၂၀၂၄ ကမ္ဘာ ဒိုင်ယာရီ စာမျက်နှာများ

by Hla Soewai - Jan 09 2024

#ယူကရိန်း၏ ‌ဒရုန်း တိုက်ခိုက်မှုကြောင့် ရုရှားတို့ အထိ နာ နိုင် သလော

 

ယူကရိန်း မြေပြင်စစ်ပွဲသည် ယခုအခါ ရှေ့မတိုး နောက် မဆုတ် ဖြစ်လာနေပြီး ၎င်းတို့၏ တန်ပြန် ထိုးစစ်ကြီးလည်း ပျက်ပြယ်စ ပြုလာခဲ့သည်။ ရုရှား၏ ပြင်းထန်လှ သော ဆောင်းရာသီ ထိုးစစ်သည်လည်း သိသိသာသာ တိုးတက်မှု ရမလာခဲ့သည်ကို တွေ့ရသည်။

 

ထိုသို့သော အကြောင်းများကြောင့် ယခုအခါ စစ်ပွဲကြီးသည် မြေပြင်မှ ဝေဟင်သို့ ရွေ့လျားလာခဲ့ပြီ ဖြစ်သည်။

 

ရုရှားသည် ယခင် ဆောင်းရာသီ ကဲ့သို့ပင် လေကြောင်းမှ ဒလကြမ်းတိုက်ခိုက်လာနေသည်၊ သို့သော် ‌ဒီတကြိမ်တွင်တော့ ယူကရိန်းဖက်မှ ပြန်၍ တိုက်ခိုက် နိုင်စွမ်း ရှိလာခဲ့သည်။ သို့သော် ရုရှားတို့အား အထိနာအောင် လုပ်နိုင်စွမ်း ရှိမည်လား ဆိုသည့် မေးခွန်း ထွက်ပေါ်လာခဲ့သည်။

 

ရုရှားသည် ကရုစ် ဒုံးကျည်များ၊ ပဲ့ထိန်းတပ် ဒုံးကျည်များ သုံး၍ တိုက်ခိုက်နေသည်၊ ယခုအခါ အီတလီ နိုင်ငံလုပ် ဈေးပေါပေါ နှင့် ရသည့် Shahed 

ဒရုန်းများ သုံး၍ တိုက်ခိုက်လာကြသည်။ ရှာဟက် ဒရုန်းသည် ကီလိုဂရမ် ၅၀ ခန့် အလေးချိန်ရှိသော ဗုံးကို သယ်ဆောင်ကာ ကီလိုမီတာ ၁,၀၀၀ ခန့်အထိ သွားနိုင်သည်။ ရုရှားသည် ထိုဒရုန်းများကို တညလျှင် ၉၀ ခန့် စေလွှတ်တိုက်ခိုက်လျက် ရှိသည်။

 

ဒုံးကျည်များဖြင့် ပစ်ခတ်မည့် လမ်းကြောင်းများ ကိုလည်း ရှင်းလင်း ပေးနိုင်ခဲ့သည်။ ဒီဇင်ဘာ ၂၉ ရက်နေ့ တရက်တည်း ရုရှားသည် ယူကရိန်း မြို့တော် 

ကီယက် အပါအဝင် မြို့ကြီးပေါင်း များစွာ သို့ ဒုံးကျည် ပေါင်း ၁၁၀ ခန့် ပစ်လွှတ်ခဲ့သည်၊ ယင်းသည် ယူကရိန်း စစ်ပွဲကြီး စတင်ခဲ့သည့် အချိန်မှစ၍ အပြင်းထန်ဆုံး တိုက်ခိုက်မှု ကြီး ဖြစ်ပြီး ၃၂ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရသွားခဲ့သည်။ ယူကရိန်း၏ လေကြောင်းမှ တိုက်ခိုက် နိုင်စွမ်း ကို ဟန့်တားလိုပုံရပြီး ယူကရိန်း ဖက်ရှိ ‌ဒရုန်း နှင့် ဒုံးကျည် ထုတ်လုပ်သည့် စခန်းများ အပါအဝင် စစ်ဖက် အဆောက်အအုံ အများအပြား ပျက်စီးသွားခဲ့ရသည်။

