နိုင်ငံတကာ ရေးရာ မိတ်ဆက်(26)

by Hla Soewai - Jan 19 2024

စစ်ကြီး အပြီး ရင်ဆိုင်လာရသော ဒုတိယ မြောက် စိန်ခေါ်မှု ကြီးသည်က စစ်ဒဏ် ခံခဲ့ရသော ဥရောပ နိုင်ငံများ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်သွားနိုင်ရေး အတွက် ကူညီ ပေးရေးပင် ဖြစ်သည်။ စက်မှု လုပ်ငန်းများလည်း ပြန်လည် တည်ဆောက်ရဦး မည် ဖြစ်သည့်အပြင် ဒုကွသည်များသည် ဥရောပ တတိုက်လုံး တွင် ပြန့်ကြဲနေသည်။ သန်းပေါင်းများစွာ သော လူများ အကူအညီများ လိုအပ်လာနေသည်။

 

သို့သော် အကူအညီပေးရန် စဉ်းစားလာခဲ့ခြင်းသည် လူသားချင်းစာနထောက်ထားလိုမှူ နှင့် စီးပွားရေး အကြောင်း သက်သက်ချည်းတော့ မဟုတ်၊ နိုင်ငံ ရေး အကြောင်းများ လည်း ပါဝင်‌နေသည်။ ဥရောပ သည် စီးပွားရေး အရ နာလံ ပြန်ထူလာရေး အတွက် လုပ်ငန်းများ စတင်ဖို့ လိုအပ်လာသည်။ ထိုသို့ စတင်နိုင်ရန် နိုင်ငံရေး အရ တည်ငြိမ်မှု ရှိရမည့်အပြင် ဆိုဗီယက် တို့ ကျောထောက်နောက်ခံ ပေးထားသော ကွန်မြူနစ် ပါတီများ နိုင်ငံရေး အာဏာ သိမ်းပိုက်နိုင်သည့် အဖြစ် ရောက်မသွားဖို့လည်း လိုအပ်နေသည်။

 

အကူ အညီများ ပေးရာတွင် အနာဂတ် ဥရောပ လုံခြုံရေး ပါ ထည့်သွင်း စဉ်းစားလို့အပ် နေပြန်သည်။ အမေရိကန် မှ ဥရောပ အား ဆိုဗီယက်ရန် မှ ကာကွယ်ရန် စုပေါင်း ကာကွယ်ရေး စနစ် တရပ် ထူထောင်ချင်နေသည်၊ အကယ်၍ ဥရောပ နိုင်ငဲများ က ထိုသို့ လုပ်ရန် စိတ်မပါ၊ စိတ်ပါ‌ သော်လည်း လူပ်နိုင်စွမ်း မရှိ ဖြစ်လာမည် ဆိုက အကောင်အထည် ‌‌ဖေါ်၍ မရ ဖြစ်လာနိုင်သည်။

 

အဆိုပါ ဒုတိယ မြောက် စိန်ခေါ်မှု ကြီးကို အဖြေရှာရန် အမေရိကန် ဖက်မှ မာရှယ် စီမံကိန်းကို ချပြလာသညိ။ ထိုသို့ အကူအညီ ပေးရေး အစီအစဉ် များ အား ၁၉၄၇ ဇွန်လတွင် နိုင်ငံခြားရေး ဝန်ကြီး ဂျော့ခ်ျ မာရှယ် မှ ထုတ်ပြန် ကြေငြာလိုက်ခြင်းကြောင့်လည်း မာရှယ် စီမံကိန်းဟု အမည်တွင်လာခဲ့ခြင်းလည်း ဖြစ်သည်။

 

