ထိုင်း၊ ဂျပန် တို့ မြန်မာ့ တော်လှန်ရေး အပေါ် သဘောထား ပြောင်းလဲလာမှု

by Hla Soewai - May 21 2024

ယခင် က နေပြည်တော်ရှိ စစ်အာဏာပိုင်များကို သာ မျက်နှာသာ ပေး ဆက်ဆံပြီး အမျိုးသား ညီညွတ်ရေး အစိုးရ ကို မသိကျိုးကျွံ ပြုလာခဲ့သည့် ထိုင်း နှင့် ဂျပန် အစိုးရများ၏ မူဝါဒ သည် ယခု အခါ မြန်မာ တို့၏ တော်လှန်ရေး ဖက်သို့ ယိမ်းယိုင် လာနေသည် လက္ခဏာများ တွေ့လာရသည်ဟု နစ်ကီ အေးရှား စာစောင်တွင် ယခုလို ရေးသားလာခဲ့သည်။

 

ထိုအထဲတွင် ကရင် ပြည်နယ် အတွင်း တရုတ် နိုင်ငံသားများ နှင့် ဒေသတွင်းရှိ ရာဇဝတ်ဂိုဏ်းများမှ ဦးဆောင်လှုပ်ရှားနေသည့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို ထိုင်း ဖက်မှ ပံ့ပိုးကူညီနေမှုများ ကို ထိုင်းအစိုးရမှ ယခင်ကထက် ပို၍ နှိမ်နှင်းလာနေ မှု များ ပါဝင်လာသည်။

 

တဖက်တွင် လည်း NUG နှင့် ကေအင်ယူ နှင့် ကရင်နီ တော်လှန်‌ ရေး တပ်များ အပြင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အသီးသီး နှင့် ထိတွေ့ဆက်ဆံမှုများ တိုးမြှင့် ပြုလုပ်လာခဲ့သည်။

 

ထိုင်း အမျိုးသား အသံလွှင့်လုပ်ငန်း နှင့် ကြေးနန်း ဆက်သွယ်ရေး ကော်မရှင် မှ ပြီးခဲ့သည့် အပတ် အတွင်း တရုတ် တို့ ကာလ ကြာမြင့်စွာ ဦးစီး လုပ်ကိုင်နေသည့် ရွှေကုက္ကိုလ် ရှိ တရားမဝင် လုပ်ငန်းများ ပေးနေ‌ သော အင်တာနက် နှင့် တယ်လီဖုန်း လိုင်းများ ဖြတ်တောက်ပစ်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

 

ထိုသို့ ထုတ်ပြန်လိုက်သည့် အမိန့်သည် သာမန်ကာလျှံကာ မဟုတ်ပဲ လွန်စွာ အရေးပါလှသည်ဟု ဆိုရမည် ဖြစ်သည်၊ အဘယ်ကြောင့် ဆို‌သော် ထိုင်း အတိုက်အခံ နိုင်ငံရေး သမားများဖက် မှ မဆုပ်မနစ် လော်ဘီ လုပ်လာမှု နှင့် အရေးပါသည့် ဝန်ကြီးဌာနများ အကြား အခြေအတင် ပြောဆို ဆွေးနွေးပြီးမှ ထွက်ပေါ်လာခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်ဟု မြန်မာ အရေး နှင့် ပတ်သက်၍ ဌာန ပေါင်းစုံ ပါဝင် ဖွဲ့စည်းထားသည့် အထူး လုပ်ငန်း အဖွဲ့ နှင့် ပတ်သက်နေသော ထိုင်းအရာရှိ တဦးက ဆိုသည်။

 

ယခင်က ထိုသို့ ဖြတ်တောက်ပစ်ရန် ပြောဆိုခဲ့မှု များ ရှိသော်လည်း ပြောသည့် ခဏသာ ဖြတ်တောက်ပစ်ခဲ့ပြီး နောက်ပိုင်း ဒုံရင်း ဒုံရင်း ပြန်ဖြစ်သွားခဲ့သည်။ ယခု အခါတွင်‌ တော့ဆုံးဖြတ်ချက်ကို အစိုးရ ထိပ်ပိုင်း မှ ချမှတ်ခဲ့ခြင်း ဖြစ်သည်က ၎င်းက ပြောပြခဲ့သည်။

