အင်္ဂါနေ့တွင် စစ်ကောင်စီ တပ် အချို့သည် ယခင်က ၎င်းတို့ ပြီးခဲ့သည့် နှစ်ပတ်က လက်လွှတ် ဆုတ်ခွာ ထွက်ပြေးသွားခဲ့ရသည့် ခလရ ၂၇၅ တပ်ရင်း ဌာနချုပ် အတွင်းသို့ ပြန်လည် ရောက်ရှိလာပြီဟု စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း မှ AFP သတင်းဌာနသို့ အတည်ပြု ပြောဆိုလာခဲ့သည်။
သို့သော် ယခုထိ မြဝတီ ကို အပြည့်အဝ ထိန်းချုပ် နိုင်ခြင်း မရှိသေးဟူ၍တော့ ဝန်ခံသွားခဲ့သည်။ နှစ်ဖက်စလုံး အကျအဆုံး များ ရှိခဲ့သည်ဟု သာ ဆိုပြီး အသေးစိတ် ပြောဆိုခဲ့ခြင်း မရှိပေ။
စစ်တပ် လိုလားသော ဆိုရှယ်မီဒီယာ ပို့စ်များ တွင် စစ်သား အနည်းငယ်က တပ်ရင်း ဌာနချုပ် ထဲ အလံလွှင့်ထူ နေသည့် ပုံများ ကို တွေ့လာရသည်။
ကေအင်ယူ ပြောခွင့်ရ ဖဒို စောတောနီးမှ မှ ၎င်းတို့ တပ်များ ရန်သူ ဆင်ထားသည့် အကွက်ထဲ ဝင်မသွားစေရန် မြဝတီ မှ “ယာယီ ပြန်လည် ဆုတ်ခွာပေးခဲ့” ပြီး လက်ရှိ ရောက်နေသည့် တပ် နှင့် နောက်ထပ် စစ်ကူလာသည့် တပ်များ အား ဆက်လက် ချေမှုန်း သွားမည်ဟု ဆိုသည်။
သို့သော် မြဝတီ အတွက် စစ်ရေး အရ လွန်စွာ အရေးပါသည့် သင်္ကန်းညီနောင် ဗျူဟာကုန်း တခုလုံးကို ကေအင်ယူ တပ်များ က ထိန်းချုပ်ထားပြီး ဖြစ်သည်ဟု ဆိုသည်။
မြဝတီ မြို့တဝိုက် ဖြစ်ပွားခဲ့သော တိုက်ပွဲများ တွင် နယ်ခြားစောင့်တပ် BGF သည် မည်သည့် အခန်းကဏ္ဍ မှ ပါဝင်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးဟု AFP သတင်းက ဆိုသည်။ သို့သော် စောတောနီး ၏ အဆိုအရမူ ၎င်းတို့မှ တံတားအောက်မှ စစ်ကောင်စီ တပ်များ ကို ခေါ်လာပြီး အလံ ပြန်တင်ပေး သွားတာ ဖြစ်သည်ဟု စောတောနီးက ရှင်းပြသွားခဲ့သည်။
ယင်းသည် စစ်ကောင်စီ ၏ “အောင်ဇေယျ စစ်ဆင်ရေး” အမည်တပ်ကာ အင်အား အလုံးအရင်း နှင့် ထိုးစစ် ဆင်လာသော တပ်များသည် ဒေါန တောင်ခြေ အနောက်ဖက်ခြမ်း တွင်သာ ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။ ၎င်းတို့ မြဝတီ နှင့် သင်္ကန်းညီနောင်သို့ ချည်းကပ်မလာနိုင်အောင် တော်လှန်ရေး တပ်ဖွဲ့များက အစွမ်းကုန် ကာကွယ် တိုက်ခိုက်လျှက် ရှိနေသည်။
သင်္ကန်းညီနောင် ဗျူဟာ ကုန်း အား ပြန်၍ မရသရွေ့ စစ်ကောင်စီ အဖို့ မြဝတီ မြို့ အား မည်သို့မျှ ရေရှည် ထိန်းချုပ်ထားနိုင်စွမ်း ရှိမည် မဟုတ်ပေ။
ထိုင်း အစိုးရ သတင်းများအရ ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား ဆွေးနွေးမှု များ စတင်နေပြီ ဖြစ်ကြောင်း သတင်းများ ရရှိ ခဲ့သည်ဟု ဆိုသည်။
BGF ခေါင်းဆောင် စောချစ်သူ သည် မြဝတီ နှင့် အနီးတဝိုက် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ ရှိရာ ဒေသများ တွင် အကျိုးစီးပွား များစွာ ရှိနေသည်ဟု လည်း သတင်းတွင် ပါရှိခဲ့သည်။ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု၏ အစီရင်ခံစာတွင် စောချစ်သူ၊ မုတ်သုံ၊ တင်ဝင်း၊ DKBA မှ စိုင်းကျော်လှ တို့ ဖြစ်သည်ဟု ပါရှိသည်။
ဗုဒ္ဓဟူးနေ့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း မရှိဟု မြဝတီ ဒေသ ခံ တဦးမှ ရိုက်တာ သတင်းဌာန၏ အမေးကို ဖြေဆိုခဲ့သည်ဟုလည်း ပါရှိသည်။ ၎င်းအား ဗြိတိန်မှ လူကုန်ကူးမှု ဖြင့် စီးပွားရေး ဒဏ်ခတ် အရေးယူထားခဲ့ပြီး ဖြစ်သည်။