ဥရောပ ပြန်လည် နာလံ ထူ‌လာရေး အတွက် အဓိက ထား အကူအညီ ပေးသွားမည့် ပမာဏ သည် ယနေ့ ခေတ် ဒေါ်လာ ၁၅၀ ဘီလီယဲ နှင့် ညီမျှသည်။ ထိုအကူအညီများသည် ယာယီ အတွက်သာ ဖြစ်ပြီး စီးပွားရေး တွင် ရှေ့လျောက် ကိုယ့်ခြေထောက် ပေါ် ကိုယ် ဆက်၍ ရပ်သွား နိုင်သည့် အနေအထား အထိ သာ ရည်မှန်းထားခဲ့သည်။

 

တတိယ စိန်ခေါ်မှုကြီးသည်ကား စစ်ပွဲကြီး နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့သည့် ဥရောပတိုက်အား နောက်တကြိမ် ထိုကဲ့သို့ ထပ်မဖြစ်ရန် ရှောင်ရှားသွားနိုင်ရေး ပင် ဖြစ်သည်။ စစ်ပွဲ ကြီး နှစ်ခု စလုံးသည် ဂျာမဏီ နှင့် ၎င်း၏ အိမ်နီးခြင်း များ အကြား ရုန်းကန် တွန်းထိုးမှု များ မှ စတင်လာခဲ့ခြင်း ဖြစ်သည်။

 

ထို့အတွက် ၁၉၄၅ နောက်ပိုင်း ဥရောပတိုက်ကြီး ရင်ဆိုင်လာရသော ပြဿနာသည် ဂျာမဏီကို ယခင်ကလို အင်အား ချိနဲ့နေစေသည့် အဖြစ်လည်း မရောက်စေပဲ ဘူမိနိုင်ငံရေး အရ ပြိုင်ဆိုင်မှု များကို မည်သို့ ဟန့်တားကြမည်လဲ ဆိုသည်ပင် ဖြစ်သည်။ အင်အားချိနံ့နေမည် ဆိုပါကလည်း အမေရိကန် တို့ စီမံလာမည့် ဥရောပစုပေါင်း လုံခြုံရေး စနစ်တွင် ပါဝင် နိုင်တော့မည် မဟုတ်သောကြောင့် ဖြစ်သည်။

 

ဂျာမဏီအား လကိနက် ဖျက်သိမ်းခိုင်းမည် ဆိုပါကဘည်း ပထမ ကမ္ဘာစစ်ကြီး အပြီး က ကဲ့သို့ ဂျာမန် လူထု၏ အကြား ရန်လိုမှုများ ထပ်ဖြစ်လာအောင် လုပ်သည်နှင့် အတူတူ ဖြစ်သွားပေလိမ့်မည်။ ထိုစဉ်က စစ်နိူင် နိုင်ငံများမှ ဗာဆိုင်းစာချုပ် ဖြင့် ငျာမန်များ အား ဒဏ်ခတ်ပြီ ငြိမ်းချမ်းအောင် လုပ်မည်ဆ်ုသော အယူအဆ ကြောင့် ဟစ်တလာ အာဏာရလာအောင် ကူညီ မီးထိုးပေးလိုက် သလို ဖြစ်သွားခဲ့ရသည်။

 

ထိုသို့ ထပ်မဖြစ်အောင် မည်သို့ မည်ပုံ လုပ်သင့်သည် ဆိုသည့် အိုင်ဒီယာကို ပထမဦးဆုံး ချပြလာသူသည် ပြင်သစ် နိုင်ငံရေး ‌ခေါင်းဆောင်တဦး ဖြစ်သော ရောဘတ် ရှူးမန်းဆိုသူပင် ဖြစ်သည်။ ၎င်းက ပြင်သစ် နှင့် ဂျာမဏီအား အတူတကွ ပူးချည်ထားနိုင်မည်ဆိုက ထိုနှစ်နိုင်ငံအကြား စစ်ပွဲကြီး ထပ်ဖြစ်လာစရာ အကြောင်းမရှိ ဆိုသည်ကို ချပြလာခဲ့သည်။

 

