ဒေါ် အောင်ဆန်းစုကြည် အား အဘယ်ကြောင့် နေရာ ရွှေ့ပြောင်းပေးခဲ့သနည်း

by Hla Soewai - Apr 24 2024

အထက်ပါ ခေါင်းစဉ် ဖြင့် ဧရာဝတီ မှ ယခုလို သုံးသပ်လာခဲ့သည်ကို ထုတ်နှုတ် တင်ပြလိုက်ပါသည်။

 

ပြည်သူများက အင်္ဂါနေ့တွင် နှစ်သစ်ကူး ၏ နောက်ဆုံး ရက် ကို ဖြတ်ကျော်နေချိန်တွင် စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အား မည်သည့် နေရာ ဟု ထုတ်မပြောသော နေရာတနေရာ သို့ တိတ်တဆိတ် ရွှေ့ပြောင်း ပေးလိုက်သည်။ အလားတူပင် တောင်ငူ ထောင်ရှိ သမ္မတကြီး ဦးဝင်းမြင့် အားလည်း ရွှေ့ပြောင်း ပေးခဲ့သည်။

 

၎င်းတို့ နှစ်ဦး စလုံးအား နေပြည်တော်ရှိ လေအေးပေးစက် ရှိသော အိမ် တအိမ် သို့ ရွှေ့ပြောင်းပေးလိုက်ပုံ ရသည်ဟု ယုံကြည်ရပေသည်၊

 

အဆိုပါ သတင်းအား မီဒီယာ လေးခု သို့ စကားလုံး သေချာစီစစ်ပြီး ထုတ်ပြန်ခဲ့သည်။

 

၎င်းတို့၏ အဓိက အကြောင်းပြချက်သည် ရာသီဥတု လွန်စွာ ပူပြင်း လာသော ကြောင့် ဖြစ်သည်ဟု ဆိုသည်။

 

နေပြည်တော် ရှိ အကျဉ်းထောင် သည် ငရဲတမျှ ဆိုးဝါးလှကြောင်း “An Unlikely Prisoner” စာအုပ် ရေးသား ထုတ်ဝေခဲ့သူ စီးပွားရေး အကြံပေး ရှောင်တန်နယ် က နစ်ကီ အေးရှား သတင်းဌာနသို့ ပြောပြခဲ့ဖူးပေသည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် သူမအား လေအေးပေးစက် တပ်ဆင်ပေးမည် ကို ပယ်ချခဲ့ပြီး အခြား ဘဝတူ အကျဉ်းသားများ အား အရင်တပ်ပေးမှ လက်ခံမည်ဟု ပြောခဲ့ဖူးသူ ဖြစ်သည်။

 

သူမ၏ အစိုးရ အဖွဲ့တွင် လုပ်ကိုင်ခဲ့ပြီး အတူ အကျဉ်းကျနေသူ အထက်တန်း အရာရှိကြီး တဦးက အကျဉ်းထောင် ဝန်းထဲတွင် သူမနှင့် တွေ့ဆုံခဲ့ရာတွင် ၎င်းမှ အကျဉ်းသား များ အားလုံးထဲတွင် ကြံ့ကြံ့ခံနိုင် ဆုံး ဖြစ်ပြီး သံမဏိစိတ်ဓါတ် ပိုင်ရှင် တဦး ဖြစ်သည်၊ သူ့အားလည်း ထောင်မှ ဘယ်အချိန် လွတ်မည် ဆိုသည်ပင် ဟောကိန်း ထုတ်သွားခဲ့သည်ဟု ပြန်ပြောင်း ပြောပြခဲ့သည်၊ သူမ၏ ဟောကိန်းသည် မမှား၊ ၎င်းသည် ၂၀၂၃ တွင် ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့သည် အဘယ်ကြောင့် ယခု ကျမှ သူမအား ရွှေ့ပြောင်းပေးလာခဲ့ရသနည်းဟု မေးစရာ ဖြစ်လာသည်။

 

