စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု စံချိန်တင် မြင့်တက်လာ

by Hla Soewai - Jul 16 2024

စစ်ကောင်စီ လေတပ် ၏ တိုက်ခိုက်မှု များ အား နေ့စဉ်လို စောင့်ကြည့်မှတ်တမ်းတင်နေသော မြန်မာ ပြည်ရှိ ဉာဏ်လင်းသစ် သုတေသီ အဖွဲ့မှ ဇန်နဝါရီ နှင့် ဧပြီလ အတွင်း တနိုင်ငံလုံးတွင် အကြိမ်ပေါင်း ၈၁၉ ကြိမ် တိုက်ခိုက်ခဲ့ရာ အရပ်သား ၃၅၉ ဦး သေဆုံးပြီး ၇၅၆ ဦး ဒဏ်ရာ ရရှိသွားသည်ဟု စာရင်းဇယား နှင့် တကွ အတိအကျ ထုတ်ပြန်လာခဲ့သည်။

 

ထိုစာရင်း ဇယား အရ တနေ့လျှင် ပျမ်းမျှ ခုနှစ်ကြိမ် ခန့် အပြစ်မဲ့ ပြည်သူများ အပေါ် ကောင်းကင်မှ သေမင်း တမန် ဗုံးများ ကြဲချနေခြင်း ဖြစ်သည်ဟု ပြော၍ ရပေသည်။ ထိုနှုန်း အတိုင်း ဆက်သွားမည် ဆိုလျှင် ၂၀၂၄ နှစ်ကုန် တွင် အကြိမ်ပေါင်း ၂,၄၀၀ အထိ ရှိလာမည် ဖြစ်ပြီး အရပ်သား များ သေဆုံးမှု သည် ၁,၀၀၀ ပတ်ဝန်းကျင် အထိ ဖြစ်လာနိုင်သည်ဟု သတိပေးချက် ထုတ်ပြန်လာကြောင်း နစ်ကီ အေးရှား ရီဗြူး တွင် ရေးသားထားသည်။

 

အဆိုပါ ထုတ်ပြန်ချက်ကြောင့် မြန်မာ စစ်တပ် ထံ ဂျက် လေယာဉ်ဆီများ ‌မရောက်ရန် အမေရိကန် ဦးဆောင်သော နိုင်ငံတကာ၏ ကြိုးပမ်းမှု များ အောင်မြင် မှု မရှိသည်ကို ပြဆိုနေပေသည်။

 

မင်းအောင်လှိုင်မှ ထိုသို့ ၎င်းပိုင် လေတပ်၏ တိုက်ခိုက် နိုင်မှု အား ဒီဇင်ဘာလ အတွင်း က ဂုဏ်ယူ ဝင့်ကြွားစွာ ဖြင့် ထုတ်ဖေါ်ချီးကြူးသွားခဲ့သည်။

 

"လေသူရဲများသည် အသက်ကို ရင်း၍ စွန့်စွန့်စားစားဖြင့် ရန်သူကို စွမ်းရည်ပြောင်မြောက်စွာ ထိထိရောက်ရောက် ချေမှုန်း နိုင်ခဲ့သည်ဟု ဆိုသည်။

 

ထိုသို့ မအောင်မြင်ခဲ့ရခြင်း မှာလည်း နိုင်ငံ အနည်းငယ်ကသာ ပိတ်ဆို့ခဲသည့် အပြင် ပစ်မှတ်ထား အရေးယူသော ကုမ္ပဏီသည်လည်း အနည်းငယ်သာ ရှိနေခြင်းကြောင့် ဖြစ်သည်။

 

စစ်ကောင်စီသည် တရုတ် အလံတင် သင်္ဘောများ သုံး၍ ဗီယက်နမ် ကုမ္ပဏီများ မှ တဆင့် လေယာဉ် ဆီများ တင်သွင်းနေသည်။ ဒီဇယ် နှင့် ဓါတ်ဆီများအား စင်္ကာပူ မှ အဓိက တင်ပို့ပေးနေသည်။ ယခင်က လေယာဉ် ဆီ ပါ တင်ပို့ပေးနေသော်လည်း ဘဏ်လုပ်ငန်း များ ကန့်သတ်လာသဖြင့် ထိုင်း သည် စင်္ကာပူ၏ နေရာ ဝင်ယူလာခဲ့သည်။

 

ရန်ကုန် ရှိ Swan Energy မှ တလ လျှင် ဂျက်လေယာဉ်ဆီ တန်ချိန် ၁၀,၀၀၀ ခန့် တင်သွင်းနေသည်ဟု ကုမ္ပဏီ ဝက်ဆိုက် တွင် ဖေါ်ပြထားပြီး မေလ ၃၀ တွင် ကုလ မှ စုံစမ်းသိရှိသွားသောကြောင့် ဖြုတ်ချသွားခဲ့သည်။

