အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု ၏ ဆောင်းပါးသည် မှန်ကန် လွန်းနေ၍ ကောက်နှုတ် တင်ပြသွားပါမည်။
ယခု အခါ မြန်မာနှင့် ပတ်သက်၍ ခန့်မှန်း ပြောဆိုနေကြမှု များ တွင် အငြင်းပွားစရာ မလိုပဲ တညီတညွတ်တည်း ပြောဆိုလာကြသည်က စစ်အာဏာသိမ်း အဖွဲ့သည် ယုတ်မာ ဆိုးသွမ်းသော အဖွဲ့အစည်း၊ တရားမဝင် အာဏာရယူထားပြီး တနိုင်ငံလုံးက မသတီ ရွံရှာ မုန်းတီးနေသော အဖွဲ့အစည်း၊ လူထု အား ဒုက္ခမျိုးစုံ ရောက်အောင် စက်ဆုပ် ရွံရှာဖွယ် ကောင်းလှသည့် ရာဇဝတ်မှု များကို ကျုးလွန်နေကြသည် ဆိုသော အချက်များပင် ဖြစ်သည်။
၎င်းတို့၏ စစ်ရေး ချိန်ခွင်ရှာ ဖက် ရောက်လာသည့် အခါတွင်တော့ သဘောကွဲလွဲစ ပြုလာသည်။ အများစုက စစ်တပ်သည် ဆယ်စုနှစ်ပေါင်းများစွာ အတွင်း အင်အား အချိနဲ့ဆုံး ဖြစ်လာနေသည် ဆိုသည် နှင့် နိုင်ငံကို မည်သည် အခါမျှ အရင်လို အခိုင်အမာ ထိန်းချုပ် နိုင် တော့မည် မဟုတ်သော အချက်ကို လက်ခံခဲ့ကြသည်။
သို့သော် တော်လှန်ရေး အကြောင်း ပြောလာသည့် အခါတွင်တော့ အမြင်များ ရှူပ်ထွေးလာကြသည်။တော်လှန်ရေး ဖြင့် တည်ငြိမ်မှု ဆောင်ကျဉ်းပေးနိုင်မည်လော၊ သို့မဟုတ် ကသောင်းကနင်း ဖြစ်လာမည်လော ဆိုသည် အပေါ်တွင် ဖြစ်သည်။ သို့သော် မြန်မာ အကြောင်း ထဲထဲဝင်ဝင် မသိသူများ၊ နိုင်ငံသား များ မဟုတ်သူများ အဖို့က ရှုပ်ထွေးနေမည်သာ ဖြစ်သည်။ ထိုအခါတွင်တော့ ၎င်းတို့စိတ်ထဲဝင် ပျက်စီးမှု များသည် ဖက် နှင့် ဖြေရှင်းရန် လက်ဝင်လှသည် ဆိုသော အယူအဆများ ခေါင်းထဲ ရောက်လာကြတော့သည်။ အထူးသဖြင့် မူဝါဒ ရေးဆွဲသူများ နှင့် သုတေသီ များတွင် အများ ဆုံး တွေ့ရသည်။
ဤသို့ဖြင့် ၎င်းတို့၏ ဆုံးဖြတ်ချက်များ သည် ဝေဝေဝါးဝါး ဖြစ်လာပြီး ထိထိရောက်ရောက် ပါဝင်ပတ်သက် နိုင်စွမ်း မရှိဖြစ်လာသည်။ ၎င်းတို့အဖို့ က ဆွေးနွေးပွဲ ဖြစ်မြောက်ရေး၊ အပစ်အခတ် ရပ်စဲရေး၊ အာဏာခွဲဝေ ယူရေး တို့ကိုသာ အာရုံထားကြသည်။ ယင်းသည် ရေရှည် တည်တံ့နိုင်မည် မဟုတ်ပဲ တိုက်ပွဲများ ပြန်ဖြစ်လာမည်သာ ဖြစ်သည်။ ပို၍ ဆိုးလာနိုင်သည်က စစ်အာဏာရှင်များအား လက်နက်များ ရောင်းချပေးခြင်း၊ စစ်သင်တန်းများပေးခြင်း၊ အသိအမှတ် ပြုခြင်း တို့ ဖြစ်လာနိုင်ပြီး ၎င်းတို့၏ လူထု အပေါ် ဆင်နွှဲနေသော စစ်ပွဲ ကို သက်ဆိုးရှည် အောင် လုပ်ပေးသလိုသာ ဖြစ်လာနိုင်ခြင်းပင် ဖြစ်သည်။
