ကျရှုံး နိုင်ငံ အဖြစ်မှ လုံးဝ ပြိုလဲတော့မည် ဖြစ်၍ ကမ္ဘာ မှ အဆင်သင့် ပြင်ထားရန်လိုအပ်

by Hla Soewai - Jul 01 2024

နာမည်ကျော် ငပလီ အပန်းဖြေ စခန်း ရှိရာ သံတွဲ လေဆိပ်အား ရက္ခိတ တပ်တော်မှ သိမ်းယူ နိုင်ခဲ့ပြီ ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

ရက္ခိတ တပ်တော်မှ ထိုသို့ သိမ်းယူ နိုင်ခဲ့ခြင်း အပေါ် တရားဝင် အတည်ပြု ခြင်း မရှိသေးသော်လည်း နီးစပ်သော သတင်းရပ်ကွက်များကမူ စစ်ကောင်စီ တပ်သား ၁၃၂ ဦး၊ ရဲအဖွဲ့ဝင် ၄၇ ဦးနှင့် မိသားစု ဝင်များအား ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

 

‌ယင်းသည် တော်လှန် ရေး တပ်ဖွဲ့များ မှ ပထမဆုံး သိမ်းယူ နိုင်ခဲ့‌ သော လေဆိပ် လည်း ဖြစ်သည်။ စစ်တပ်အား ရခိုင် ‌ပြည်နယ် အတွင်းမှ ၂၀၂၄ နှစ်ကုန် တွင် အပြီး မောင်းထုတ်နိုင်ရန် ရက္ခိတ တပ်တော် မှ စစ်ရေး ရည်မှန်းချက် အဖြစ် ထားရှိသည်ဟုလည်း သိရသည်။

 

တော်လှန်‌ ရေး အင်အားစု များ အသာစီး ရလာ နေသည် နှင့်အမျှ စစ်ပွဲ၏ အနေအထားသည် ပြောင်းလဲလိုက်လာနေပြီ ဖြစ်၍ နိုင်ငံတကာ အနေဖြင့် အာဏာသိမ်း အဖွဲ့ ပြိုလဲသွားမည့် အခြေအနေ အတွက် ပြင်ဆင်ထားရတော့မည်ဟု အမေရိကန် ၏ ဩဇာတက္ကိမ ရှိ‌ သော တွေးခေါ်မျှော်မြင်ရေး အဖွဲ့ ဖြစ်သည့် Council on Foreign Relations ၏ ဝါရင့် အဖွဲ့ဝင် ဂျိုရှူဝါ ကာလန်ဇစ် က ယခုလို ရေးသားလာခဲ့သည်။

 

၂၀၂၁ ဖေဖေါ်ဝါရီ လ စစ်တပ် မှ အာဏာသိမ်းပြီးနောက်ပိုင်း အများက ယူဆခဲ့ကြသည်မှာ အင်အား ကြီးမားပြီး ရုရှားမှ အတော်အသင့် ခေတ်မီ‌သော လက်နက်များ ပိုင်ဆိုင်ထားသည့် မြန်မာ စစ်တပ်သည် ထိုစဉ်က အညှောင့်ထွက်ကာစ တော်လှန်ရေးကို ချေမှုန်းနိုင်လိမ့်မည် ဟူ၍ ဖြစ်သည်။

 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ၎င်းတို့ အာဏာ သိမ်းမှု ကို ငြိမ်းချမ်းစွာ ဆန့်ကျင်ခဲ့မှုအား စွန့်လွှတ်ကာ လက်နက်စွဲကိုင်လာကြသည့် မြန်မာ လူငယ်များ အတူတွဲ၍ ခုခံ တွန်းလှန်မှု များသည် ၂၀၂၂ အတွင်း သိသိသာသာ တိုးတက်လာခဲ့ခြင်း မရှိ ဖြစ်နေသည်၊ စစ်ရာဇဝတ်မှု များ ကျုးလွန်ရမည်ကို လားလားမျှ မမှုသော စစ်တပ်ကလည်း ရွာလုံးကျွတ် ပြာကျအောင် ဗုံးကြဲခဲ့သည်။ ၎င်းတို့ အဖို့ လေကြောင်း နှင့် လက်နက် အင်အား တွင် လွန်စွာသာလွန် တောင့်တင်းနေသော အချိန်လည်း ဖြစ်သည်။