စစ်ကောင်စီသည် နိုင်ငံ အနှံ့ မကြုံဖူးအောင် ခုခံတွန်းလှန် မှု များ နှင့် ရင်ဆိုင်လာခဲ့ရသည်။ တော်လှန်ရေး တပ်များသည် အချင်းချင်း ညှိနှိုင်း ဆောင်ရွက်လာမှုများ နှင့် အတူ နယ်မြေ အမြောက်အမြား လက်လွှတ်ခဲ့ရယုံမက တရုတ်၊ ထိုင်း တို့ နှင့် နယ်ခြား ကုန်သွယ်ရေး ဂိတ်များပါ လက်လွှတ်ခဲ့ရသည်။ အရာရှိ အရာခံ အကြပ်တပ်သား ရာပေါင်းများစွာ သည် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များထံ လက်နက်ချ အညံ့ခံ ခဲ့ကြ၍ စစ်အင်အား လည်း ပြုန်းတီး လိုက်လာနေသည်။

 

စစ်ကောင်စီ မှ ရှမ်းမြောက်ဒေသ တိုက်ပွဲများ တွင် အရေးနိမ့်လာသဖြင့် တရုတ်အား ဝင်ရောက် ဖြန်ဖြေပေးပါရန် တောင်းတောင်းပန်ပန် အရေး ဆိုလာပြီး နောက် ဒီဇင်ဘာ ပထမပတ်ထဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီသည် စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီး ဆိုသူ သန်းဆွေ နှင့် တွေ့ဆုံခဲ့သည်။

 

“မြန်မာသည် အမျိုးသား ရင်ကြားစေ့ရေး နှင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကို ဖွဲ့စည်းပုံ ဘောင်အတွင်း မှ ဖြစ်နိုင်သမျှ အမြန်ဆုံး ဆက်လက်လုပ်ဆောင်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း” ဝမ်ယီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

ပြီးခဲ့သည့် နှစ်ပတ်အတွင်း တရုတ်သံအမတ်ကြီး ချင်ဟိုင်း သည် ယခင် အာဏာရှင် ဟောင်းများ ထံ သွားရောက် တွေ့ဆုံခဲ့သည်။ ယင်း နှင့် ပတ်သက်၍ တရုတ် သံရုံး မှ ကြေညာချက် ထုတ်ပြန်ရာတွင် နိုင်ငံတွင်း ငြိမ်းချမ်း တည်ငြိမ် ဖွံ့ဖြိုးရေး၊ အမျိုးသား ရင်ကြားစေ့နိုင်ရေး၊ မြန်မာပြည်သူတို့၏ လူနေမှု ဘဝ တိုးတက်မြင့်မားရေး တို့ အတွက် ဆက်၍ ထောက်ခံသွားမည်ဟု ပါရှိလာခဲ့သည်။

 

ထို့ပြင် လက်ရှိ ပြည်ထဲရေး ဝန်ကြီး ရာပြည့်၊ ယခင် ရေတပ် အကြီးအကဲ နှင့် ယခု အမျိုးသား လုံခြုံရေး အကြံပေး မိုးအောင် တို့ နှင့်လည်း ဆွေးနွေးခဲ့သည်။

 

ယခုအချိန်ထိ တရုတ် အထက်တန်း အရာရှိကြီးများသည် ၂၀၁၁ မှ စ၍ မြင်ကွင်းမှ ပျောက်ကွယ်သွားသူ ဗိုလ်သန်းရွှေအား သွားရောက် တွေ့ဆုံနေကြဆဲ ဖြစ်သည် ဆိုသည့် အချက်သည် လွန်စွာမှ စိတ်ဝင်စားဖွယ် ကောင်းနေရသည်။

 

အာဏာသိမ်းပြီးချိန်မှစ၍ တရုတ်သည် ၎င်းတို့၏ အထူး သံတမန် ကို နေပြည်တော်သို့ ကြိမ်ဖန်များစွာ စေလွှတ်ခဲ့ရာ တွင် အဓိက ပြောဆိုခဲ့သည့် အကြောင်းအရာများထဲနှိုက် နိုင်ငံတော် အတိုင်ပင်ခံ၏ ကိုယ်စိတ် ကျန်းမာ ချမ်းသာစွာ ရှိရေးသည် အမြဲလို ပါဝင်ခဲ့သည်။ တရုတ် အရာရှိများက ၎င်းတို့ အနေဖြင့် အကျင့်ပျက် ခြစားနေသော မြန်မာ စစ်ဗိုလ်ချုပ်များထက် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပို၍ ယုံကြည်မှု ရှိကြောင်း မြန်မာ မိတ်ဆွေများအား ဖွင့်ဟ ပြောဆိုလေ့ရှိသည်။

