မနောမြေမှ သွေးချင်းတို့ ၏ အောင်ပွဲများ

by Hla Soewai - Mar 12 2024

ကချင် လွတ်မြောက်ရေး တပ်တော် ကေအိုင်အေ နှင့် တော်လှန်ရေး မဟာမိတ် တပ်များသည် မိုးမောက် နှင့် ဝိုင်းမော် အကြားရှိ ၁၂၀ မိုင် လမ်း တလျှောက် စစ်ကောင်စီ တပ်စခန်း များ နှင့် တပ်စွဲရာ နေရာ ၁၀ ခု ကို တပြိုင်တည်း ဝင်တိုက်ပြီး ဖေဖေါ်ဝါရီ ၂၇ မှ စ၍ ၀၃၀၇ ထိုးစစ်ကို တရားဝင် စတင်လိုက်ပြီ ဖြစ်သည် ဟု သတင်းထုတ်ပြန် ကြေညာလိုက်ပြီ ဖြစ်သည်။

 

စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် လိုင်ဇာအနီးသို့ လာရောက်ပစ်ခတ်လျက်ရှိပြီး တရုတ်နိုင်ငံဘက်အခြမ်းသို့ လက်နက်ကြီး ၁ လုံးကျရောက်ကြောင်း သိရှိရသည်။

 

လက်ရှိတွင် လိုင်ဇာ အနီးရှိ စစ်ကောင်စီ စခန်းကုန်း ဆယ်ခုနီးပါး ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သည်ဟု ကေအိုင်အေ ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူးက ဧရာဝတီ သတင်းဌာနသို့ ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

ဗန်းမော် လေဆိပ် ရှိ လေယာဉ် ပြေးလမ်း ကို လည်း လက်နက်ကြီးများ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗုံးကြဲတိုက်ခိုက်မည့် လေယာဉ်များ အတက်အဆင်း လုပ်၍ မရအောင် ပျက်စီးသွားခဲ့သည်။

 

မြစ်ကြီးနား နှင့် ဗန်းမော် အကြား လမ်းမကြီး ပေါ်ရှိ စစ်စခန်း တခုအားလည်း တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ပြန်သည်။

 

ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့များသည်လည်း မုံရွာ နှင့် မိုင် ၄၀ သာ ကွာဝေးသည့် ကနီ မြို့ အား လုံးဝနီးပါး ထိန်းချုပ် နိုင်ခဲ့ပြီး မြို့ပတ်ဝန်းကျင် တဝိုက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိနေသည်။

 

ထိုသို့ အောင်ပွဲများ ရလာခဲ့ခြင်းသည်လည်း ရခိုင် နှင့် ကချင် ပြည်နယ်များ တွင် စစ်ကောင်စီ တပ်များအား စစ်ရေးအရ ဖိအားများ ပေးထားနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

 

ဇန်နဝါရီ အပစ်ရပ် ထိုးစစ်တွင် မပါဝင်သည့် ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်များတွင် တိုက်ပွဲများ အပြင်းအထန် ဆက်လက် ဖြစ်ပွားလျက် ရှိသည်။ ရက္ခိုင်တပ်တော်သည် အနည်းဆုံး မြို့ ခြောက်မြို့အား သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တွေသို့ ဦးတည် နေပြီ ဖြစ်သည်ဟု မြန်မာ နောင်းတွင် ရေးသားထားသည်။

 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် AA က ယနေ့ မတ်လ ၇ ရက်နေ့တွင် အပြတ်အသတ် သိမ်းပိုက်လိုက်ပြီ ဖြစ်၍ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသတွင် AA က ပထမဆုံးအကြိမ် မြို့သိမ်း ပိုက်နိုင် လိုက်ခြင်းလည်း ဖြစ်သည်။ 

 

မြို့တော် စစ်တွေ နှင့် ၁၅ မိုင် အကွာတွင် ရှိသည့် ပုဏ္ဍားကျွန်း မြို့အားလည်း သိမ်းပိုက် နိုင်ခဲ့ပြန်၍ စစ်တွေ တွင် လျပ်စစ် မီး ပြတ်တောက်နေပြီး မြို့ခံများ အလုံးအရင်း နှင့် ကို မြို့ကို နေ့စဉ်လိုလို စွန့်ခွာ ထွက်ပြေး နေကြပြီ ဖြစ်သည်။

 

တရုတ်၏ ကြားဝင် စေ့ဆပ်ပေးမှုဖြင့် ရှမ်းမြောက် ဒေသတွင်၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သော ညီနောင်သုံး‌ ဖေါ် မဟာမိတ် အဖွဲ့၏ ၁၀၂၇ ထိုးစစ်ကြီးသည် ၇၇ ရက် မြောက်နေ့ ဖြစ်သည့် ၂၀၂၄ ‌ဇန်နဝါရီ ၁၁ ရက်နေ့တွင် ရပ်နားသွားခဲ့သည်။ သို့သော် အခြေအနေများက ဆက်၍ တင်းမာနေဆဲပင် ဖြစ်သည်။

 

လက်ရှိ ယာယီ အပစ်ရပ် သဘောတူညီချက်တွင် ညီနောင် သုံးဖေါ် အဖွဲ့မှ ရှမ်းမြောက်ဒေသတွင် ဆက်လက် ထိုးစစ်ဆင်ခြင်း မပြုလုပ်ရန် နှင့် စစ်ကောင်စီ ဖက်ကလည်း လက်လွှတ်ပေးခဲ့ရသော မြို့များကို လေကြောင်းမှ တိုက်ခိုက်ခြင်း မပြုရန် တို့ပါဝင်ခဲ့သည်။ 

 

စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားပြီး ဖြစ် သော နမ္မတူ၊ နမ့်ဆန် နှင့် မန်တုံ မြို့များတွင် စစ်အုပ်ချုပ် ရေး ကြေညာပြီး အရှေ့‌ မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေ လာရှိုး တွင် အင်အား အလုံအရင်း ဖြည့်တင်းလျက် ရှိ‌ နေသည်၊ မိမိတို့ ထိုးစစ်ကြီး အောင်မြင်‌ နေသည့် အရှိန် အဟုန် ကို ဗြုန်းစားကြီး ရပ်ဆိုင်းပေးလိုက်ရ‌ သော TNLA အဖို့ တန်ဖိုးကြီးကြီး ပေးဆပ်ရမည့် အမှားမျိုး ကျုးလွန် ခဲ့ခြင်း ရှိမရှိ မကြာမီ အဖြေ ထွက်လာတော့မည် ဖြစ်သည်။

 

အဘယ်ကြောင့် ဆိုသော ၎င်းတို့ စစ်ပြေငြိမ်း ပေးလိုက်သော စစ်ကောင်စီ ၏ အနေအထားသည် ခပ်တဲတဲ သာ ကျန်တော့ပြီး အဓိက မြို့ကြီးများကို ဆက်သွယ်ထားသည့် စင်္ကြန် လမ်းမ ကြီး တလျောက်သာ ထိန်းထားနိုင်စွမ်း ရှိတော့သည်ဟု Eurasia Review တွင် နယူးဒေလီ ရှိ ကာကွယ်ရေး သုတေသန ဌာန မှ သုံးသပ်ထားသည်။

 

ဆက်လက်၍ ရေးသားထားရာတွင် စစ်မြေပြင်တွင် အရေးနိမ့်လာမှု များ ကြောင့် စစ်ကောင်စီအတွင်း ဂဏမငြိမ် ဖြစ်လာပြီး ပြိုကွဲသွားနိုင်သည့် အလားအလာ များ ရှိနေသည်ဟု ဆိုသည်။ စစ်ကောင်စီ ဖက်မှ ဗိုလ်ချုပ် အဆင့်ရှိ ဆယ်ဦး အပါအဝင် ၅,၅၀၀ ခန် ကျဆုံးခဲ့သည်ဟု ခန့်မှန်းထားသည်။

 

ဆုံးရှုံးသွားသော နယ်မြေ များကို ပြန်၍ သိမ်းပိုက် နိုင်ခြင်း မရှိသည့် အပြင် လေကြောင်းမှ တိုက်ခိုက်မှု များကြောင့် လူထု၏ ထောက်ခံမှု တနေ့တခြား ဆုံးရှုံးလာနေပြီ ဖြစ်သည်။ စစ်အင်အား တနေ့တခြား ပြုန်းတီးလာနေသည်ကို ပြန်၍ အင်အား ဖြည့်တင်းရန် ၎င်းတို့အတွက် နိုင်ငံ‌ ရေး အရ လွန်စွာ အန္တရာယ်များလှသည့် စစ်မှု မထမ်း မနေရ ဥပဒေ ထုတ်ပြန်လာခဲ့ရသည်။

 

လက်ရှိတွင် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ နှင့် ပြည်သူ့ကာကွယ်ရေး တပ်များအကြား စစ်တပ်ကို ဖယ်ရှားနိုင်ရေး ဆိုသည့် အဓိက ဦးတည်ချက်မှ လွဲ၍ တိုင်းပြည်၏ အနာဂတ် အရေး နှင့် ပတ်သက်၍ သဘောထား အမျိုးမျိုး ရှိနေ၍ အာဏာ ခွဲဝေ ကျင့်သုံးရေး တွင် အခက်အခဲများ ရှိလာနိုင်ပေသည်။

 

စစ်အာဏာသိမ်း အဖွဲ့နှင့် တော်လှန်ရေး အဖွဲ့များ အကြား လတ်တလော ပြေလည် နိုင်မည့် ဖြေရှင်းချက် မျိုး ထွက်ပေါ်လာနိုင်ဖွယ် မရှိဖြစ်နေသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ စစ်တပ်သည် နိုင်ငံရေး တွင် မပါဝင်တော့ပဲ ရွေးကောက်ခံ အစိုးရ၏ လက်အောက်တွင် နေပါတော့မည်ဟူသော အာမခံချက်မျိုး ပေးနိုင်မှသာ စစ်မှန်သော ဆွေးနွေးပွဲ များ ဖြစ်လာနိုင်သည်ဟု ထုတ်ဖေါ် ပြောဆိုထားပြီး ဖြစ်သည်။

 

သို့သော် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကဲ့သို့ မြို့ကြီး များ တဝိုက် လှုပ်ရှားနေသော NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အနေဖြင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များလို အောင်မြင်မှု များ ရရှိရန် လိုအပ်နေသေးသည်။

 

မကြာမီက ဖြစ်ပေါ် ပြောင်းလဲလာသည့် အခြေ အနေများကို ကြည့်မည်ဆိုက စစ်ကောင်စီသည် ၎င်းတို့ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည် သိမ်းယူ နိုင်စွမ်း မရှိတော့ပေ။ လက်ရှိ မြို့များကို ထိန်းသိမ်း ထားနိုင်ရန် နှင့် ထောက်ပို့ လမ်းကြောင်းများကို ထိန်းသိမ်းထားနိုင်ဖို့ ခံစစ် အနေအထားဖြင့် သာ ရင်ဆိုင်ရန် ပြင်ဆင်ထားကြသည်။

 

သို့သော် ပြည်တွင်းစစ်သည် မြို့ကြီးပြကြီးများသို့ ကူးစက်လာနိုင်မည့် အလားအလာများ ရှိနေသည်ဟု ရေးသားထားသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!