 

ထိုသို့ ဝိသမ လောဘ တိုက်ကာ လေယာဉ်ဆီများ အား အဆင်ခြင်မဲ့ တင်ပို့ ရောင်းချ နေမှု များကို ဇူလိုင် ၈ ရက်နေ့ တွင် ထုတ်ပြန်လိုက်သော နိုင်ငံ တကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီး၏ အစီရင်ခံစာ တွင် ပြစ်တင် ရှုတ်ချထားခဲ့သည်။

 

လေကြောင်း တိုက်ခိုက်မှု အရှိန်မြင့်လာနေခြင်းကပင် ၎င်းတို့ ရှူံးနိမ့်လာနေပြီကို ပြဆိုနေခြင်းလည်း ဖြစ်သည်။

 

ယခုအခါ ရက္ခိတ တပ်တော်မှ ကမ္ဘာကျော် အပန်းဖြေ စခန်းရှိရာ သံတွဲ လေဆိပ်ကို သိမ်းယူ နိုင်ခဲ့မှု နှင့် အတူ တိုက်ပွဲ များ တွင် စစ်ကောင်စီ တပ်သား ၄၀၀ ခန့် သေဆုံးသွားပြီး လက်နက် ခဲယမ်း ‌အ‌ မြောက် အမြား ရရှိခဲ့သည် ဟု အတည်ပြုခဲ့သည့် သတင်းသည် နိုင်ငံတကာ သတင်း စာမျက်နှာ များသို့ တမဟုတ်ချင်း ပျံ့နှံ့သွားခဲ့သည်။

 

နိုင်ငံ၏ အရှေ့မြောက်ဒေသတွင် TNLA နှင့် MNDAA တပ်များက လားရှိုး နှင့် တွင်းထွက်ရတနာ များ ထွက်ရှိရာ မိုးကုတ် ကို သိမ်းယူနိုင်ရန် ထိုးစစ် ဆင်လျက် ရှိသည်။

 

လားရှိုး ကိုသာ သိမ်းယူနိုင်ခဲ့က စစ်တပ် အဖို့ အကြီးအကျယ် ထိုးနှက်ခံရခြင်း ဖြစ်ပြီး ၎င်းတို့ အကြား အနေအထား များ ရှုပ်ထွေးလာတော့မည်ဟု နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာန ၏ အရှေ့တောင် အာရှ နှင့် နိုင်ငံခြားရေး ရာ မူဝါဒ ရေးရာ သုတေသီ မောဂန် မိုက်ကယ်က ပြောလာခဲ့သည်။

 

MNDAA တပ်များသည် တနင်္ဂနွေ နေ့ ည ၇ နာရီ ခန့်တွင် လားရှိူး မြို့ အနီး နမ်ပေါင်ရွာ ရှိ ခမရ ၅၀၇ တပ်ရင်း ဌာနချုပ်ကို သိမ်းယူ နိုင်လိုက်ပြီ ဖြစ်သည်။

 

လက်ရှိ တွင်ပင် လားရှိုး မြို့ခံများ သောင်းချီ၍ မြို့ကို စွန့်ခွာ ထွက်ပြေးနေကြသည့် သတင်းဓါတ်ပုံ များက လားရှိုး၏ လက်ရှိ အနေအထားကို ပြဆိုနေပြီ ဖြစ်သည်။ အလံဖြူ ထောင်ကာ စစ်ရှောင်လာကြသော ထောင် နှင့် ချီသည့် ကားများ နောင်မွန် ရွာ အနီး တွင် ပိတ်မိနေသည်။ (ပုံတွင် ရှု)

 

စစ်ကောင်စီ ဒု ခေါင်းဆောင် စိုးဝင်းသည်လည်း လုံခြုံရေး ဆိုင်ရာ ကိစ္စများ ဆွေးနွေးရန် တရုတ်ပြည်သို့ ရောက်ရှိနေပြီး တရုတ် ခေါင်းဆောင်များ နှင့် အပူတပြင်း အပေးအယူ လုပ်နေလောက်ပြီ ဖြစ်သည်။

 

လက်ရှိအနေအထားသည် စစ်အောင်နိုင်ရေး ထက် ဆက်‌၍ ရပ်တည်သွားနိုင်ရေး အတွက် ပြောဆိုနေကြရပြီ ဖြစ်၍ လိုချင်သမျှ ပေးရမည့် အဖြစ်ကို မည်သူမျှ ကန့်ကွက် ပြောဆိုရဲကြတော့မည် မဟုတ်ပေ၊ မင်းအောင်လှိုင်၏ မှုစရာမလို စိတ်အေးလက်အေး ရှိနေဟန် ဆောင်သည့် အပြုံး များအားလည်း ယခု အခါ မည်သူမျှ ဘဝင်မကျတော့ပြီ ဖြစ်၍ ဆိုးကျိုး များပင် ဖြစ်လာနိုင်သည်။