 

ယူကရိန်းသည် တာတိုပစ် ဒရုန်းများ ထုတ်လုပ်နိုင်စွမ်းတွင် ရုရှားထက် များစွာ သာလွန်သည်။ ယခုအခါ ရုရှား နယ်မြေ အတွင်းပိုင်း၊ ကရိုင်မီယား နှင့် ပင်လယ်နက် အထိ ပစ်ခတ်နိုင်မည့် ဒရုန်းများကို တိုးမြှင့် ထုတ်လုပ်နေပြီ ဖြစ်သည်။ တကြိမ်လျှင် ‌ဒရုန်း တဒါဇင် ခန့်အထိ ပစ်လွှတ်နိုင်ပြီး မကြာခဏ ဆိုသလို ကရုစ် ဒုံးကျည်များလည်း ပါဝင်လာသည်။

 

ဒီဇင်ဘာလ အတွင်း တကြိမ်လျှင် ဒရုန်း ၃၀ ခန့် သုံးပြီး ပစ်ခတ်ခဲ့သည်၊ အထိနာအောင် တိုက်ခိုက်နိုင်ဖို့ 

ဒရုန်း အမြောက်အမြား သုံးရဖို့ ဖြစ်လာသည်။

 

တာဝေးပစ် ဒရုန်းများ ထုတ်လုပ်မှုအား အသေခံ ဒရုန်းများ အဖြစ် ဆိုဗီယက် ခေတ် စပိုင် ဒရုန်းများကို ပြောင်းလဲလာခြင်း၊ တရုတ်ထုတ် Mudgin-5 လုပ်ငန်းသုံး ဒရုန်းများအား အသုံးပြုခြင်း အစရှိသည့် နည်းလမ်းပေါင်းစုံ ဖြင့် ထုတ်လုပ်လာခဲ့သည်၊ သို့သော် အခက်အခဲများ ရှိလာခဲ့သည်၊ ပထမ အချက်ကား ယူကရိန်းတွင် ဆိုဗီယက်လုပ် ဒရုန်းများ အနည်းငယ်သာ ရှိနေပြီး၊ ဒုတိယ အနေဖြင့် တရုတ်လုပ်ငန်းသုံး ဒရုန်းများသည်လည်း စစ်ရေး ရည်မှန်းချက် အတွက် အပြည့်အဝ အသုံးချ၍ မရ ဖြစ်နေခြင်းပင်။

 

ထို့အတွက် တာဝေးသွား ဒရုန်း တ‌ဒါဇင် ခန့်ဖြင့် တွဲ၍ သုံးခဲ့ရသည်။ Bober ဟု အမည်ပေးထားသည့် ‌ဒရုန်းများကို ယူကရိန် စစ်ဖက် ထောက်လှမ်းရေး အဖွဲ့သည် အွန်လိုင်းမှ တဆင့် လူထု ထည့်ဝင်ငွေများ ဖြင့် ၂၀၂၂ တွင် စတင် ထုတ်လုပ်လာခဲ့သည်။ ကီလိုမီတာ ၈၀၀ အထိ သွားနိုင်ပြီး ၂၀၂၃ ဩဂုတ်လ အတွင်း မော်စကိုရှိ ဘဏ္ဍာရေး ဝန်ကြီးဌာနအား တိုက်ခိုက်ခဲ့မှု တွင် အသုံးပြုခဲ့သည်ဟု ယုံကြည်ရပေသည်။

 

ထို့ပြင် ဂျက်အင်ဂျင်သုံး Uj-22 ဒရုန်းများကိုလည်း ထုတ်လုပ် အသုံးပြုခဲ့သည်။

 

