လားရှိုး သိမ်းအောင်

by Hla Soewai - Jul 08 2024

ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့သည် ရှမ်းပြည် မြောက်ပိုင်း မြို့တော် ဖြစ်သော လားရှိုးကို သိမ်းပိုက် နိုင်ရန် ထိုးစစ်ဆင်လျက် ရှိရာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိနေသည်။

 

လွန်ခဲ့သည့် နှစ်က ထိုသို့သော အနေအထား အထိ ဖြစ်လာရန် တော်လှန်ရေး တပ်များ အဖို့ စိတ်ကူးထဲတွင်ပင် မထည့်သင့်သေးသော အရာဟု မှတ်ယူ ထားကြမည်သာ ဖြစ်သည်။

 

သို့သော် စစ်ကောင်စီ အကြီးအကဲ၊ ကာကွယ်ရေး ဦးစီး ချုပ် အဖြစ် စီမံခန့်ခွဲနေသော မင်းအောင်လှိုင် လက်ထက်တွင်တော့ နေပြည်တော် တွင်ပင် ကတုတ်ကျင်း တူးနေရသည့် အဖြစ် ရောက်လာခဲ့သည်။

 

မင်းအောင်လှိုင် အတွက် ပြဿနာ ဖြစ်လာရသည်က မြေပြင်တပ်များ ကို မည်သို့မျှ စိတ်ချ လက်ချ အားကိုး ပြီး တိုက်၍ မရသည့် အပြင် ရပြန် သော်လည်း ရှေ့တန်း အထိ စစ်ကူ လွှတ်ဖို့ အခက်အခဲများ နှင့် ကြုံနေရခြင်းပင်။

 

ယခု လားရှိုး အနီးတဝိုက်တွင် ဂျက် တိုက်လေယာဉ် များ ဖြင့် အဆက်မပြတ် ဗုံးကြဲခြင်း၊ မတ်လ ၂၇ ရက်တွင် တွေ့ရတတ်‌သော အတွဲလိုက် ဒုံးပစ် လောင်ချာ လက်နက်ကြီးများဖြင့် တော်လှန်ရေး တပ်ပေါင်းစု ရှေ့တိုး မလာအောင် ခုခံနေသည်။

 

သို့သော်လည်း လားရှိူးမှ ၅ ကီလိုမီတာ ခန့်သာ ဝေးသော နေရာ တွင်ပင် တိုက်ပွဲများ ဖြစ်လာနေ၍ ‌တော်လှန်ရေး မဟာမိတ်များ တဖြေးဖြေး ရှေ့တိုးလာနေပြီ ဖြစ်သည်။ အပြန်အလှန် ပစ်ခတ်သံများကိုပါ မြို့ထဲမှ ကြားလာရပြီ ဖြစ်သည်။

 

လားရှိုး ထိုးစစ် တွင် TNLA, MNDAA, နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP တို့ ပူးပေါင်း တိုက်ခိုက်နေခြင်း ဖြစ်ပြီး နမ်ပေါင်၊ ကုန်းညောင် နှင့် နမ်းမွန် တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။

 

အရှေ့‌ မြောက်တ်ိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုး မြို့ သိမ်း နိုင်ပြီ ဆိုက စစ်ကောင်စီ တပ်များ အဖို့ စိတ်ဓါတ်ရေးရာ အရ ပြိုလဲ ကျဆင်းသွားပြီး ၎င်းတို့ အဖို ရှူံးနိမ့်နေပြီ ဖြစ်သော စစ်ပွဲကို အလဟသ အသက်အသေခံ တိုက်နေရသလို ဖြစ်လာမည်ဟု ယူဆလာကြတော့မည် လည်း ဖြစ်သည်။

 

ထို့အတွက် စစ်ကောင်စီ အဖို့ လားရှိုးသည် စစ်တွေ နှင့် ယှဉ်လျှင် ပို အရေးကြီးနေ သည်။ မြို့ခံလူများကိုလည်း တိမ်းရှောင်ခွင့် မပေးပဲ ပိတ်ဆို့ခံထားရသည့် အတွက် အသေအပျောက် များ ရှိလာနေပြီ ဖြစ်သည်။

 

မိမိတို့ အပေါ် အနိုင်အထက် ညှင်းပန်းနေသူများ မရှုနိုင် မကယ်နိုင် ဖြစ်လာနေသည်ကို အဘယ်သူသည် အားရဝမ်းသာ မရှိပဲ နေပါ့မည်နည်း။

 

စစ်ကိုင်းတိုင်း ချောင်းဦး မြို့မှ လွန်ခဲ့သော ကိုးရက်က စတင်ခဲ့သည့် သံဃာတော်များ၏ သပိတ်တိုက်ပွဲသည် ယခုအခါ မြို့နယ် ပေါင်း ၂၀ အထိ ပျံ့နှံ့လာနေပြီ ဖြစ်သည်။

 

စစ်ကောင်စီ မှ ၎င်းတို့ သတ်မှတ်ထားသော ဈေး ထက် တင် ရောင်းသည် ဆိုကာ ဖမ်းဆီးခံထားရသော အေရွန် အော်ရိမ်း ဆူပါမာကက်များ၏ ကုန်စည် ဌာနခွဲ့ တာဝန်ခံ ဟီရိုရှီ ကာဆာမက်ဆု အား မြန်မာ နိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး နှင့် တွေ့ဆုံခွင့် ပြုခဲ့၍ စစ်ဆေးနေသည် ဆိုသော ရဲစခန်း တွင် ‌တွေ့ဆုံခဲ့သည်ဟု သိရသည်။

 

ဟိုလေး တကြော်ကြော် ဖြစ်သွားသော်လည်း ဆက်၍ ဖမ်းဆီးထားသည်ကို ကြည့်က အောက်ခြေ မှ အဖား လွန်သူများ၏ လက်ချက် မဟုတ်တော့ပဲ ဂျပန် ထံမှ တခုခု ညှစ်ထုတ်ရန် စစ်ကောင်စီမှ ကြံနေခြင်း သာ ဖြစ်မည် ဟု ယူဆရပေသည်။

 

ထပ်၍ သိသာလာရသည်က ဩစတေးလျှ စီးပွားရေး ပညာရှင် မစ္စတာ ရှောင်တန်နဲလ် မှ ၎င်းအား အာဏာသိမ်း အဖွဲ့မှ ပြည်ပ မှ ရှေ့နေများ ငှား၍ အသံတိတ်အောင် ခြိမ်းခြောက် လာ‌နေပြီ ဖြစ်ကြောင်း၊ ယခင်ကလည်း ထိုသို့ လုပ်ခဲ့ပြီး ဖြစ်ကြောင်း ၎င်း၏ ဖေ့ဘုတ် အကောင့်တွင် ရေးသားလာခဲ့သည်ကို ဖတ်ရှုခဲ့ရသည်။

 

ရခိုင်ပြည်နယ် အတွင်း စစ်ကောင်စီ ၏ အရေးနိမ့်လာနေမှု များ ကြောင့် အစိုးရ အနေဖြင့် မြန်မာ ပြည် ပေါ် မူဝါဒ အား ပြန်လည် သုံးသပ်ရန် အိန္ဒိယ သတင်းစာများက အပူတပြင်း ‌တောင်းဆိုလာ‌နေကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!