 

ယခု ဒေါ်အောင်ဆန်းစုကြည်အား နေရာရွှေ့ပေးလိုက်သည် ဆိုသော သတင်းများ ကြောင့် တော်လှန်ရေး အင်အားစုများဖက်မှ စစ်ကောင်စီသည် သူမအား တရုတ် သံအမတ်ကြီး နှင့် တွေ့ဆုံခွင့် ပေးလိမ့်မည် ဆိုသော အတည်မပြုနိုင်သေးသော သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

စစ်ကောင်စီ ဖက်မှ အပူလှိုင်း များ ကြောင့် ဟု ဆိုကာ ၎င်းတို့၏ လုပ်ရပ်အား မည်မျှပင် လျော့ပေါ့ ပြောဆိုနေစေကာမူ နိုင်ငံရေး လေ့လာသူ အများအပြားကတော့ တရုတ်၏ ခြေရာလက်ရာ များ ပါသည်ဟု ရှုမြင်နေကြသည်။

 

တရုတ်မှ ဖိအား ထပ်ပေးလာခြင်း

***********

 

အင်္ဂါနေ့ တွင် ဘီဂျင်း ၌ ပြုလုပ်သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ လင်ဂျန်း မှ မြဝတီအား စစ်ကောင်စီ မှ လက်လွှတ်လိုက်ရခြင်း အပါအဝင် မြန်မာ နိုင်ငံ အတွင်း နောက်ဆုံး ဖြစ်ပေါ်နေမှု များ နှင့် ဘီဂျင်း အနေဖြင့် တော်လှန်ရေး အဖွဲ့များ နှင့် ပို၍ ထိတွေ့ဆက်ဆံလာမည်လား ဆိုသည့် အပေါ် ရိုက်တာ သတင်းထောက်၏ အမေးကို ဖြေကြားရာတွင် “ပါဝင် ပတ်သက်နေသည့် အဖွဲ့အစည်း အားလုံး တိုက်ခိုက်မှုများ ရပ်စဲပြီး ငြိမ်းချမ်းစွာ ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် အဖြေရှာကြခြင်း ဖြင့် အခြေအနေများ ထပ်မံ ဆိုးဝါးမလာအောင် ရှောင်ရှားကြရန်” တရုတ်မှ တောင်းဆို ကြောင်း ဖြေကြားသွားခဲ့သည်။ 

 

ဗုဒ္ဓဟူးနေ့တွင် တရုတ် အစိုးရ ရုပ်သံ CCTV မှ မြန်မာ နယ်စပ်တွင် လေကြောင်း ကာကွယ်ရေး အပါအဝင် စစ်ရေး လေ့ကျင်မှု များကို ကြည်းတပ် လေတပ် ပူးပေါင်း၍ ကျည်အစစ် များ ဖြင့် ပြုလုပ်ခဲ့သည့် သတင်းကို ထုတ်လွှင့်လာခဲ့သည်။ ယင်းသည် ယခုလ အတွင်း ဒုတိယ အကြိမ်မြောက် ပြုလုပ်လာခြင်းလည်း ဖြစ်သည်။

 

တရုတ်မှ နိုင်ငံ၏ အချုပ်အခြာ အာဏာ၊ နယ်စပ်ဒေသ တည်ငြိမ်ရေး နှင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ကို ပြတ်ပြတ်သားသား ကာကွယ်သွားနိုင်ရန် အတွက် ဖြစ်သည်ဟု ကြေညာချက် တွင် ပါရှိခဲ့သည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် ယခုအခါ မြဝတီ မြို့ အပါအဝင် တရုတ်၊ အိန္ဒိယ၊ ထိုင်း နယ်ခြား ကုန်သွယ်ရေး ဂိတ် အားလုံး နီးပါး ကို လက်လွှတ်ခဲ့ရသဖြင့် အကြီးမားဆုံး စိန်ခေါ်မှုများ နှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!