ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်း မှ လုံခြုံရေး ကောင်စီ အား တိုင်ကြား

by Hla Soewai - Mar 17 2024

သံအမတ်ကြီး ဦးကျော်မိုး ထွန်း မှ စစ်ကောင်စီ၏ လူငယ်လူရွယ်များ အပေါ် အတင်း အဓမ္မ စစ်ထဲ ဆွဲ သွင်းနေမှု များအား ရပ်တန့်ပေးရန် လုံခြုံရေး ကောင်စီ အား မတ်လ ၁၃ ရက်နေ့က တောင်းဆိုလိုက်သည်။

 

လုံခြုံရေး ကောင်စီ မှ ပြုလုပ်သော ပဋိပက္ခ များ ကာကွယ်‌တားဆီးရေး- အမျိုးသမီးများ၊ လူငယ်များ အား လုပ်ပိုင်ခွင့် များ ပေးအပ်ရေး ခေါင်းစဉ် ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲ တွင် ယခုလို တောင်းဆို လိုက်ခြင်း ဖြစ်သည်။

 

ယခုအခါ ကုလ သည် နိုင်ငံကြီး များ အားပြိုင်နေမှ့ ပြင်းထန်လာနေ၍ မည်သို့မျှ အာဏာ တည်ရန် မစွမ်းဆောင် နိုင်တော့ပဲ ဘေးထွက်ထိုင်နေရပြီ ဖြစ်သည်။ ထိုအဖြစ်ကပင် မိမိတို့ တိုင်းပြည် တိုးတက် ဖွံ့ဖြိုး ရေး အား အာရုံစိုက် လိုသော နိုင်ငံငယ် ကလေး များ အား ဖိနှိပ်ထားသည် နှင့် အတူတူ ပင် ဖြစ်သည်။

 

သို့သော်လည်း နိုင်ငံ တကာ သို့ ဖြစ်ပျက်နေသည်များကို တင်ပြနိုင်ရန် နှင့် နိုင်ငံတခုချင်းစီ၏ သ‌‌ ဘောထားကို ထုတ်‌ ဖေါ် ပြောဆို ၍ ရသည့် စင်မြင့်ကြီး အဖြစ် တော့ အသုံးဝင်နေသေးသည်။ 

 

စစ်ကောင်စီ သည် သုံးနှစ်သာ ကြာလာသော်လည်း ထိုစင်မြင့်ကြီး အနားသို့ ၎င်းတို့ ကိုယ်စားလှယ် တဦး တယောက်မျှ ယောင်လို့ပင် ကပ်ခွင့် မရ ဖြစ်နေဆဲပင်။

 

ယခုအခါ အသက်ဆက် နိုင်ရန် စစ်မှုထမ်း ဥပဒေ ဆိုသည်ကို ထုတ်ပြန်လာပြီး တိုင်းပြည်၏ အနာဂတ်လူငယ်များကို စတေးပစ်ရန် အထိ မိုက်မဲစွာ ကြံစည်လာကြပြီ ဖြစ်သည်။

 

ယခုအခါ ပွဲဦးထွက် အဖြစ် လူသားဒိုင်း အဖြစ် အသုံးချ ခံခဲ့ရည် စစ်တွေရှိ စစ်ဘေးရှောင် စခန်းမှ ခေါ်ယူခံရသည့် ရိုဟင်ဂျာ လူငယ် ၉၇ ဦး အနက် ၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိသွားသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ထုတ်ဖေါ်ပြောဆိုခဲ့သည်။ သေဆုံးသွားသူများ အတွက် ငွေ ဆယ်သိန်း နှင့် ဆန် နှစ်အိတ် ပေးသည်ဟု သိရကြောင်းလည်း ၎င်းက ဆိုသည်။

 

စစ်ထဲဝင်မည် ဆိုက ဆန်တအိတ်၊ နိုင်ငံသား စီစစ်ရေး ကပ်ပြား နှင့် လစာ တသိန်းခွဲ ပေးမည်ဟု ကမ်းလှမ်းနေကြောင်းလည်း Asia Times စာစောင်တွင် ဖေါ်ပြထားသည်။