 

အမေရိကန် နှင့် အနောက်တိုင်း အစိုးရများဖက် ကလည်း နိုင်ငံပေါင်း ၃၀ ကျော်မှ နိုင်ငံသားများ အလိမ်ခံရပြီး ကျွန်သာသာ အနေအထားမျိုး နှင့် ခိုင်းစေခံနေရသည် အထိ ကြီးထွားလာနေသော အင်တာနက် ငွေလိမ် ဂိုဏ်းများကို နှိမ်နှင်းပေးရန် ထိုင်း အား တွန်းတွန်း တိုက်တိုက် ပြောဆိုလာကြသည်။

 

ထိုငိးဖက် မှ စတင် နှိမ်နှင်းလာသည့် လုပ်ရပ်များ သိသာ ထင်ရှားစွာ တွေ့မြင်လာနေရသလို တဖက်တွင်လည်း ထိုင်း နှင့် ဂျပန် သည် အနောက်တိုင်း အစိုးရ များ အထူးသဖြင့် အမေရိကန် ၏ တွန်းအားပေးလာမှုများ နှင့်အတူ တော်လှန်ရေး အင်အားစု များ အား ပံ့ပိုးပေးနိုင်ရေး အတွက် ဆက်သွယ်ရေး လမ်းကြောင်းများ ဖွင့်လှစ်ထားနိုင်ရန် စိတ်ဝင်စားသည့် လက္ခဏာ များ ပြလာကြသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း အမေရိကန်မှ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ များအား "လူအသက်အန္တရာယ် မထိခိုက်စေမည့်" အကူအညီများ ပေးနိုင်ရန် ရံပုံငွေ ဒေါ်လာ ၁၆၇ သန်း ကို အတည်ပြု ပေးခဲ့သည်။

 

ဖူထိုင်း ပါတီ ကို တည်ထောင်ခဲ့သူ ဝန်ကြီးချုပ်ဟောင်း သာစင် ရှင်နာဝါထွာ မှ မကြာသေးမီကမြန်မာ တော်လှန်ရေး အဖွဲ့များ နှင့် ၎င်း၏ သဘောဆန္ဒ တခုတည်းဖြင့် ဆွေးနွေးခဲ့သည့် အတွက် ပို၍ ရှူပ်‌ထွေး သွားခဲ့သည်။ ၎င်းသည် ဒေသတွင်းရှိ "နိုင်ငံရေး ခေါင်းဆောင်များ" ကို စုစည်းပြီး မင်းအောင်လှိုင်နှင့် ဆွေးနွေးနိုင်ရန် ရည်ရွယ်ခဲ့ခြင်းလည်း ဖြစ်သည်။

 

သို့သော် သာစင်သည် မင်းအောင်လှိုင် နှင့် ပုဂ္ဂိုလ်ရေး အရ နီးစပ်သူ တဦး ဖြစ်နေ၍ တော်လှန်ရေး အဖွဲ့များက ၎င်း ပါဝင် ပတ်သက်လာမှု အပေါ် စိတ်ပျက်နေကြသည်။ မင်းအောင်လှိုင်သည် ‌ဖေ့စ်ဘုတ် သုံးခွင့်ရခဲ့စဉ်က ပြင်ဦးလွင်တွင် နှစ်ယောက်အတူတူ ရေကစား နေပုံ ကို တင်ခဲ့ဖူးသည်။

 

ဂျပန်သည် NUG အပါအဝင် ကေအင်ယူ၊ ချင်းအမျိုးသား တပ်ဦး၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ အပါအဝင် တိုင်းရင်းသား တော်လှန်‌‌ ရေး အဖွဲ့ ငါးဖွဲ့နှင့် မကြုံစဖူး ဆက်သွယ်လာခဲ့သည်။ ထိုအဖွဲ့များ မှ ကိုယ်စားလှယ် များအား တိုကျို သို့ မေလ ၁၀ ရက်နေ့မှစ၍ တပတ်ကြာ လာရောက်ပါရန် ဖိတ်ခေါ်လာခဲ့သည်။