ကြမ္မာ အလှည့်အပြောင်း ဖြစ်လာရသည်က နိုင်ငံတည်ငြိမ်ရေး လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်စွမ်းရှိနေသူများသည် တော်လှန်ရေး အင်အားစုများသာ ဖြစ်ပြီး စစ်ကောင်စီ မဟုတ်သည်က သေချာနေသည်၊ ၎င်းတို့အား နိုင်ငံတကာမှ ပံ့ပိုးပေးမလာဟု ဆိုလျှင် သက်ဆိုး ရှည် နိုင်ဖို့ မရှိပေ။
တကယ်တမ်းတွင် မြန်မာ ပြဿနာသည် ကိုင်တွယ်ရ ခက်လှသည် မဟုတ်၊ နိုင်ငံတကာ အနေဖြင့် လူထု၏ ဆန္ဒကို ကိုယ်စားပြု တိုက်ပွဲဝင်နေသည့် လှုပ်ရှားမှု ကို ထောက်ခံပေးခြင်းဖြင့်သာ ရေရှည် တည်တံ့ နိုင်မည့် ငြိမ်းချမ်းရေး ကို ဖေါ်ဆောင်နိုင်မည် ဖြစ်သည်။
လက်နက်ကိုင်များ နှင့် နိုင်ငံရေး အဖွဲ့များသည် ဒါဇင်ပေါင်းများစွာ ရှိနေပြီး ရည်မှန်းချက် ကိုယ်စီ ရှိနေကြ၍ မည်သို့မျှ ပေါင်းစည်း၍ မရဖြစ်နေသည်ကို ခေတ် အဆက်ဆက် နမူနာ များ တွေ့ထားရ၍ စစ်တပ်သည်သာ အမြဲလို စိုးမိုးထားနိုင်ခဲ့သည်ဟု မူဝါဒ ရေးဆွဲသူများ၊ သုတေသီ များက ယူဆထား၍ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။
မြန်မာသည် ဘူမိနိုင်ငံရေး အရ အကျိုးရှိ နိုင်ဖို့ အနည်းငယ် သာ ရှိနေ၍ လည်း အခြေခံ အကြောင်းရင်းများကို လျစ်လျု ရှုပြီး ရေတို နှင့် အန္တရာယ် မများ နိုင်သည့် ပတ်သက်မှု မျိုး လောက်နှင့် ဖြေရှင်း ချင်စိတ် ရှိကြသည်။ ထိုအယူအဆ မျိုး ကြောင့်လည်း မြန်မာသည် ကမ္ဘာတွင် ပြည်တွင်း စစ် အရှည်ကြာဆုံး ဖြစ်ပွားနေသော နိုင်ငံ ဖြစ်လာရသည်။
ထိုသို့သော ချည်းကပ်မှုမျိုးက စစ်ခေါင်းဆောင်များ အကြိုက်ပင် ဖြစ်သည်၊ ၎င်းတို့၏ ရည်ရွယ်ထားသည်များ ဖြစ်လာအောင် နိုင်ငံတကာကို မည်သို့ လှည့်စားရမည် ကို ကောင်းစွာ သိထားကြသူများ ဖြစ်သည်။ တဖက်တွင် အသက်ဆက်နိုင်ရေး အတွက် ရက်စက်ကြမ်းကြုပ်သော နည်းမျိုးစုံဖြင့် တော်လှန်ရေးအား လူထု ထောက်ခံနေမှု လျော့ကျသွားအောင် ကြံစည်ကြမည့် လူများလည်း ဖြစ်သည်။
ပထမ အချက်အနေဖြင့် စစ်အာဏာရှင် အုပ်စုသည်။နိုင်ငံတကာကို လှည့်စားနိုင်ရန် ၎င်းတို့ ဖက်ကို အလေးသာမည့် ဆွေးနွေးပွဲမျိုး ဖြစ်မြောက်အောင် ကြိုးစားမည်၊ ကတိကဝတ် ဆိုသည်ကလည်း ၎င်းတို့ အဖို့ တည်စရာ မလိုမှန်း သိထားကြပြီးလည်း ဖြစ်သည်။ အာဆီယံ၏ အချက် ငါးချက်ကပင် ၎င်းတို့အကြောင်း သိသာနေပြီ ဖြစ်သည်။