ထိုသို့ စစ်ကောင်စီ တပ် ခလရ ၂၇၅ သို့ ပြန်လည် ဝင်ရောက်လာချိန်မှာပင် မဲဆောက်သို့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီး နှင့် ပြည်ထဲရေး ဝန်ကြီး တို့ ရောက်ရှိလာခဲ့သည်။ မူလ က ဝန်ကြီးချုပ် လာရောက်ရန် စီစဉ်ထားသော်လည်း အကြောင်း အမျိုးမျိုး ကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိဟု ဆိုသည်။
ထိုင်းကာကွယ်ရေး ဝန်ကြီး မှ အာဏာသိမ်း တပ်များ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်များအား “၎င်းတို့ အကျိုး ရှိရာ ရှိကြောင်း အတွက်” ထိုင်း ပိုင်နက်နယ်မြေ ကို အသုံးမချရန် သတိပေးလာခဲ့သည်။
“ဒီနေ့ပဲ အခြား တဖက်ကို ဒေသအတွင်း လေယာဉ်တွေ စေလွှတ်ဖို့ ရှိမရှိ နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေး အသိပေး နိုင်ခဲ့ပါတယ်၊ ၎င်းတို့ လေယာဉ်တွေကို ကျွန်တော်တို့ဖက်က ကြားဖြတ် ဟန့်တား နိုင်စွမ်း ရှိတယ် ဆိုတာ ချစ်ကြည်ရေး ရှေးရှုပြီး အသိပေးခဲ့တယ် ဆိုပေမယ့် သတိပေးချက် အဖြစ် လည်း ယူဆ နိုင်ပါတယ်” ဟု ၎င်းက သတင်းထောက်များကို ပြောပြသွားခဲ့သည်။
ထိုင်းအစိုးရဖက်မှ မြဝတီ အရေး အတွက် လုပ်ငန်း ကော်မတီ ဖွဲ့စည်းခဲ့သော်လည်း လူထု၏ ယုံကြည်မှု ရှိအောင် မစွမ်းဆောင်နိုင်ခဲ့၍ ထိုင်း ကာကွယ်ရေး လုပ်ငန်းစဉ်များကို တိုးတက်မှု ရှိအောင် လုပ်ရန် လိုအပ်နေသည်ဟု ထိုင်း ဖက်မှ လေ့လာသူများက ဆိုသည်။
ထိုင်း ပြည်ထဲရေး ဝန်ကြီး မှ “ရှေ့လျောက် အခြေအနေများ တိုးတက် ကောင်းမွန်လာလိမ့်မည်” ဟု မျှော်လင့်ကြောင်း လည်း ပြောခဲ့သည်။
ထိုင်း နိုင်ငံခြားရေး ဝန်ကြီး မှ မြန်မာ ပဋိပက္ခ အဆုံးသတ်သွားရန် ကြားဝင် ဖြန်ဖြေ ပေးရန် အသင့် ရှိနေပြီး စစ်ကောင်စီ အပါအဝင် မြဝတီရှိ လက်နက်ကိုင် အဖွဲ့ အသီးသီး နှင့် ကနဦး ဆွေးနွေးမှု များ ပြုလုပ်ခဲ့သည်ဟု ပြောခဲ့သည်။
ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် က မြဝတီ တွင် တိုက်ပွဲ အရှိန် လျော့ကျသွားပြီ ဖြစ်၍ နယ်ခြားကုန်သွယ်ရေး ကို ပြန်လည် စတင်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ သို့သော် အခြေအနေများ က မရေမရာ မသေချာမှုများ နှင့် ပြည့်နှက်နေ၍ အချိန်မရွေး အပြောင်းအလဲများ ဖြစ်လာနိုင်၍ မိမိတို့မှ အနီးကပ် စောင့်ကြည့်နေသည် ဟု သတင်းစာရှင်းလင်းပွဲ တွင် ထုတ်ဖေါ် ပြောဆိုခဲ့သည်။
မြဝတီ အနေအထားသည် ထိုင်း၏ ဖိအားပေးမှု ဖြင့် မြို့တွင်း တိုက်ပွဲများ မဖြစ်အောင် ကေအင်ယူသည် BGF တပ်များအား ထိတ်တိုက်ရင်ဆိုင်ခြင်း ကို ရှောင်ရှားပြီး ဆွေးနွေးနေဆဲ ပင် ဖြစ်သည်။ လက်ရှိတွင် BGF အမည်ပြောင်း ကရင် အမျိုးသား တပ် ဖွဲ့ ဝင်များ ကင်းလှည်နေကြသည်ဟု ဆိုသည်။
စစ်ကောင်စီသည် ရေရှည် ဆက်လက် ရပ်တည်သွားနိုင်စွမ်း ရှိမည် မဟုတ်တော့ဟု ထိုင်း ဖက်မှ သဘောပေါက်စ ပြုလာပြီ ဖြစ်သည်။
ပြည်သူတို့ ၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!