အမေရိကန် ကြေညာချက် ထုတ်

by Hla Soewai - Jan 15 2024

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါ ဂရင်းဖီးလ် မှ ထုတ်ပြန်သော ကြေညာချက်တွင်စစ်ကိုင်းတိုင်း ခမ်ပတ် မြို့ရှိ ကနန် ကျေးရွာ အား စစ်ကောင်စီ ၏ ‌လေကြောင်းမှ တိုက်ခိုက်မှု ကြောင့် ကလေးငယ် ၉ ဦး အပါအဝင် အပြစ်မဲ့ အရပ်သား ၁၇ ဦး သေဆုံးခဲ့သည့် အတွက် အမေရိကန် မှ ပြင်းထန်စွာ ရှုတ်ချ ကြောင်းနှင့် ယင်းသည် အာဏာသိမ်းပြီးကတည်းက ပြင်းထန်စွာ တောက်လောင်လာနေသော စစ်ကောင်စီ ၏ အကြမ်းဖက်မှု များ ‌ဒဏ်ကို မြန်မာ ပြည်သူများ ဆက်၍ ခံစားနေရဆဲ ဆိုသည့် နောက်ထပ် သာဓက တခုလည်း ဖြစ်သည်ဟု ပါရှိသည်။

 

စစ်တပ်မှ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ် တင်မြှောက်ထားပြီး ဖြစ်သည့် အစိုးရ ထံမှ အာဏာ ကို လုယက် ယူငင် သွားခဲ့ပြီးချိန်ကစ၍ မြန်မာပြည်သူများသည် ၎င်းတို့အား ထောက်ခံကြပါရန် မိမိတို့ အားလုံးဖက် လှည့်လာနေ၍ နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ရှေ့ကထွက်ပြီး မားမား မတ်မတ် ရပ်ကာ ပြောဆိုပေးရမည်ဟုလည်း ကြေညာချက်တွင် ဖေါ်ပြထားသည်။

 

ယင်းသည် စစ်ကောင်စီ၏ လုပ်ရပ်များ အပေါ် အမေရိကန် မှ မည်သည့်နည်းနှင့်မျှ အလျော့ပေး ဆက်ဆံသွားဖို့ မရှိကြောင်း ကွန်မြူနစ် လာအို ၏ အာဆီယံ အထူး သံတမန် ခရီးစဉ် နှင့် ချိန်ကိုက် ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

 

အာဆီယံသည် အောက်တိုဘာလ အတွင်း ပြုလုပ်ခဲ့သည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာ အရေး အား သုံးပွင့်ဆိုင် အဖွဲ့ဖွဲ့၍ ကိုင်တွယ်သွားမည်ဟု သဘောတူထားခဲ့သည်။

 

သုံးပွင့်ဆိုင် အဖွဲ့တွင် ယခင် ဥက္ကဌဟောင်း အင်ဒိုနီရှား၊ လက်ရှိ ဥက္ကဌ လာအို နှင့် နောက်နှစ် ဥက္ကဌ ဖြစ်မည့် မလေးရှားတို့ ပါဝင်ရမည် ဖြစ်သည်၊ သို့သော် ယခု လာအို အထူးသံ၏ ခရီးစဉ်တွင် အင်ဒို နှင့် မလေး ကိုယ်စားလှယ်များ ပါဝင်လာခြင်း မရှိဟု သိရသည်။

 

မင်းအောင်လှိုင်သည် တကယ်တမ်း စေ့စပ် ‌ဆွေးနွေးလိုစိတ် ရှိခြင်း မဟုတ်ပဲ၊ အချိန်ဆွဲကာ သူ့တပ်ကို အင်အား ပြန်ဖြည့်ရန်သာ ရည်ရွယ်နေခြင်းသာ ဖြစ်သည်ဟု ဒေါ်မီမီဝင်းဘတ်က ထောက်ပြခဲ့သည်။ အကယ်၍ စေ့စပ်ဆွေး‌နွေးဖို့ ဖြစ်လာခဲ့လျှင်လည်း NUG နှင့် တော်လှန်ရေး မဟာမိတ်များမှ မင်းအောင်လှိုင် ပေးမည့် သဘောတူညီချက်များ မည်သို့မျှ ချိုးဖောက်၍ မရနိုင်ရန် အရေးယူနိုင်မည့် မူ ဘောင်များ ချမှတ် ထားနိုင်မှ ဖြစ်မည်ဟုလည်း အကြံပေးခဲ့သည်။

 

စစ်ကောင်စီ တပ်များသည် လက်နက်ချခဲ့သည့် သဘောတူညီချက်ကို ချိုးဖောက်ကာ လောက်ကိုင် မြိုကို ဂျက်လေယာဉ်များနှင့် မကြာခဏ လာရောက် ဗုံးကြဲ တိုက်ခိုက်နေခြင်းကပင် ‌ဒေါ်မီမီဝင်းဘတ်၏ အကြံပေးခဲ့မှု ကို မှန်ကန်ကြောင်း သက်သေခံနေပြီ ဖြစ်သည်။

 

"ဝ" အဖွဲ့သည် တော်လှန်ရေး တွင် မပါဝင်ဟု ဆိုသော်လည်း ယခုအခါ သွေးမြေမကျပဲ ဟိုပန် နှင့် ပန်လုံအား ၎င်းတို့ အုပ်ချုပ်မှု အောက်သို့ သွတ်သွင်းလိုက်ပြီဟု တရားဝင် ကြေညာချက် ထုတ်ပြန်လာပြီ ဖြစ်သည်။ ညီ‌ နောင် မဟာမိတ်များထဲံ မှ အခမ်းအနားဖြင့် တရားဝင် လွှဲ‌ ပြောင်းရယူခဲ့ခြင််း ဖြစ်သည်။ ယင်း အပေါ် စစ်ကောင်စီမှ မည်သို့ မျှ လည်း တုန့်ပြန်နိုင်စွမ်း ရှိမည် မဟုတ်ပဲ လက်ပိုက်ကြည့်နေကြရ ရှာပြီ ဖြစ်သည်။

