ကျွဲ ကို စောင်းတီး ပြသလို

by Hla Soewai - Jul 08 2024

နိုင်ငံ အတွင်း စက်မှု လုပ်ငန်းများသည် ကုန်ကျစရိတ် မြင့်တက်လာနေခြင်း၊ ကုန်ကြမ်းများ၊ နှင့် အလုပ်သမား လိုသ‌လောက် မရရှိခြင်းများ အစရှိသည့် ပြဿနာ များ ရုန်းကန်နေရသည့် ကြားမှနွေရာသီ အတွင်း လျပ်စစ် ဓါတ်အား ပြတ်တောက်မှုသည် မည်သည့် အချိန် ပြန်လာမည်ဟု မခန့်မှန်း နိုင်အောင် ရှည်ကြာလာသဖြင့် နိုင်ငံ အတွင်း စက်မှု လုပ်ငန်းများသည် မည်သည့် နိုင်ငံမှ မကြုံရသော အဖြစ် နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်ဟု frontier Myanmar တွင် ရေးသားထားသည်။

 

စက်မှု ဇုန်များ အား ယခင်က လေးနာရီမျှ ဓါတ်အား ပေးနေရာမှ ယခုအခါ နှစ်နာရီသာ ပေးနိုင်တော့သည်။ စစ်ကောင်စီ သည် လူထု ၏ မကျေနပ် မှု များ အား ချွေးသိပ်နိုင်ရန် မေလ ၁၉ ရက်နေ့မှစ၍ ယခင် စက်မှု ဇုန်များ အား ဦးစားပေး ရာမှ ယခုအခါ လူနေရပ်ကွက် များ အဓိက ထား ဖြန့်ဖြူးပေးလာခဲ့သည်။

 

စစ်ကောင်စီ ၏ လျပ်စစ် ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ တနိုင်ငံ လုံး၏ လျပ်စစ်ဓါတ်အား လိုအပ်ချက်သည် ၅,၅၀၀ မီဂါဝပ် ရှိနေသော်လည်း ၎င်းတို့ ထုတ်လုပ်ပေးနိုင်စွမ်းသည် တဝက်ခန့် ဖြစ်သော ၂,၈၀၀ မီဂါဝပ်သာ ရှိတော့သည်ဟု ဆိုသည်။

 

မိုးရာသီ ဝင်လာ၍ အခြေအနေများ အနည်းငယ် ပြန် ကောင်းလာသည်ဟု သိရသည်။ ယခင်ကလို နှစ်နာရီ မဟုတ်တော့ပဲ ကြာမြင့်စွာ ပေးလာနိုင်ခဲ့သည်။ သို့သော်လည်း ပုံမှန် မဟုတ်ပဲ လာချင်သည့် အချိန်မှ လာခြင်းမျိုး ဖြစ်သည်။ မနက် ၉ နာရီ နှင့် ညနေ ၅ နာရီ အကြား ပုံမှန် ပေးနိုင်စွမ်း မရှိ ဖြစ်လာသည်။

 

ယခင် ဝန်ကြီးဌာ န အတွက် အကြံပေး ဖြစ်ခဲ့သူ Mr Guillaume de Langre က အဓိက ပြဿာနာ သည် ပြည်ပ ရင်းနှီးမြုပ်နှံမှု များ မရှိတေုာ့ခြင်း ဖြစ်ပြီး စစ်ဗိုလ်ချုပ်များက ထိုအရေး ကို ကျော်လွှားနိုင်အောင် မည်သို့ လုပ်ရမည် ဆိုသည့် စီးပွားရေး အသိပညာ ခေါင်းပါးနေမှု ပင် ဖြစ်သည်ဟု ထောက်ပြခဲ့သည်။

 

၎င်းတို့အား ပြည်တွင်းပြည်ပ ကုမ္ပဏီများ၊ ဌာနဆိုင်ရာ အကြီးအကဲများက အကြံဉာဏ်များ ပေးကြသော်လည်း ကျွဲ များ အကြား စောင်းသွား တီးပြသလို ဖြစ်နေသည်ဟု ဆိုသည်။

 

ဂျင်နရေတာ များ သုံးပြီး လည်ပတ်နေရ၍လည်း ကုန်ကျစရိတ် ပိုများလာရပြန်သည်။ လိုအပ်သော လောင်စာဆီများကို လည်း လိုသလောက် ဝယ်ယူ သိုလှောင်ထား၍ မရ ဖြစ်လာသည်။

 

ကျပ်ငွေတန်ဖိုး ကျဆင်းလာ‌‌ နေသည့် အတွက် ဂျပန်၊ တောင်ကိုရီယား၊ စင်္ကာပူ တို့မှ တင်သွင်းရသော ကုန်ကြမ်း ပစ္စည်းများအား တန်ဖိုးကြီးကြီး ပေးကာ ဝယ်ယူလာခဲ့ရသည်။ နယ်ခြား ကုန်သွယ်ရေး လမ်းကြောင်းများလည်း ပိတ်ဆို့ နေပြန်သည်။

 

ထိုသို့သော အကြောင်းများကြောင့် ကုန်ဈေး နှုန်းလည်း မြင့်တက်လာခဲ့ရသည်။ ပိုက်ဆံရှိသူများက ရွှေ နှင့် ဒေါ်လာကို အလုအယက် ဝယ်ယူ စုဆောင်းလာကြ၍ အခြေအနေများ ပိုဆိုးလာသည်။

 