 

ပြီးခဲ့သည့် နှစ် နှစ် မှ စပြီး အခြေအနေများ လုံးဝ ပြောင်းလဲလာခဲ့သည်။ ယင်းနှင့် အတူ စစ်တပ်သည် အရေးနိမ့်သွားနိုင်သည်၊ သို့မဟုတ်ကလည်း အတွင်း မှ ပေါက်ကွဲ ထွက်လာနိုင်သည်ဟူသော အ‌တွေးများ စတင် ဝင်ရောက်လာခဲ့ကြသည်။

 

စစ်တပ် အတွင်း အခြေအနေများ ဆိုးဝါးလာနေသည်နှင့်အမျှ အောက်ခြေတွင် စစ်သားများ အကျအဆုံးများလာပြီး တပ်ကို စွန့်ခွာ ထွက်ပြေးမှု များပြားလာ၍အင်အား ‌လျော့နည်းလာပြီး ပြန်၍ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသည့် အခြေအနေနှင့် စတင် ရင်ဆိုင်လာရသည်။

 

ထို့အတွက် စစ်သား ဥပဒေ ဖြင့် အတင်းအကျပ် စုဆောင်းလာရ၍ လူငယ်များ နိုင်ငံမှ ထွက်ခွာ ကုန်ကြသည်။

 

စစ်လက်နက် ပစ္စည်းပိုင်း အသာရနေမှုလည်း ယို့ယွင်းလာခဲ့သည်။ ၎င်းတို့အား အဓိက ထောက်ပံ့ပေးနေသည့် ရရှား သည်လည်း ယူကရိန်း စစ်ပွဲကြောင့် လိုသလောက် မထောက်ပံ့နိုင် ဖြစ်လာသည်။ ထို့အတွက် မြောက်ကိုရီယား ဖက် လှည့်လာသော်လည်း ရုရှား နေရာ တွင် အစားထိုးနိုင်လောက် တော့ အားကိုး၍ မရ ပေ။

 

တဖက်တွင် တော်လှန်ရေး တပ်ဖွဲ့များသည် စစ်ကောင်စီ တပ်များ ထံမှ သိမ်းယူနိုင်ခဲ့‌သော လက်နက်များဖြင့် အင်အား ကောင်းလာခဲ့သည်။ အမေရိကန် နှင့် အခြား နိုင်ငံများမှ ပေးပို့သော လူ့အသက် အန္တရာယ် မထိခိုက်နိုင်သည့် အကူအညီများလည်း တိုး၍ ရရှိလာနိုင်ဦးမည် ဖြစ်သည်။

 

တရုတ်သည် အလုပ်သဘောအရ စစ်ကောင်စီ ကို ထောက်ခံနေသော်လည်း ၎င်းတို့ ရေရှည် ခံပါ့မလား ဆိုသည် အပေါ် သံသယများ တိုးပွား လာခဲ့ပြီး အတိုက်အခံများ နှင့် ဆွေးနွေးလာခဲ့သည်။

 

အမေရိကန် နှင့် ဒီမိုကရေစီ နိုင်ငံများ၏ ဒဏ်ခတ် ပိတ်ဆိုမှုများကြောင့်လည်း စစ်ကောင်စီ ၏ ဘဏ္ဍာ‌တိုက် သည်လည်း တဖြေးဖြေး ပြောင်သလင်း ခါလာသည်။

 

စစ်ကောင်စီသည်လည်း ပြဿနာများ နှင့် တိုး၍ ရင်ဆိုင်လာနေရချိန်တွင် တဖက်နှိုက်လည်း တော်လှန်ရေး အင်အားစုများသည် အချို့ ခန့်မှန်းချက်များအရ နိုင်ငံ အကျယ်အဝန်း၏ ၆၀ ရာနှုန်းကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်ဟု သိရသည်။

 