 

ဂျပန် ရှိ အဖွဲ့အစည်းများက ဖိတ်ခေါ်ခြင်း ဖြစ်သော်လည်း မြန်မာနှင့် ပတ်သက်၍ သတိကြီးစွာထား ဆက်ဆံနေသည့် အစိုးရ မှ မသိကျိုးကျွံ ပြုနေခဲ့သည်။ သို့သော်လည်း အဆိုပါ အဖွဲ့အစည်းများ နှင့် နီးစပ်သည့် သတင်းရပ်ကွက်များကမူ ဂျပန် အစိုးရ အရာရှိများ အား သိုသိုသိပ်သိပ် ဆက်သွယ် အကြောင်းကြားခဲ့ပြီး ဖြစ်သည်ဟု ပြောလာကြသည်။ ၎င်းတို့မှ အာဏာသိမ်း အဖွဲ့ အပါအဝင် အဖွဲ့ပေါင်းစုံ နှင့် ‌ဆွေးနွေးနိုင်မည့် အလားအလာ ရှိမရှိ တီးခေါက် ဆွေးနွေးနိုင်ရန် ဖြစ်သည်။

 

လာရောက်မည့် အဖွဲ့သည် ဂျပန်၏ မြန်မာအရေး အထူး သံတမန် ဖြစ်သူ နီပွန် ဖောင်ဒေးရှင်း ဥက္ကဌ ယိုဟီ ဆာဆာကာဝါ နှင့် တွေ့ဆုံရန် ရှိနေသည်။ ဆာဆာကာဝါသည် ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေ နေ့များ အတွင်း ဘန်ကောက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့ နှင့် တွေ့ဆုံခဲ့ပြီးလည်း ဖြစ်သည်။

 

ထိုင်း၏ မူဝါဒ ပြောင်းလဲလာမှု သည် ကြီးထွားလာနေသော မြန်မာပြဿနာ နှင့် ပတ်သက်၍ ဆုပ်လည်းစူး စားလည်းရူး အနေအထား နှင့် ကြုံလာရမှု အပေါ် အခြေခံခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ၎င်းတို့ အဓိက စိုးရိမ်လာနေသည်က စစ်တပ်သည် နယ်မြေများ တနေ့တခြား ဆုံးရှုံးလိုက် လာ နေသည့် အထဲမှ နယ်ခြား‌ဒေသတွင် ပို၍ ဆိုးလာနေသည် ဆိုသည့် အချက်ကိုပင် ဖြစ်သည်။ 

 

မြဝတီ တွင် ဧပြီလ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် ထိုင်းဖက်သို့ ဒုက္ခသည် ထောင်ပေါင်းများစွာ ပြေးဝင်လာပြီး တနှစ်လျှင် ‌ဒေါ်လာ ၁.၃ ဘီလီယံ တန်ကြေးရှိသည့် နယ်ခြား ကုန်သွယ်ရေး ပျက်ပြားသွားခဲ့သည်။

 

ထိုင်းဝန်ကြီးချပ် ဆရက်သာ သာဝီဆင်သည် မြန်မာအရေး အထူးလုပ်ငန်း အဖွဲ့ကို ဦးဆောင်နေသည့် နိုင်ငံခြားရေး ဝန်ကြီး ပန်ပရီး ဘာဟစ်ဒါ နူကာရ နှင့် ဒုနိုင်ငံခြားရေး ဝန်ကြီး တို့ နှုတ်ထွက်သွားမှု ကြောင့် တပူပေါ် နစ်ပူဆင့် ဖြစ်သွားခဲ့ရသည်။

 

နိုင်ငံခြားရေး ဝန်ကြီး အသစ် မာရိ ဆမ်ဂီရမ်ပွန်ဆာ သည် သာစင် ၏ အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက် တဦးလည်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောငိရမည်!!!