လူထု ၏ ဆန္ဒကို ဆန့်ကျင်ပြီး အတင်းအဓမ္မ အာဏာလုယူထားသူများကို နိုင်ငံတကာက state actor အဖြစ် သတ်မှတ်ထားကြသည်၊ လူထု၏ ထောက်ခံမှု အပြည့်အဝ ရထားသော NUG နှင့် EAO များကိုမူ non-state actor အဖြစ် ဆက်ဆံနေဆဲပင် ဖြစ်သည်။
ဒုတိယ အချက် အနေဖြင့် စစ်အာဏာပိုင်များသည် အပစ်ရပ်ရေး အား အခြားနေရာများ တွင် တပ်များကို ရွေ့ပြောင်းနိုင်မည့် စစ်ရေး မဟာဗျူဟာ တရပ် အဖြစ် သဘောထား နေကြသည်။ ဤသည်ကို နိုင်ငံတကာ အကင်းမပါးပဲ ကြိုဆိုခဲ့ကြသည်၊ တကယ်တမ်း တနေရာတွင် ရက်စက် ကြမ်းကြုပ်မှု များ ရပ်တန့်သွားပြီး အခြားတနေရာ တွင် တိုးလာခြင်း မျိုးသာ ဖြစ်သည်။
နိုင်ငံတကာ အနေဖြင့် သဘောပေါက် ထားရမည့် အချက်သည်ကား....
(၁) စစ်တပ်သည် နိုင်ငံ မတည်မငြိမ် ဖြစ်နေမှုများ၏ အဓိက တရားခံ ဖြစ်သည်။
(၂) စစ်ကောင်စီ သည် နိုင်ငံကို တရားဝင် အုပ်ချုပ်ခွင့် ရနေသူများ မဟုတ်။
(၃) စစ်တပ်သည် အရေးနိမ့်သွားနိုင်ပြီး နိုင်ငံကို ပြန်လည် ထိန်းချုပ် နိုင်စွမ်း မရှိ တော့။
(၄) ဒီမိုကရေစီ အတွက် တိုက်ပွဲ ဝင်နေသူများ သည် လူထု ၏ ထောက်ခံ မှု ကျယ်ကျယ်ပြန့်ပြန့် ရနေသည့် အဖွဲ့အစည်း များ ဖြစ်သည်။
(၅) လူထုသည် စစ်တပ် မှ အာဏာလက်လွှတ်မချင်း ဆက်၍ ဆန့်ကျင် တိုက်ပွဲ ဝင်သွားကြမည်သာ ဖြစ်သည်။
(၆) တော်လှန်ရေး အင်အားစုများ သည်သာ နိုင်ငံ တည်ငြိမ်ရေး လမ်းကြောင်းကို ရှောက်လှမ်းနိုင်ကြသူ များ ဖြစ်သည် ဆိုသည့် အချက်များပင် ဖြစ်သည်။
နိုင်ငံ အတွင် ထိပ်ဆုံးက ပါဝင် ပတ်သက်နေသည့် stakeholders များသည် လူထု တရပ်လုံးပင် ဖြစ်သည်။ လူထု ဆန္ဒ နှင့် မကိုက်ညီသည့် မည်သို့သော ဖြေရှင်းချက်မျိုး ရစေကာမူ ကျရှူံးသွားဖို့သာ ရှိပေသည်။
မြန်မာ အရေးသည် ရှုပ်ထွေးသည် မှန်သော်လည်း ဖြေရှင်း၍ မရနိင်ဟု နိုင်ငံတကာမှ လွဲမှားစွာ မှတ်ယူပြီး ပြိုလဲကျဆင်း လိုက်လာနေသည့် စစ်အုပ်စု ကို ကျားကန် ပေးနေသရွေ့ မည်သည့် ဖြေရှင်းချက်မျိုး မှ ထွက်လာနိုင်မည် မဟုတ်ပေ။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!