 

ထိုသို့ ရှမ်းမြောက်‌ဒေသများ စစ်ကောင်စီ လက်မှ လွတ်မြောက်လာကြသည်ကို စစ်ကောင်စီ နည်းတူ ရှမ်း၊ မွန် နှင့် ကရင်တိုင်းရင်းသားများလည်း လက်ပိုက် ကြည့်ကာ အားကျနေကြရ ရှာပြီ ဖြစ်သည်။ အနာမခံချင်က အသာစံ၍ မရ ဆိုသည်ကိုလည်း သဘောပေါက်လာကြပြီ ဖြစ်သည်။

 

ဇန်နဝါရီ ၁၁ ရက်သည် ကရင်နှစ်သစ်ကူးနေ့ ဖြစ်သော်လည်း ကရင် ခေါင်းဆောင်များ အကြား ညီညွတ်မှု မရှိခြင်း၊ ကိုယ်ကျိုးစီးပွား အဓိက ထားသူ အချို့ ရှိနေခြင်း၊ စစ်တပ် နှင့် မြွေမသေ တုတ်မကျိုး ဆက်ဆံလိုသူများ ရှိနေခြင်းများ ကြောင့် ကရင်တိုင်းရင်းသားတို့၏ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်ခွင့်သည် ဒေါနတောင်တန်း တဝိုက်တွင်သာ လွင့်မျောနေဆဲ ပင် ဖြစ်သည်။

 

ယခုအခါ TNLA သည် ကျောက်မဲ မြို့သို့ ချီတက်လာနေပြီ ဖြစ်၍ စစ်ကောင်စီသည် ထုံးစံ အတိုင်း လေတပ်ကို သုံး၍ အပြင်းအထန် ခုခံ နေသည်။

 

အိန္ဒိယသည် ‌‌၎င်းတို့ နယ်မြေထဲသို့ ထွက်ပြေး ဝင်ရောက်လာသော စစ်ကောင်စီ တပ်သား ၄၁၆ ဦး ရှိလာပြီ ဖြစ်၍ စိုးရိမ်မကင်း စရာ ဖြစ်လာရပြီး အိန္ဒိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မန်ဂျော့ ပန်ဒေးမှ ဖြစ်ပေါ်လာနေသည့် အခြေအနေများကို စောင့်ကြည့်နေပြီး ထွက်ပြေးလာသူ အားလုံး ကိုလည်း ပြန်ပို့လိုက်ပြီ ဖြစ်သည်ဟု ဆိုသည်။

 

တရုတ်သည် ၁၀၂၇ ထိုးစစ်အား ဦးဆောင်ဆင်နွှဲနေသည့် ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့ နှင့် စစ်ကောင်စီ အကြား ဝင်ရောက် ညှိနှိုင်းပေးနိုင်ခဲ့သည်ကို တွေ့ရ၍ ဂျပန်၏ အခန်းကဏ္ဍ ပျောက်ကွယ်နေမှု အပေါ် သတင်းစာများနှင့် တတ်သိပညာရှင် များက ဝေဖန် ထောက်ပြလာကြကြောင်း ဂျပန် တိုင်း သတင်းစာတွင် ဖေါ်ပြထားသည်။

 

လက်ရှိ အနေအထားသည် မြန်မာ အတွက် အလှည့် အပြောင်းကြီး ဖြစ်လာတော့မည်ဟု နိုင်ငံတကာ မှ ယူဆလာနေချိန်တွင် ဂျပန် အစိုးရသည် အမျိုးသား ညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသား အဖွဲ့များ နှင့် အဆက်အဆံ မရှိပဲ အာဏာသိမ်း အဖွဲ့နှင့်သာ ဆက်ဆံနေဆဲဟု ထောက်ပြလာကြသည်။

 

မြန်မာ ပြည်သူ အများစုသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေး အား ဆန့်ကျင်နေခိုက်တွင် ၎င်းတို့နှင့် ဆက်ဆံနေမှုသည် ဂျပန် အတွက် အကျိုးမဲ့သာ ဖြစ်စေလိမ့်မည်ဟု လည်း ပြောလာကြသည်။

 

ဂျပန်သည် ဒီမိုကရေစီ အင်အားစု များ နှင့် မဆက်ဆံသရွေ့ စစ်ကောင်စီကလည်း ဂျပန်ကို အရေးတယူ ထည့်စဉ်းစားမည် မဟုတ်ဟု ဆိုသည်။

 

မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်သည် နိုဝင်ဘာလ ကုန်ပိုင်း တိုကျိုသို့ ရောက်ရှိခဲ့စဉ် အတွင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန အထက်တန်း အရာရှိများ နှင့် တွေ့ဆုံဆွေးနွေးခဲ့မှူ အားလည်း တရားဝင် သတင်းထုတ်ပြန်မှု မရှိခဲ့မှု ကိူလည်း ထောက်ပြခဲ့ကြသည်။

 

စစ်ကောင်စီသည် စစ်မြေပြင်တွင် အရေး နိမ့်လာပြီ ဖြစ်၍ ပြည်သူများကို လက်စားချေ ဗုံးကြဲ တိုက်ခိုက်နေသည့် အဖွဲ့ အဖြစ် ကမ္ဘာတဝှမ်းက သိလာကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!