ကောလင်း တိုက်ပွဲ ပြင်းထန်နေ၊ မြို့တွင်းမှ စစ်ကောင်စီ တပ်များ ပြန်ဆုတ်

by Hla Soewai - Feb 17 2024

မင်းအောင်လှိုင်သည် အရေးပေါ် ‌အခြေအနေကို ငါးကြိမ် မြောက် သက်တမ်းတိုးခဲ့ရသော်လည်း မည်သည့် နေရာ တွင်မှ တိုးတက် တည်ငြိမ်လာသည် ဟူ၍ မရှိဖြစ်နေသဖြင့် ၎င်း နှင့် မိသားစု စီးပွားရေး အင်ပိုင်ယာ ကြီး ဆက်လက် ရပ်တည်သွားနိုင်ဖို့ တခုခု လုပ်ပြနိုင်မှ ဖြစ်တော့မည်ဟု သဘောပေါက်လာပြီ ဖြစ်သည်။

 

ထို့အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ ပြည်သူ့ ကာကွယ်‌ ရေး တပ်များ ထိန်းချုပ်ထားသည့် ကောလင်းမြို့ကို easy target အဖြစ် ယူဆကာ ရှိသမျှ အင်အား ထုတ်နှုတ် သုံးစွဲပြီး စစ်ကြောင်းများအား ကန့်ဘလူ နှင့် ကျွန်းလှ မြို့ဖက်မှ တောင် နှင့် မြောက် ဖြန့်ကာ ဖေဖေါ်ဝါရီ ၃ ရက် နေ့မှစ၍ ထိုးစစ်ဆင်လာခြင်းပင် ဖြစ်သည်။

 

သို့သော် ၎င်းထင်သလို ဖြစ်မလာပဲ လေကြောင်း နှင့် လက်နက်ကြီး ပစ်ကူများဖြင့် နှစ်ရက်ကြာ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်လာသဖြင့် မြို့တွင်းသို့ ခေတ္တခဏသာ ဝင်ရောက်လာနိုင်ပြီး တော်လှန်ရေး မဟာမိတ်များ၏ ခုခံတွန်းလှန်မှု ကြောင့် ဖရိုဖရဲ နှင့် ဆုတ်ခွာ ထွက်ပြေးသွားခဲ့ရသည် ဟု မြေပြင် စစ်သတင်းများ အရ သိရသည်။

 

၎င်းတို့ ခေတ္တခဏ ဝင်ရောက်နိုင်စဉ် အတွင်း ကျော်ဇေယျ ရပ်ကွက်အား မီးတင် ရှို့ ဖျက်ဆီးသွားခဲ့ကြပြန်သည်။

 

တော်လှန်ရေး မဟာမိတ်များက ၎င်းတို့ လက်လွှတ် ချန်ထားခဲ့ရသော လက်နက် ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိနိုင်ခဲ့သည့် အပြင် MI-35 ရဟတ်ယာ‌ဉ် ကိုပါ ထိမှန်အောင် ပစ်ချ နိုင်ခဲ့သဖြင့် ကန့်ဘလူ ရှိ တင့်ကား တပ်ရင်း ၆၀၀၆ သို့ အရေးပေါ် ဆင်းသက်လိုက်ရသည်ဟု သိရသည်။

 

စစ်ကောင်စီ ဝါဒ ဖြန့် သတင်းများက မူ ဖိုတိုရှော့များ နှင့် လေလှိုင်းပေါ်မှ အကြီးအကျယ် ဝါဒဖြန့် ထိုးစစ်ဆင်ကာ စိတ်ဓါတ် စစ်ဆင်ရေး လုပ်လာနေ၍ အမျိုးသား ညီညွတ်ရေး အစိုးရ ပြောခွင့်ရ ဦးနေဘုန်းလတ်မှ လူထု အား သတိပေး လာပြီး ၎င်းတို့ ထုတ်လွှင့်သော သတင်းများကို ချင့်ချိန်ယုံကြဖို့ ပြောလာခဲ့သည်။

 

