိုင်တော့မည့် အနီးအနား မြို့များအတွင်း ဖိအားများ ပေးခြင်း၊ စစ်ကောင်စီ ကြောင့် အထွေထွေ ကျပ်တည်းမှု များ ဖြစ်လာ၍ ဂဏှာမငြိမ် ဖြစ်လာနေသော မြို့ပြ များအတွင်း ပျောက်ကြား တိုက်ပွဲများ ဖေါ်ဆောင်ခြင်းဖြင့် မတည်မငြိမ် ဖြစ်အောင် ဖန်တီးရမည် ဖြစ်သည်။

 

လိုသလို ပြောင်းလဲ ကျင့်သုံး နိုင်သည့် ဒုတိယ အချက် ဆိုသည်ကား ကချင်၊ ကရင်၊ တအောင်း နှင့် ရက္ခိုင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ ၎င်းတို့၏ ရပ်တည်ချက်ကို မကြာမီ မဖြစ်မနေ ဆုံးဖြတ်ဖို့ လိုအပ်လာပြီ ဖြစ်သည်။

 

အာဏာ ကို ဆုပ်ကိုင်ထားမည် နိုင်ငံ အလယ် ဗဟို တွင် နေထိုင်ကြသည့် ဗမာ တို့နှင့် မိမိတို့ လူမျိုး များ အတွက်လည်း အကျိုးရှိရာ ရှိကြောင်း ဖြစ်စေမည့် ဆက်ဆံရေး မျိုး ရအောင် မည်သို့ သော ပုံစံမျိုး နှင့် ချည်းကပ် သွားမည်လဲ ဆိုသည့် ဆုံးဖြတ်ချက် မျိုး ပင် ဖြစ်သည်။

 

ရွေးချယ်စရာ တခုသည်ကား မဟာမိတ် ဖြစ်နေသော ပြည့်သူ့ကာကွယ်ရေး တပ်များအား သင်တန်းပေးခြင်း၊ အကြံဉာဏ်များပေးခြင်း၊ လက်နက် ခဲယမ်းများ ထောက်ပံ့ပေးခြင်း အစရှိသည့် နည်းများဖြင့် PDF တို့၏ သွယ်ဝိုက် ဗျုဟာကိုလည်း အားပြင်းလာအောင် မီးထိုးပေးရာ ရောက်သည့် အပြင် ၎င်းတို့ နှင့် ရင်ဆိုင်‌ နေသည့် စစ်ကောင်စီကို လည်းအားပျော့သွားစေသည်။ နောက်ဆုံးတွင် NUG ၏ ကြားဖြတ် အစိုးရ တွင် လည်း ပါဝင်လာနိုင်မည် ဖြစ်သည်။

 

နောက်ထပ် ရွေးချယ်စရာ တခုက NUG အစား စစ်ကောင်စီ နှင့် တရားဝင် ဆက်ဆံရေးမျိုး ဖြင့် စစ်မြေပြင် တွင် သိမ်းယူ ထားနိုင်သော ‌နယ်မြေ များ တွင် ကိုယ်ပိုင် အုပ်ချုပ်ရေး တည်ထောင် သွားရန် ပင် ဖြစ်သည်။ သို့သော် အားပျော့နေပြီ ဖြစ်‌ သောစစ်တပ် ကို ဒီအတိုင်း လွှတ်ပေးထားပါက နောက်တချိန် ဗဟို မှ ချုပ်ကိုင်လာမည့် အန္တရာယ် ကိုတော့ ထည့်တွက်ရမည် ဖြစ်သည်။

 

၎င်းတို့၏ အနေအထားကို ၂၀၂၄ နှစ်ကုန်ပိုင်း မရောက်ခင် ပြတ်ပြတ်သားသား သိလာရဖို့ ရှိနေသည်။

 

ထိုသို့ လိုလျင်လိုသလို ပြောင်းလဲ ကျင့်သုံးလာမည့် အရေးသည် စစ်တပ်၏ အာချီလီ သံဖနောင်ကြီး လို ဖြစ်နေသည့် တပ်အင်အား မလုံမလောက် ဖြစ်လာနေမှု နှင့်အတူ မီးစင်ကြည့် က ကြရတော့မည် ဖြစ်သည်။ ယခုအခါ တပ်ရင်းတရင်းသည် ဖွဲ့စည်းပုံ အပြည့် ၈၂၇ ဦး အစား ၂၀၀ ခန့်သာ ရှိတော့သည်။

 

ဝီကီပီဒီယာ တွင် ထည့်သွင်းလိမ်ညာထားသည့် ၃၅၀,၀၀၀ မှ ၄၀၀,၀၀၀ အထိ ရှိသည် ဆိုသည်မှာလည်း ၎င်းတို့ မကြာမီက အတင်းအကျပ် စစ်သား စုဆောင်းလာခြင်း ကြောင့် ဗူးပေါ်သလို ပေါ်သွားခဲ့ရသည်။

 

၎င်းတို့၏ အမှန်တကယ် အင်အားသည် ပြည်တွင်း ပြည်ပမှ ယုံကြည်ရလောက်သည့် လေ့လာဆန်းစစ်ချက်များအရ ၇၀,၀၀၀ မှ ၉၀,၀၀၀ ကြားသာ ရှိနေသည်။

 

ထို့ပြင် အတင်း အဓမ္မ စုဆောင်း၍ ရသော လူများသည် စစ်ရေး အတွေ့အကြုံ မရှိသည့်အပြင် ၎င်းတို့ အတွက် ရှေ့တန်းတွင် စိတ်ပါလက်ပါ တိုက်ကြပါ့မလား ဆိုသည့် စိုးရိမ် မကင်း ဖြစ်စရာ အန္တရာယ်ကြီး နှင့် ရင်ဆိုင်နေရသည်။

 

တော်လှန်ရေး အဖွဲ့များ အနေဖြင့် ဖြူကောင်လို ဆူးများ ထုတ်ကာ အစွမ်းကုန် ခုခံမည့် စစ်ကောင်စီ၏ မြို့ကြီးများထက် ဆက်သွယ်ရေး နှင့် ထောက်ပို့ လမ်း ‌ကြောင်းများကို ယခုနှစ်အတွင်း အာရုံထား တိုက်ခိုက်သွား နိုင်မှသာ ၎င်းတို့၏ စစ်အင်အား ချို့တဲ့နေမှု ပြဿနာ ပိုမို ကြီးထွားလာရန် မီးထိုး ပေး သလို ဖြစ်လာနိုင်ပေလိမ့်မည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!