ရှုးမန်း၏ အိုင်ဒီယာသည် အနောက်ဂျာမဏီ သက်သက် အတွက်သာ ဖြစ်သည်။ ဂျာမဏီသည် ဒီမိုကရေစီနှင့် အရင်းရှင် စနစ် ကျင့်သုံးသော အနောက် ခြမ်း နှင့် ဆိုဗီယက်တို့ ဩဇာ လွှမ်းမိုးနေသည့် ကွန်မြူနစ် အရှေ့ခြမ်းဟူ၍ နှစ်ပိုင်းကွဲနေသော ကြောင့် ဖြစ်သည်။

 

ဂျာမန် ပြည်သူ များသာမက အိမ်နီးချင်းများကို ပါ ခြိမ်း‌ ခြောက်လာနိုင်သည့် စစ်ဝါဒ ပြန်၍ ခေါင်းထောင် မလာ‌ စေရန် အနောက်ဂျာမဏီအား စီးပွားရေး သာမက လူ့အဖွဲ့အစည်း တခုလုံး နှင့် နိုင်ငံရေး အသင်းအဖွဲ့များ၊ အင်စတီကျုးရှင်းများအား ပြန်၍ တည်ဆောက်ပေးနိုင်မှ ဖြစ်မည် ဆိုသည်ကို လက်ခံလာကြသည်။

 

ယင်းအား အကောင်အထည် ဖေါ်ရန် ပထမ ခြေလှမ်း အဖြစ် ပြင်သစ်၊ အနောက်ဂျာမဏီ၊ အီတလီ တို့သာမက ဘယ်ဂျီယံ၊ နယ်သာလန် နှင့် လူဇင်းဘတ် နိုင်ငံများ ပါ ပါဝင်စေမည့် ဥရောပ ကျောက်မီး‌သွေး နှင့် သံမဏိ အသင်းကြီးကို ဖွဲ့စည်းလာကြသည်။ အသင်းကြီး ပါ သဘောတူညီချက်များအရ ထိုနိုင်ငံများရှိ ကျောက်မီးသွေး နှင့် သံမဏိ စက်မှု လုပ်ငန်းများသည် မဖြစ်မနေ အပြန်အလှန် အမှီသဟဲ ပြုလာရသည်။

 

ယင်းသည် နောက်ပိုင်း ဆယ်စုနှစ်များ အကြာတွင် ထွက်ပေါ်လာမည့် ဥရောပ ဘုံဈေး အဖွဲ့၏ ရှေ့ပြေးလည်း ဖြစ်လာခဲ့သည်။ ထိုမှတဆင့် နောက်ထပ် ခြေလှမ်း အဖြစ် အီးယူ ခေါ် ဥရောပ သမဂ္ဂ ကြီး ဖွဲ့စည်း လာနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ အီးယူသည် နောက်ပိုင်းတွင် အဖွဲ့ဝင် သစ်များ လက်ခံလာပြီး လုပ်ပိုင်ခွင့် အာဏာများ တိုးချဲ့ ရယူလာကာစီးပွားရေး နှင့် နိုင်ငံခြားရေး တွင် တူညီသော မူဝါဒ များ ဖြင့် တစုတစည်းထဲ ရပ်တည်လာနိုင်ခဲ့သည်။

 

၁၉၅၅ တွင် ဆိုဗီယက် ပြည်ထောင်စု မှ ဖွဲ့စည်းပေးလာသော ဝါဆော စာချုပ် အဖွဲ့ နှင့် နေတိုးအကြားရှိ စစ်အင်အား ချိန်ခွင်လျှာသည်လည်း ဥရောပအား နှစ်ပေါင်း လေးဆယ် နီးပါးကြာအောင် တည်ငြိမ်မှု ရအောင် ထိန်းပေးနိုင်ခဲ့သည်။

 

