ငြင်း‌ သော်လည်း ခုတ်ရာတလွဲ ရှရာတခြား ဖြစ်

by Hla Soewai - Jul 02 2024

စစ်ကောင်စီ ထိန်းချုပ်ထားသော ဗဟိုဘဏ် မှ တွန် အင်ဒရူး၏ အစီရင်ခဲစာ သည် မြန်မာ နိုင်ငံသား များ၏ အကျိုးစီးပွား နှင့် ပြည်ပ တိုင်း ပြည် များ နှင့် ဆက်ဆံရေး ကို အကြီးအကျယ် ထိခိုက်စေသည်ဟု ထုတ် ဖေါ် ပြောဆိုလာသည်။

 

၎င်းတို့ အနေဖြင့် လုပ်ထုံး လုပ်နည်းများကို လိုက်နာပြီး မရှိမဖြစ် လိုအပ်သော အခြေခံ စားကုန်များ၊ ဆေး နှင့် ဆေးပစ္စည်းများ၊ လယ်ယာ သုံး ပစ္စည်းများ၊ ဓါတ်မြေဩဇာ၊ စားသုံးဆီ နှင့် လောင်စာဆီများကို ဝယ်ယူ တင်သွင်းနေခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

 

တကယ်တမ်းတွင် တွန် အင်ဒရူး၏ အစီရင်ခံစာပါ ၁၂ လ အတွင်း ဒေါ်လာ ၂၅၃ သန်း ဖိုး ရှိ စစ်လက်နက် များ၊ ၎င်းတို့အား ထုတ်လုပ်ရာတွင် အသုံးချ နိုင်သည့် စက် ပစ္စည်း နှင့် နည်းပညာများ၊ အခြား လိုအပ်သော ကုန်ကြမ်းများ ဝယ်ယူ ရေး အတွက် နိုင်ငံတကာ ဘ‌ဏ်များ အထူးသဖြင့် ထိုင်း ဘဏ်များ ၏ အကူအညီ ဖြင့် ဝယ်ယူ တင်သွင်းနေခြင်း ဖြစ်သည်ဟု သာ ဖေါ်ပြထားခြင်း ဖြစ်သည်။

 

တွန် အင်ဒရူး၏ အစီရင်ခံစာပါ လက်နက်များ ဝယ်ယူနေခြင်း နှင့် ပတ်သက်၍မူ တလုံးတပါဒမျှ ရည်ညွှန်းခဲ့ခြင်းမျိုး မတွေ့ရပေ။ လက်နက်များ တပြားဖိုးမျှပင် မဝယ်သလို ငြင်းဆိုနေခြင်း ဖြစ်သည်။

 

၎င်းတို့ အနေနှင့် နိုင်ငံ အတွက် လိုအပ်သော ကုန်ပစ္စည်း များသည် ကုလသမဂ္င လုံခြုံ‌ ရေး ကောင်စီ မှ အီရတ်အား လုပ်ခဲ့သလို စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခြင်း မျိုး မရှိသရွေ့ တရားဝင်ဝယ်ယူ တင်သွင်း နိုင်ခွင့် ရှိသည်၊ ထိုအကြောင်းများလည်း တခွန်း တပါဒ မျှ မပါ၊ အင်ဒရုး ရည်ညွှန်းနေသည်က လူထု ကို တိုက်ခိုက် သတ်ဖြတ်ရာတွင် သုံးနေသည့် စစ်လက်နက် ပစ္စည်းများ ကိုသာ ဖြစ်၍ စစ်ဗိုလ်ချုပ်များ လက်အောက် ရောက်နေသော ဗဟိုဘဏ်၏ ငြင်းဆိုမှု သည် ခုတ်ရာတလွဲ ရှရာ တခြား ဖြစ်နေသည် မဟုတ်ပါလော။

 

ထို့အတွက် ဘူးခံငြင်းဟု ဆိုကာ အမိန့်ပေး၍ ငြင်းလိုက်ရသည်၊ ဘာကို ငြင်းရမှန်း မသိအောင် ဘူးလုံး နားမထွင်း ဖြစ်နေရှာသည်၊ ထိုသို့သော ပုဂ္ဂိုလ်များက တိုင်းပြည် စီးပွားရေး ပဲ့ကိုင်နေသည့် အဖြစ် ရောက်နေသည်ကပင် ရင်နာဖို့ ကောင်းနေရသည်။

 

စစ်ရေး တွင် တိုင်းရင်းသား ဒေသများ မှ တဆုတ်တည်း ဆုတ်‌ ပေး‌ နေရပြီး စီးပွားရေး ဖက်တွင်လည်း အစားအသောက် အတွက် တန်းစီ ဝယ်‌ယူနေရသည့် လူတန်းကြီးက ရှည်လျားသည်ထက် ရှည်လျားလာနေ့ပြီ ဖြစ်၍ ဆူပါမားကက်များရှိ စင်များ ပေါ်တွင်လည်း စစ်ကောင်စီ အရှုံး ကို မြင်နေရသည်ဟု ဂျပန် အခြေစိုက် အွန်လိုင်းစာစောင် ဖြစ်သည့် The Diplomat တွင် ရေးသားထားသည်။

 