 

မင်းအောင်လှိုင်၏ ခြောက်လ သက်တမ်းသည်လည်း ယခုလကုန် တွင် ကုန်ဆုံးတော့မည် ဖြစ်ရာ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေပါသည်ဟု စိုးဝင်းသည် တရုတ်အား နားချဖို့ ရှိ‌နေသည်ဟု သတင်းများက ဆိုသည်။ ‌တရုတ် သည် ရွေးကောက်ပွဲ မြန်မြန် လုပ်နိုင်လေ မင်းအောင်လှိုင်အား အမုန်းကြီး မုန်း နေသော မြန်မာလူထု သည် အခြေအနေများကို စောင့်ကြည့်လာမှု နှင့် အတူ တော်လှန်ရေး အရှိန်လည်း ကျဆင်းသွားမည်ဟု ယုံကြည်နေသည်။

 

လက်ရှိတွင် မိုးကုတ်၊ သံတွဲ ကဲ့သို့ စီးပွားရေး အချက်အခြာ နေရာများ ထပ်မံ ဆုံးရှုံးသွားခြင်းသည် စစ်ကောင်စီ အဖို့ အလွန် အမင်း လိုအပ်‌ နေသော ဝင်ငွေ ရရာ ရကြောင်း လမ်း ဖြတ်‌ တောက် ခြင်း ခံလိုက်ရခြင်း ဖြစ်‌၍ နူရာဝဲစွဲ လဲရာသူခိုးထောင်း အဖြစ် နှင့် ရင်ဆိုင်လိုက်ရခြင်းပင် ဖြစ်သည်။ 

 

မြန်မာရေးရာ အထူး အကြံပေး ကောင်စီ၏ အစီရင်ခံစာ တွင် အခြေအနေများသည် "ပိုမို လျင်မြန်သော နှုန်းဖြင် တော်လှန်ရေး ဘက်တော်များအား မျက်နှာသာ ပေးလာနေပြီ" ဟု ပါရှိလာခဲ့သည်။ တော်လှန်ရေး တပ်ပေါင်းစု များသည် ပို၍ အား တက် နေကြပြီး မန္တလေး ဒေသကြီး အတွင်းသို့ပင် ထိုးဖေါက် တိုက်ခိုက်လာနေကြပြီ ဖြစ်သည်။ စဉ့်ကူ၊ ပုလဲ၊ မတ္တရာ ဒေသ များ တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိနေသည်။ စဉ့်ကူး တွင်တပ်စခန်း ၁၁ ခု သိမ်းမိပြီး၊ ဒုဗိုလ်မှူးကြီး ၁ ဦး ဖမ်းမိကြောင်း မန္တလေး PDF မှ ဓါတ်ပုံများနှင့် တကွ သတင်း ထုတ်ပြန်လာခဲ့သည်။

 

ယခုအခါ မိုးကုပ် အနောက်ခြမ်းကို အုပ်စီး နိုင်ခဲ့ပြီ ဖြစ်၍ ရှမ်းမြောက် ဒေသမှ လက်နက် သယ်ယူ ရေး အတွက် လမ်းကြောင်းလည်း ပွင့်သွားပြီ ဖြစ်သည်ဟု မောဂန် မိုက်ကယ်က ဆိုသည်။

 

စစ်ကောင်စီ သာ နူရာဝဲစွဲ လဲရာသူခိုးထောင်း အဖြစ် နှင့် ကြုံနေရသည် မဟုတ်၊ ရန်ကုန် မြို့နေ လူထု လည်း ကာလဝမ်းရောဂါ ၏ ခြိမ်းခြောက်ခံရမှု နှင့် ကြုံလာရပြီ ဖြစ်သည်။ ယင်းနှင့် အတူ လူ ၄ ဦး သေဆုံး ခဲ့ပြီ ဆိုသော သတင်း များလည်း ထွက်ပေါ်လာခဲ့သည်။

 

အထူးသဖြင့် သာကေတ နှင့် ဒေါပုံ မြို့နယ် များ တွင် ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်ဟု သတင်းများက ဆိုသည်။

 

စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနမှ ရန်ကုန် တွင် ဇူလိုင် ၆-၇ အတွင်း လူနာ ပေါင်း ၁၀၇ ဦးအား လက်ခံကုသပေးခဲ့ရသည်ဟု ဆိုနေသည့်ကြားမှ ပြောခွင့်ရ ဇော်မင်းထွန်းက သေဆုံးသည် ဆို‌ သောသတင်းများကို မဟုတ်မမှန်ဟု ငြင်းဆိုသွားပြန်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!