နျူကလီယား လက်နက်များ ထုတ်လုပ်လာနိုင်ခြင်းကြောင့် ပဋိပက္ခများ အရှိန် မြင့်လာက တဖက်နှင့် တဖက် အလုံးစုံ ပျက်စီးရာ ပျက်စီးကြောင်း သို့သာ ဦးတည်လိမ့်မည်ဟူ သော စိုးရိမ်စိတ် ဖြင့် သတိကြီးစွာ ထား၍ ပြုမူလာကြသည်။ နောက်ပိုင်းတွင် လက်နက်ထိန်းချုပ်‌နိုင်ရေး အတွက် ဆွေးနွေးပွဲများ အဆက်မပြတ် လုပ်လာကြပြီး အောင်မြင်မှုများ ရလာခဲ့သဖြင့် ပို၍ တည်ငြိမ်မှု ရှိလာအောင် အားဖြည့်ပေးလာနိုင်ခဲ့သည်။

 

အနောက်ဥရောပရှိ နေတိုး အဖွဲ့ကြီး နှင့် အရှေ့ ဥရောပ ရှိ ဆိုဗီယက်တို့၏ ဝါဆော စာချုပ် အဖွဲ့ကြီးသည် ဥရောပရှိ နိုင်ငံရေး လမ်းစဉ်ကို ပိုနေမြဲ ကျားနေမြဲ ထိန်းသိမ်း ထားရေး တွင် နားလည်မှု ရခဲ့ကြပြန်သည်။ ယင်းသည်ကား ၁၉၇၅ တွင် ထွက်ပေါ်လာသော ဥရောပ လုံခြုံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ဟဲဆင်ကီ သဘောတူညီချက် ပင် ဖြစ်သည်။

 

ထိုသဘောတူညီချက်တွင် ဥရောပနိုင်ငံ များ အကြား ခြိမ်း‌ ခြောက် အကျပ်ကိုင်ခြင်း၊ အင်အား အသုံးပြုခြင်းမှ ရှောင်ကျဉ်‌ ရေး၊ နယ်နမိတ်များအား မကျုးကျော်ပဲ နိုင်ငံအားလုံး၏ နယ်မြေ တည်တံ့ ပိုင်ခွင့်ကို လေးစား လိုက်နာ ရေး၊ အငြင်းပွားမှု များ ဖြစ်လာက ငြိမ်းချမ်းစွာ ဖြေရှင်းရေး၊ တနိုင်ငံ၏ ပြည်တွင်းရေး ကို ဝင်ရောက် မစွက်ဖက်ရေး မူကို လက်ခံရေး အစရှိသည်တို့ ပါဝင်ခဲ့သည်။

 

ဟယ်ဆင်ကီ သဘောတူညီချက်သည် တဖက်နှင့် တဖက် ယှဉ်ပြိုင်လိုမှုများ ဖြစ်မလာအောင် ထိန်းသိမ်း ပေးခြင်းမျိုးသာ ဖြစ်ပြီး ဒူပေဒါပေ ခံမည့် ငြိမ်းချမ်းရေး ရသည့် အဆင့်မျိုးတော့ ရောက်မလာခဲ့ပေ။

 

သို့သော် သမာရိုးကျ နှင့် နျူကလီယား စစ်ပွဲကြီး အချိန်မရွေး ထ ဖြစ်လာနိုင်သည့် ခေတ်ကြီးတွင် မရှိမဖြစ် လိုအပ်သည့် တည်ငြိမ်မှု ရှိရေး ဆိုသည်ကိုတော့ ထိန်းထားနိုင်ခဲ့သည်။ ထိုသို့သော အနေအထား မျိုး ရှိ‌ နေခဲ့သည့် နှစ်‌ လေးဆယ် ကိုပင် စစ်အေးတိုက်ပွဲကြီး ဖြစ်ပွားနေသော ကာလကြီးဟု ကင်ပွန်းတပ် ခေါ်ဆိုခဲ့ကြခြင်းလည်း ဖြစ်ပေသည်။