 

ရခိုင်ပြည်နယ် အတွင်း တနေ့တခြား တင်းမာလာနေသော စစ်ရေး အခြေအနေများ ကြောင့် အိန္ဖိယ နိုင်ငံသားများ အား ရခိုင်ပြည်နယ် အတွင်း မှ ချက်ခြင်း ထွက်ခွာကြရန် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန မှ သတိပေးချက် ထုတ်ပြန်လာခဲ့သည်။

 

ကနီ မြို့အား စစ်ကောင်စီ တပ်များက အလုံအရင်း နှင့် တိုက်ခိုက်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များ ဆုတ်ခွာ ပေးလိုက်ရသော်လည်း တိုင်းရင်းသား နယ်မြေများ အားလုံးတွင် အောင်ပွဲများ အသီးသီး ရရှိလျက် ရှိနေသည်။

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြိုနယ်၊ KNU တပ်မဟာ ၆ နယ်မြေ အတွင်းရှိ ကျိုက်ဒုံ ဗျူဟာ စစ်တပ်စခန်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်သော အင်အား ၆၀ ဝန်းကျင်ပါ တပ်ဖွဲသည် KNLA ထံတွင် မတ်လ ၁၄ ရက် နေ့ ညနေတွင်အလံဖြူထောင်၍ လက်နက်ချ အညံ့ခံလိုက်ကြောင်း KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုသည်ဟု ခေတ်သစ် တွင် ရေးသားထားသည်။

 

ကချင်ပြည်နယ် လိုင်ဇာမြို့အနီး ဘွမ်ရေဘွမ်တောင်မှာရှိ စစ်တပ် ဗျူဟာကုန်းစခန်း နှင့် မိုး‌ မောက် မြို့နယ် အတွင်း ရှိ ဒါဆိုင်းရွာ တွင် တပ်စွဲထား‌ သော ခမရ ၂၃၇ တပ်ရင်း ဌာနချုပ်ကို ပါ KIA က ထပ်မံသိမ်းပိုက်လိုက်ပြီး ၊ လက်နက်ခဲယမ်းအမြောက်အမြားကိုပါ သိမ်းဆည်းရရှိထားသလို ၊ စစ်သား တွေ ဟာ တပ်ပျက်ပြီး ခြေဦးတည့်ရာ ထွက်ပြေးနေကြကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောသည်ဟုလည်း ပါရှိသည်။

 

ကေအိုင်အေ ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူ မှ ယခု အခါ ကေအိုင်အေ ဌာနချုပ် ရှိရာ လိုင်ဇာအား အမြဲလို ခြိမ်းခြောက်နေသည့် စစ်ကောင်စီ၏ ပင်မ တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ပြီ ဖြစ်သည်ဟု ဧရာဝတီ သတင်းဌာနကို အတည်ပြု ပြောကြားခဲ့သည်။ (ပုံတွင် ရှေ့တန်း တနေရာရှိ ကေအိုင်အေ တပ်ဖွဲ့ဝင် များကို တွေ့နိုင်သည်။)

 

MNDAA သည် နယ်ခြား ကုန်သွယ်ရေး ဂိတ်ကို ပြန်၍ ဖွင့်လှစ်ပေးလိုက်သော်လည်း စစ်ကောင်စီ တပ်များက မစားရသည့် အမဲ သဲ နှင့် ပက် ဆိုသကဲ့သို့ လာရှိုး မြို့အနီးမှနေ၍ ကုန်သွယ်ရေး လမ်းကြောင်းကို ပိတ်ဆို့ထားသဖြင့် အဝင်အထွက် မရှိတော့ဟု ကုန်သည်များအား ကိုးကား၍ ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည်။

 

ကုန်သည်များသည် လောလောဆယ်တွင် တောင်ကြီး-ကျိုင်းတုံ- မိုင်းလား လမ်း နှင့် ကချင်ပြည်နယ် အတွင်းရှိ ခမ်ပတ်တီး ဂိတ်ကို အသုံးပြု နေကြရသည်ဟုလည်း ဆိုသည်။