၎င်းတို့က အခြေခံစားကုန်များကို ပြည်ပမှ တင်သွင်းနေသည် ဆိုသော်ငြားလည်း ပစ္စည်းများ ပြတ်လတ်လာနေသည့် အဖြစ်က ဈေးကွက်တွင် အထင်အရှား တွေ့လာရပြီး ဆန်ဈေးနှုန်းလည်း အဆမတန် မြင့်တက်လာနေသည်။ ယင်းကို အလွယ်တကူပင် လုပ်ငန်း ရှင်များ အား ဖမ်းဆီးခြင်းဖြင့် တုန့်ပြန်လာ၍ အခြေအနေများက ပို၍ ဆိုးဝါးလာ‌ နေသည်။

 

ဆန်ဈေးကို ဈေးကွက်ပေါက်ဈေး၏ သုံးပုံတပုံထက် လျော့ချရောင်းရန် သတ်မှတ်လာသည်။ ရောင်းချစရာ ဆန်လည်း အလုံအလောက် မရှိပြန်၍ လူတဦးလျှင် တအိတ်နှုန်း ‌ရောင်းချပေးခဲ့သည်။ ၎င်းတို့ ရောင်းချသည့် နေရာများတွင် လူတန်းရှည်ကြီး ဖြစ်လာရွေ့ အငတ်မခံနိုင်က အခြားနေရာ များတွင် ပေါက်ဈေးပေး၍ ဝယ်ကြရသည်။ အချို့က ရောင်းပေးမည့် နေရာသို့သွားရန် ခရီးစရိတ်ပင် မရှိ အိမ်ထောင်စု စာရင်းလည်း လက်ဝယ်မရှိ၊ ရှိအောင်လုပ်ပြန်လည်း လဒ် ထိုး ရဦးမည် ဖြစ်သည်။

 

မြဝတီ နေ လူထု အဖို့ ပို၍ ဆိုး‌ နေသည်၊ လမ်းများ ပိတ်ထားခံရ၍ ထိုင်းဖက်မှ ဆန်ကို ဈေးကြီးပေး ဝယ်စားနေကြရသည်။

 

ဆန်သာမက ရွှေဈေး နှင့် ဒေါ်လာဈေးကိုလည်း အလားတူ အတင်းအကျပ် သတ်မှတ်လာသည်။

 

ထိုသို့ အခြေ ဆိုက်လာရသည် ကလည်း စစ်ကောင်စီ စတင်ဖန်တီးခဲ့သည့် ပြည်တွင်းစစ်၏ ဆိုးကျိုး များပင် ဖြစ်သည်။

 

မင်းအောင်လှိုင် အဖို့ မည်သို့သော ပြဿနာ ပေါ်လာနေစေကာမူ ဘူးခံ ငြင်းဆိုနေဆဲပင် ဖြစ်သည်။ ပြီးခဲ့သည့် နှစ်လ အတွင်း ရုရှား မီဒီယာကိုပင် တိုင်းပြည်စီးပွားရေး ဦးမော့လာနေပြီဟု ပင် ပြောခဲ့ သူ ဖြစ်သည်။

 

အေဒီဘီ နှင့် ကမ္ဘာဘဏ်တို့မှ စီးပွားရေး တစ် ရာနှုန်းကျော် တက်နိုင်သည်ဟု ခန့်မှန်းပြီး တုန့်နှေးနေသည်ဟု ဆိုသော်လည်း တကယ်တမ်းတွင် ပြိုလဲ လိုက်လာ‌ ‌နေပြီ ဖြစ်သည်။ ဤသည်ကလည်း ဗဟိုဘဏ် မှ ရရှိ‌သော စာရင်းအင်းများကို မှီပြီး ပြီးလွယ်စီးလွယ် ထုတ်ပြန်ခြင်းမျိုးသာ ဖြစ်သည်။

 

လက်တွေ့တွင် လူပေါင်း သုံးသန်းခန့် အသက်လုပြေးလွှား နေကြရပြီး လူငယ်လူရွယ်များသည် စစ်ထဲ သို့မဟုတ် ပြည်ပ သို့ ရောက်ရှိနေချိန်မျိုး တွင် မည်သို့မျှ လက်တွေ့ မဆန်သော တွက်ချက်မှု မျိုးသာ ဖြစ်သည်။

 

၎င်းတို့အဖို့ကလည်း မြန်မာ စီးပွားရေး တိုးတက်သည် မတိုးတက်သည်က ကမ္ဘာဘဏ္ဍာရေး ဈေးကွက်ကို မည်သို့မျှ လှုပ်ခတ်နိုင်စွမ်း မရှိ၍လည်း ပြီးလွယ်စီးလွယ် ထုတ်ပြန်နေကြခြင်းသာ ဖြစ်သည်ဟု ဆောင်းပါးတွင် ဖေါ်ပြထားသည်။

 

မြန်မာ ပြည်သူများ အတွက်က ၎င်းတို့ ခန့်မှန်းမှု ထက် ဆန်ဈေးနှုန်းသည်သာ အရေးထားရမည့် အရာ ဖြစ်နေသည်။

 

ပုံ သည် မြန်မာ တို့ အခြေခံ စားကုန်များ အတွက် ရန်ကုန် မြို့လယ်ကောင်တွင် တန်းစီ တိုး နေရပုံကို ဘန်ကောက်ပို့စ် သတင်းစာ တွင် ဖေါ်ပြထားခြင်း ဖြစ်၍ တိုင်းပြည် ဂုဏ်သိက္ခာအတွက် ဗိုလ်ချုပ်များ ရှက်တတ်မည် ဆိုက လဲသေ ဖို့ပင် ကောင်းနေသည်။ 

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!