ဤသည်ကို ကြည့်က မင်းအောင်လှိုင်သည် ကောလင်းကို သိမ်းနိုင်မှ အသက်ရှုပေါက် ချောင်မည် ဖြစ်ပြီး ၎င်း၏ အနာဂတ် အတွက်လည်း အဆုံးအဖြတ် ပေးနိုင်သည်ဟု ယူဆစရာ ဖြစ်လာနေသဖြင့် ၎င်း၏ ကောလင်း ထိုးစစ်ကို မဖြစ်မနေ ရိုက်ချိုး ပစ်နိုင်မှ ဖြစ်ပေတော့မည်။

 

ကောလင်းတိုက်ပွဲ၌ ပါဝင်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်များအတွက် လက်နက်၊ ခဲယမ်းများ လိုအပ်မှု မရှိစေရန် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က အချိန်နှင့်တပြေးညီ ဖြည့်ဆည်းပေးနေကြောင်း NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် က ဆိုသည်။

 

ရခိုင် ပြည်နယ် အတွင်းတွင်လည်း စစ်သင်္ဘော သုံးစီး နစ်မြုပ်ခံလိုက်ရသည် အထိ အကြီးအကျယ် အရေး နိမ့်နေသည်၊ ယခုအခါ ရက္ခိုင် တပ်တော်သည် မြောက်ဦးရှိ စစ်ကောင်စီ ၏ နောက်ဆုံး လက်ကျန် စခန်း ဖြစ်သော အမှတ် (၃၁) ရဲတပ်ရင်းအား သိမ်းပိုက် နိုင်ခဲ့ပြီ ဖြစ်၍ မင်းပြား နှင့် ကျောက်ဝောာ် ပြီးနောက် မြောက်ဦး မြို့သည် တတိယမြောက် မြို့အဖြစ် ရက္ခိုင် တပ်တော် လက်တွင်း သက်ဆင်းသွားခဲ့ရပြီ ဖြစ်သည်။ 

 

ယခုအခါ ရခိုင်ပြည်နယ် အတွင်း ဂွ၊ သံတွဲ နှင့် မာန်အောင် မြို့နယ် သုံးမြို့ နယ်တွင်သာ စစ်ကောင်စီ အုပ်ချုပ်မှု ရှိနေပြီး ကျန် ဆယ်လေးမြို့တွင် အုပ်ချုပ်ရေး ပျက်ပြားနေပြီဟုလည်း သိရသည်။

 

ကျောက်တော်မြို့တွင် အခြေစိုက်သော အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ ခြေမြန်တပ်ရင်း ၁၀ ရင်းလုံးကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ (ဖေဖော်ဝါရီ ၇) တွင် သတင်းထုတ်ပြန်သည်။

 

စစ်တပ် မှ တိုက်ပွဲ ဖြစ်ပွား ရာ နေရာ များ တဝိုက် မြို့ရွာ များကို ဗုံးကြဲတိုက်ခိုက် မီးရှို့ခြင်းဖြင့် လူထု မှ တော်လှန်ရေး မဟာမိတ်တပ်များအား ‌ထောက်ခံခြင်း မပြုပဲ ဆန့်ကျင်လာစေရန် ရည်ရွယ် ပြုလုပ်နေသော်လည်း ၎င်းတို့ ၏ ရက်စက် ကြမ်းကြုတ်လှသော ရက်စက်မှု များ ကြောင့် မဆန့်ကျင်ကြသည့် အပြင် ကယ်တင်ရှင် သူရဲကောင်းများ အဖြစ် နှစ်ဆတိုး၍ ထောက်ခံလာကြပြီ ဖြစ်သည်။

 

ပြည်သူလူထု ၏ ထောက်ခံမှု ဆုံးရှုံးသွားသည့်အပြင် မင်းအောင်လှိုင်မှ အစ အဆင့်ဆင့် ဆုံးဖြတ်ချက် အမှားများ ကြားတွင် စစ်ဂောာင်စီ တပ်သားများ၏ အသက်ပေါင်းများစွာ စတေး ပေးနေရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!