အားပေးသည့် ပရိသတ် က နှုတ်ထွက်ရန် တောင်းဆိုကုန်ပြီ

by Hla Soewai - Jan 15 2024

ဇန်နဝါရီ ၁၁ ရက်‌ နေ့တွင် စစ်ကောင်စီ မှ ၎င်းတို့ ရှမ်းမြောက်ဒေသ အား လက်လွှတ် အရှုံးပေးလိုက်ရပါပြီ ဟု တရားဝင် ဝန်ခံသည့် အနေဖြင့် ကူမင်းတွင် 

ဟိုင်ဂင် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုး လိုက်ရခြင်းပင် ဖြစ်သည်။

 

ထိုသ‌ဘော တူညီချက် အရ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များမှ ၎င်းတို့ စခန်းများနှင့် မြို့ရွာများကို ထပ် မသိမ်းရ ဟူသော သတ်မှတ်ချက် ပါရှိနေသည်။ ၎င်းတို့ဖက်ကလည်း ဗုံးကြဲခြင်း၊ လက်နက်ကြီးများ ဖြင့် မတိုက်ခိုက်‌ တော့ဟု လည်း ကတိပေးခဲ့ရသည်။

 

ထို့အတွက် တိုင်းရင်းသား များ သိမ်းယူထားသော ရှမ်းမြောက်‌ဒေသရှိ မြို့ပေါင်း ၁၆ မြို့သည် တော်လှန်ရေး အင်အားစု များ အတွက် အနားယူ အင်အား ဖြည့်တင်း နိုင်မည့် နောက်တန်း စခန်းများ ဖြစ်လာပေတော့မည်။ 

 

ညီနောင် မဟာမိတ် အဖွဲ့သည် ယခုအခါ အနည်းဆုံးတရုတ်စီမံကိန်း ၆ ခု တည်ရှိရာ နယ်မြေများကို အပြည့်အဝ ထိန်းချုပ် သွားနိုင်ပြီ ဖြစ်ပြီး နောက်ထပ် ၇ ခု ရှိသည့် နယ်မြေများကိုလည်း တဝက်တပျက် သိမ်းယူထားပြီး ဖြစ်သည်ဟု မြန်မာ တွေးခေါ်မျှော်မြင်ရေး အဖွဲ့ ISP က ဆိုသည်။

 

ထိုသို့ စစ်တပ်၏ သမိုင်းတွင် "လက်နက်ချ" လိုက်ရသည် ဆိုသော စကားကို လူသိရှင်ကြား ပထမဆုံး သုံးလာရသည့် အတွက် မည်သို့မျှ‌ ဖြေသိမ့်နိုင်စရာ အကြောင်း မရှိတော့၍ ၎င်းအား ရာထူးမှ နှုတ်ထွက်ပေးရန် အရင်က ကိုယ်ကျိုးရှာ မျက်စိမှိတ် ထောက်ခံနေကြသည့် အထင်ကရ ပုဂ္ဂိုလ်များကပင် လူသိရှင်ကြား တောင်းဆိုလာကြပြီ ဖြစ်သည်။

 

လက်ရှိ အနေအထားအရ မင်းအောင်လှိုင်သည် တိုင်းပြည်ကို မည်သို့မျှ ဆက်၍ အုပ်ချုပ်ရန် အရည်အချင်း မရှိ ဆိုသည်က သိသာထင်ရှားနေပြီဟု ထောက်ပြလာကြပြီ ဖြစ်သည်။

 

စစ်ကောင်စီသည် ယမန်နေ့က TNLA တည်ရှိရာ ကျောက်မဲ၊ လားရှိူး၊ မိုးကုတ် မြို့နယ် ရှိ ဒေသများသို့ လက်နက်ကြီးများ ဖြင့် ပစ်ခတ် တိုက်ခိုက်လာပြီး ၎င်းတို့ လက်မှတ်ရေးထိုးထားသော အပစ်အခတ် ရပ်စဲရေး ကို စတင် ချိုးဖောက်လိုက်ပြီ ဖြစ်သည်ဟု ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။

 

ညီနောင် သုံးဖေါ်သည် မိမိတို့ ရရှိထားသော ဂုဏ် ရောင် ထွန်းပြောင်ခဲ့သည့် နိုင်ငံရေး ဂုဏ်သိက္ခာ အတွက် တရုတ်၏ ကြိုးဆွဲရာ ကမည့် ရုပ်သေးရုပ်များ မဟုတ်ကြောင်း မြန်မာပြည်သူများ ကိုသာမက ထိုသို့ ယူဆနေသော နိုင်ငံတကာသို့ ပြရတော့မည် ဖြစ်သည်။

 

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ်လှမိုး နှင့် အမှတ် (၆၆) ခြေမြန်တပ်မ ဌာနချုပ် တပ်မမှုး တို့သည်လည်း စိုက်ပျိုးရေး သမားလေး ကိုမာဝီ ကြောင့် အရံတပ် ပို့ခံရ၊ တ‌ယောက်က အနားပေး ခံရနှင့် ဖြစ်ကုန်ကြပြီဟု သိရသည်။

 