 

နောက်ဆုံး ထွက်ပေါ်လာသော သတင်းအရ တော်လှန်ရေး ပျောက်ကြားအဖွဲ့များက တောင်ငူ လေတပ် စခန်းအား မတ်လ ၁၄ ရက် နေ့ ညဦးပိုင်းတွင် ၁၀၇ မမ ရှောတိုက် ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ဗိုလ်မှုး အဆင့် လေတပ်အရာရှိ အပါအဝင် ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်၊ ထို့အပြင် ရပ်ထား‌ သော လေယာဉ် နှစ်စီး ပါ ထိမှန် ပျက်စီးသွားသည်ဟု သိရသည်။

 

တော်လှန်ရေး ၏ အောင်မြင်မှု ကို အကြီးအကျယ် ဟန့်တားနေသည့် စစ်ကောင်စီ၏ လေတပ်အင်အားကို မိမိတို့ အစွမ်း ရှိသလောက် အမှည့် ချွေသွားရန် တော်လှန်ရေး အင်အားစု များ ဖက်က သံန္နိဋ္ဌာန် ချထားပြီး ဆိုသည်ကိုလည်း ပြဆို လိုက်ခြင်းလည်း ဖြစ်သည်။

 

တဖက်တွင် လည်း နိုင်ငံတွင်းရှိ အရပ်ဖက် အဖွဲ့အစည်းများက ဦးဆောင်ပြီး ‌နိုင်ငံတကာ ကုမ္ပဏီ များ မှ စစ်ကောင်စီအား လေယာဉ်ဆီ ရောင်းချမှု ပိတ်ပင်ရေး အတွက် Blood Money ကမ်းပိန်းကို မတ်လ ၁၀ ရက်နေ့မှစ၍ ပြည်တွင်း ပြည်ပတွင် စတင်လာခဲ့ပြီ ဖြစ်သည်။ 

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ ကုလ လုံခြုံ‌ ရေး ကောင်စီ မှ အမိန့်အာဏာ တည်စေသည့် ဆုံးဖြတ်ချက် မျိုး အထိ ပေါ်ထွက်လာအောင် အထိ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်‌ ကြောင်း မှတ်ချက် ပေးလာခဲ့သည်။

 

ယင်းသည် ကိုယ်ကျင့်တရား ရှု ဒေါင့်သာမက မည်သည့် ရှုဒေါင့်က ကြည့်ကြည့် ကမ္ဘာ လူသားတို့၏ အသက် အိုးအိမ် ကို ကာကွယ်ရန် တာဝန် ရှိနေသည့် ကမ္ဘာ အဖွဲ့အစည်းကြီး တရပ် ဖြစ် သော ကုလ လုံခြုံရေး ကောင်စီ သည် အနည်းဆုံး လုပ်ပေးသင့်လှပေသည်။ 

 

အာဏာသိမ်းပြီးချိန်မှ ယခု နှစ် ဇန်နဝါရီ လ အတွင်း‌ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် အရပ်ဖက် ပစ်မှတ်များကို တိုက်ခိုက်ခဲ့မှု ကြောင့် အပြစ်မဲ့ ပြည်သူ ၁,၄၂၉ ဦး သေဆုံးခဲ့ပြီး ၂,၆၄၁ ဦး ဒဏ်ရာရရှိ ခဲ့ပြီ ဖြစ်သည်ဟု လွတ်လပ်သော အာရှ အသံ RFA မှ ပြုစုထားသော စာရင်းများက ဖေါ်ပြနေသည်။

 

လေယာဉ် ဆီ ရောင်းချ မှု ပိတ်ပင်ပေးရေး တောင်းဆိုချက်သည် အပြစ်မဲ့ တိုင်းရင်းသား ပြည်သူများ၏ အသက်ကို ကာကွယ်ပေးရာ ရောက်၍ ပြည်သူ တရပ်လုံး တခဲနက် ပါဝင်သင့်သည့် လူထု လှုပ်ရှားမှု ကြီးလည်း ဖြစ်ပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!