ဝင်ငွေများ ကျဆင်းလာသော်လည်း စစ်အသုံးစရိတ် ကို လျော့ချ မရသဖြင့် အလွယ်တကူပင် ငွေစက္ကူ များ ရိုက်နှိပ် ဖြန့်ချီလာကြသည်။ နိုင်ငံ အသုံးစရိတ် စုစုပေါင်း၏ ၆၀ ရာနှုန်း အား စစ်တပ် အတွက် သုံးနေရသည်။

 

စောင်းတီး ပြနေသော်လည်း မည်သို့မျှ နားမလည် ထင်ရာ လုပ်ဖို့လည်း ဝန်မလေးသော ကျွဲများသည် ပြည်တွင်း ကုမ္ပဏီ တခု နှင့် ဖက်စပ်လုပ်ကိုင်နေသည့် ဆူပါမားကက်ကြီး ဖြစ်သော အီရွန် အောရိမ်း ၏ ဂျပန် အမှုဆောင် အရာရှိ မစ္စတာ ဟီရိုရှီ ကာဆာမက်ဆု အား ဆန်ဈေးနှုန်းအား ၎င်းတို့ သတ်မှတ်သည့် ဈေးထက် ၅၀ မှ ၇၀ ရာနှုန်းအထိ မြှင့် တင် ရောင်းချသည့် အတွက်ဆိုကာ အခြား ဆူပါ မားကက်များမှ တာဝန်ရှိသူ ဆယ်ဦး နှင့် အတူ ဖမ်းဆီးလိုက်သည်။

 

ဂျပန် သံရုံးမှ တာဝန်ရှိသူ များက ၎င်းအား ချုပ်နှောင်စစ်‌ ဆေး နေ သော ရဲစခန်း သို့ သွားပြီး လိုအပ်သည့် ကူညီ ပံ့ပိုးမှု များ ပေးနေပြီး စောစီးစွာ ပြန်လွှတ်‌ ပေးရန် တောင်းဆိုထားသည်ဟု နစ်ကီအေးရှား ရီဗြူးတွင် ရေးသားထားသည်။

 

ဂျပန် အစိုးရ အတွင်းဝန် ယိုရှီမာယာ ဟာရာရှီ မှ အပတ်စဉ် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် အဆိုပါ ကိစ္စ အား ထည့်သွင်း ပြောဆိုသွားပြီး မြန်မာ အာဏာပိုင်များအား ကာဆာမက်ဆု အား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်ဟု ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

ဂျပန် နိုင်ငံသား ကိုပါ ဖမ်းဆီးသည့် အထဲ ထည့်သွင်းလိုက်၍ ဈေးတက်၍ ဆိုင်ပိုင်ရှင်များကို ဖမ်းသည် ဆို‌ သော ၎င်းတို့၏ လုပ်ရပ်သည် ကမ္ဘာတဝှမ်း ဟိုးလေးတကြော်ကြော် ဖြစ်သွားခဲ့ချေပြီ။

 

ဂျပန်သည် အနောက်နိုင်ငံ များလို မဟုတ်ပဲ ယခုအထိ ၎င်းတို့ အပေါ် စီးပွားရေး အရ အရေးယူ ဒဏ်ခတ်ခြင်းမျိုး မလုပ်ပဲ ထားသော နိုင်ငံလည်း ဖြစ်သည်။

 

သာမန် မျှ အတွေးအခေါ် ရှိထားသူပင် ယခုလို အခြေအနေမျိုး တွင် ထိုသိူ့ မလုပ်သင့်၊ ချုပ်တည်းရမည်ကို သိကြမည်သာ ဖြစ်သည်။

 

ယခုအခါ နိုင်ငံတွင်း ၎င်းတို့ နှင့် စီးပွားရေး အရ ပတ်သက်နေသော ဂျပန် အသိုက်အဝန်း အကြား အန္တရာယ် အချက်ပေး ခေါင်းလောင်သံကြီး မြည်ဟီးလာနေပြီ ဖြစ်သည်။

 

ထိုသို့သော ကျွဲများက ရွှေဆိုင် ပိုင်ရှင်များ ဖမ်းဆီးရာတွင် သက်သက်ခိုင်အား ချန်လှပ်ထားရမည် ဆိုသည်လောက်တော့ သိနားလည် ထားကြသူများ ဖြစ်သည်။

 

ပြည်သူ အားလုံးသည် ခေတ်ဆိုး ခေတ်ပျက် ကြီးထဲ တထွာသော ဝမ်းအတွက် လျှာထွက် မတတ် ရုန်းကန် နေကြရပြီ ဖြစ်၍ တော်လှန်ရေးကြီး အမြန်ဆုံး ‌အောင်မြင်စေဖို့ ဆန္ဒပြင်းပြလာနေကြသည်။

 

အာဏာမသိမ်းမီကထက် အခြေခံ စားကုန်များ၏ ဈေးနှုန်းသည် ၂၇၀ ရာခိုင်နှုန်း ခန့် မြင့်တက်လာနေသည့် ကြားထဲ ၎င်းတို့ အတွက် အသက်စွန့် ၍ တိုက်ပေးရန် ‌သားသမီးများ အား စစ်မြေပြင်သို့ အတင်းအကျပ် စေလွှတ်ခံနေရသည့် အဖြစ်ကို မည်သူက ကြည်ကြည်ဖြူဖြူ လက်ခံ နိုင်ကြ ပေမည်နည်း။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!