မင်းအောင်လှိုင် နှင့် အဖွဲ့သည် လေကြောင်း နှင့် လက်နက်ကြီး ပစ်ကူများ နှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင် ကြံ့ကြံ့ခံနေနိုင်သ‌ ‌ရွေ့ မရှူံးသေးဟု ယူဆနိုင်သဖြင့် တော်လှန်ရေးသည် နောက်ထပ် လပေါင်းများစွာ ကြာကောင်းကြာသွားနိုင်သည်ဟု ချုလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေး သိပ္ပံ ပါမောက္ခ သစ်တီနန် ပေါင်ဆူဒရီရတ်က Project Syndicate ဝက်ဆို‌ဒ် တွင် ရေးသားထားသည်။

 

ယခုအခါ ရှမ်းမြောက်ဒေသတွင် အညံ့ခံ ၍ အပစ်ပးအခတ် ရပ်စဲရေး လက်မှတ်ထိုးပေးလိုက်ရသည့် မြန်မာစစ်တပ်အား တိုက်ရည်ခိုက်ရည် ပြည့်ဝနေသည့် စစ်သည် ငါးသိန်းခန့် အင်အားရှိ သည်ဟု ယူဆခဲ့ကြသော်လည်း တကယ်တမ်းတွင် တသိန်းခွဲခန့် နှင့် နိုင်ငံ အနှံ့ဆင်နွှဲလာသော တော်လှန်ရေး အဖွဲ့များကို နဲနဲ နှင့် ကျဲကျဲ ဝိုင်းနေကြရသည့် အဖြစ်က ဗူးပေါ်သလို ပေါ်သွားခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။

 

ယခင်က တိုင်းရင်းသား လူနည်းစု များကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေသော စစ်တပ်သည် အာဏာ သိမ်းပြီးချိန်တွင်တော့ ပြည်သူများဖက် သေနတ်ပြောင်း လှည့်လိုက်ခြင်းဖြင့် ပစ်မှတ်ကို မှားယွင်းစွာ ရွေးချယ် မိသွားခဲ့သည်။ လူပေါင်းများစွာ စစ်တပ်၏ သေနတ်ပြောင်းဝတွင် အသက်ဆုံးခဲ့ကြရ၍ လူထူ၏ ဒေါသသည့် ဒီရေ အလား မြင့်တက်သွားခဲ့သည်။ ယင်းနှင့် အတူ လူငယ်များက ရရာ လက်နက်စွဲကိုင် တော်လှန်လာခဲ့ကြသည်။

 

စစ်တပ် အတွက် ပြန်လမ်း မရှိတော့သည့် အဖြစ် သည် လွန်ခဲ့သော နှစ်လ ခန့်က စတင်လာခဲ့သည်။ တိုင်းရင်းသား ညီနောင် မဟာမိတ်များက စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး ကြောင့် ယခုအခါ အာဏာသိမ်း အဖွဲ့ မည်သည့် အချိန်တွင် ပြိုလဲတော့မည် ဆိုသည်ကိုသာ စောင့်ကြည့်ရန် လိုတော့သည်။

 

သို့သော် မင်းအောင်လှိုင် နှင့် အပေါင်းအပါများကို ကန်ထုတ်နိုင်ခြင်းသည် တိုက်ပွဲ ၏ တဝက်ပင် ရှိသေးသည်။ ကျန်တဝက်သည်ကား အားလုံး သဘောတူညီနိုင်မည့် ကိုယ်ပိုင် အုပ်ချူပ် စီရင်ပိုင််

ခွင့် ကို အာမခံ နိုင်မည့် အာဏာခွဲဝေရေး ပုံစံဖြင့် အုပ်ချုပ်သွားနိုင်ရေး ပင် ဖြစ်သည်။

 

ထိုသို့ မဟုတ်ပဲ ရရှိလာသည့် ငြိမ်းချမ်းရေးသည် အလဟသ ဖြစ်သွားမည် ဆိုက စိတ်မကောင်းစရာ ဖြစ်ရပေလိမ့်မည်။ ထိုမျှပင် မကသေး နိုင်ငံသည် သူတလူ ငါတမင်း အုပ်ချုပ်နေသည့် နယ်မြေများ အဖြစ် သို့ ရောက် သွားနိုင်ပေသည်။

 

အာဆီယံ၏ ကဏ္ဍသည် အရေးပါလာပြီး ယခုအခါ NUG နှင့် တိုင်းရင်းသား အဖွဲ့များနှင့် ဆွေးနွေးနိုင်မည့် အခွင့်အရေး အား ဒုတိယ အကြိမ် ရရှိလာပြီ ဖြစ်သည်။

 

မြန်မာ စစ်အာဏာသိမ်း အဖွဲ့ ကျဆုံးခန်းသည် အာဏာရှင် စနစ် မှန်သမျှ ပျက်သုံးဖို့သာရှိပြီး ဒီမိုကရေစီ အား အသက်သွေးချွေးတို့ ရင်း၍ ပြန်လည် ရယူ နိုင်သည် ဆိုသော နမူနာကောင်းကို ထုတ်ပြနိုင်လိုက်ခြင်းလည်း ဖြစ်ပေသည်။

 

သို့‌ သော် ဒီမိုကရေစီ သို့ ပြန်လည် အသွင် ကူးပြောင်းနိုင်ရေးသည် ဒေသတွင်း နှင့် နိုင်ငံတကာ၏ ဝိုင်းဝန်း ကူညီ ပံ့ပိုးမှုများ လိုအပ်နေသည်ဟု ဆောင်းပါးတွင် ထောက်ပြသွားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!