ပြီးခဲ့သည့် နှစ် အတွင်း တော်လှန်ရေး တပ်များသည် နိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ဒေသနှင့် အနောက်ပိုင်း ရှိ နယ်မြေ အမြောက်အမြားကို သိမ်းယူ နိုင်ခဲ့ကြသည်။

 

စစ်ကောင်စီသည်လည်း တဖြေးဖြေး အင်အားချိနဲ့လာနေပြီး ၎င်းတို့တပ်များကိုပင် စားရေရိက္ခာ လိုသလောက် ထောက်ပံ့ပေးနိုင်စွမ်း မရှိတော့၍ စစ်သားများ ပို၍ပင် ဆုံးရှုံးလာနေသည်။

 

စစ်ကောင်စီမှ ၎င်းတို့၏ အမာခံ နယ်မြေများဟု သတ်မှတ်ထားပြီးအင်အား အလုံအရင်းနှင့် ခံတပ်သဖွယ် တည်ဆောက်ထားသည့် နေပြည်တော်ကိုပင် တော်လှန်‌ ရေး တပ်များဖက်က ထိုးဖောက် တိုက်ခိုက်လာနိုင်ခဲ့သည်။ မန္တလေးအားလည်း အလားတူ တိုက်ခိုက်နိုင်ရန် ပြင်ဆင်လာနေပုံ ရှိသည်။

 

တော်လှန်ရေး တပ်များသည် ယခင်က ပျောက်ကြား စစ်ဆင်ရေး ပုံစံမျိုး ဖြင့် အဓိက ထား တိုက်ခိုက်နေခဲ့ရာမှ ယခုအခါ ထိတ်တိုက် ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲ လာနိုင်ခဲ့ပြီး အောင်ပွဲများလည်း ရရှိလာခဲ့ကြပြီဖြစ်သည်။

 

စစ်ပွဲသည် ပြီးဆုံးခြင်း မရှိသော်လည်း ချိန်ခွင်လျှာသည် တဖက်သို့ အလွန်အကျွံ စောင်းလာနေသည်။

 

တကယ်တမ်းတွင် အလုပ်မဖြစ်သည့် စီးပွားရေး စီမံခန့်ခွဲမှုများ၊ ပြိုလဲလာနေသည့် ကျန်းမာရေး၊ ပညာရေး ပိုင်းနှင့် လူများ သန်းနှင့်ချီ၍ အိုးအိမ်မဲ့ ထွက်ပြေး တိမ်းရှောင်နေကြရ၍ ကျရှူံး နိုင်ငံ failed state ဘဝ ရောက်နေပြီး ဖြစ်သည်။

 

ထို့အတွက် ခေါင်းဆောင် အချို့ နိုင်ငံ ပြင်ပသို့ ထွက်ပြေးသွားနိုင်မှု နှင့်အတူ စစ်တပ် အရေးနိမ့်သွားမည့် အရေး သို့မဟုတ် အတွင်းမှ ပေါက်ကွဲ ထွက်လာမည့် အရေး total collapse အတွက် ပြည်ပ နိုင်ငံများ အနေဖြင့် ပြင်ဆင်ထားရတော့မည် ဖြစ်သည်။

 

ထိုသို့ ဖြစ်လာမည့် အချိန်ကို ထိုင်စောင့်နေမည့် အစား မြန်မာ နှင့် ပတ်သက်ရာ ပတ်သက်ကြောင်း ဖြစ်နေသည့် နိုင်ငံများ အနေဖြင့် စစ်တပ်ကျဆုံးသွားလျှင် ဖြစ်လာနိုင်မည့် အနေအထား များ အတွက် ကြိုတင် စီမံထားသင့် နေပြီ ဖြစ်သည်။

 

သို့မဟုတ်က ယခုအခါ တွင် စစ်အာဏာသိမ်း အဖွဲ့ကို ညီညီညွတ်ညွတ် ဆန့်ကျင် တိုက်ပွဲဝင်နေသော အဖွဲ့ အချင်းချင်း သေနတ်ပြောင်း ပြန်လှည့်လာမည့် အခြေအနေမျိုး ကြုံလာရနိုင်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!