ဇန်နဝါရီ ၅ ရက်နေ့တွင် ကရိုင်မီယား ပေါ်တွင် ယူကရိန်း ဒရုန်း ၃၆ စင်းအား ပစ်ချနိုင်ခဲ့သည်ဟု ရုရှား၏ ကြေငြာချက်ကို ကြည့်ခြင်းအားဖြင့် ယူကရိန်းသည် ဒရုန်းများအား အရှိန်မြှင့် ထုတ်လုပ်လာနေပြီ ဖြစ်သည်ဟု ယူဆ၍ရပေသည်။ ဆောင်းရာသီ အတွင်း ကရိုင်မီယား အား တိုးမြှင့် တိုက်ခိုက်သွားမည်ဟု ယူကရိန်း စစ်ဖက် သတင်းရပ်ကွက်များ အဆိုအရ သိရသည်။ ၂၀၂၄ တွင် တာဝေးပစ် ဒရုန်း ၁၀,၀၀၀ ခန့်အထိ ထုတ်လုပ်သွားမည်ဟု ယူကရိန်း မဟာဗျူဟာ ကာကွယ်ရေး စက်မှု ဝန်ကြီးက ဒီဇငိဘာလ အတွင်း ထုတ်ဖေါ် ပြောဆိုခဲ့သည်။

 

ယူကရိန်း ၏ ‌ဒရုန်းများအား စွန့်ဦးတီထွင် ထုတ်လုပ်လာသော Terminal Autonomy ကုမ္ပဏီမှလည်း ကီလိုမီတာ ၉၀၀ ခန့်အထိ သွားနိုင်ပြီး အလေးချိန်အားဖြင့် ၄၃ ကီလိုဂရမ် ထိ သယ်ဆောင်နိုင်သော AQ-400 Scythe ဒရုန်းများ ထုတ်လုပ်ပေးနေပြန်သည်၊ အဆိုပါ ဒရုန်း၏ ကိုယ်ထည်အား ပရိဘောဂများ တွင် သုံးသော သစ်သားများ ဖြင့် ဆောက်လုပ်ထားပြီး လက်သမား အဆင့် ကျွမ်းကျင်မှု နှင့်ပင် တပ်ဆင်ပေးနိုင်သည်ဟု သိရသည်။ ထိုဒရုန်းများကို ၂၀၂၄:ပထမ သုံးလပတ် အတွင်း တလ လျှင် အစင်း ၅၀၀ ခန့် ထုတ်လုပ်‌ပေးသွားမည်ဟု ဆိုသည်။

 

ယူကရိန်း အနေဖြင့် ဒရုန်းများ သုံး၍ တိုက်ခိုက်မည့် ပစ်မှတ်ကို အသေအချာ စဉ်းစား ရွေးချယ် ရတော့မည် ဖြစ်သည်၊ ယခင်ကလို လူထု စိတ်အား တက်ကြွစေမည့် ကရင်မလင်အား တိုက်ခိုက်မှုမျိုးသည် ထိရောက်မှု ရှိမည် မဟုတ်ပေ။ ကရင်မလင်သည် နျူကလီယား ဗုံးဒဏ်ကို ခံနိုင်ရည် ရှိမည့် ကွပ်ကဲရေး ဘန်ကာ များ အကျအန ဆောက်လုပ်ထားပြီး ဖြစ်၍ ထိရောက်မှု မရှိပဲ ရုရှားတို့ အား အပြင်းအထန် တုန့်ပြန်လာအောင် ဆွပေးသလိုသာ ဖြစ်သွားပေလိမ့်မည်။

 

ထိုအစား ဒရုန်းများ အဓိက ထုတ်လုပ်ပေးနေသည့် ယဲလာဘူဂါ ကဲ့သို့ စစ်ဖက် အဆောက်အအုံများကိုသာ တိုက်ခိုက်မည့် ဗျူဟာကို ကျင့်သုံးလာပုံရသည်။

 

မကြာမီက Kh-59 ကရုစ် ဒုံးကျည်များ ထုတ်လုပ်သည့် စမိုလင့်စ် စက်ရုံကို တိုက်ခိုက်ခဲ့သည်ကို တွေ့လာရသည်။ မိုရိုဇော့ လေတပ်စခန်း အားလည်း တိုက်ခိုက်ခဲ့ပြီး Su-34 ဗုံးကြဲလေယာဉ်တစီးကို ဖျက်ဆီးနိုင်ခဲ့သည်။

 

ထိုကဲ့သို့ ယူကရိန်း၏ တိုက်ခိုက်လာနိုင်မှု ကြောင့် ယခု ဆောင်းရာသီ စစ်ပွဲသည် ဘက်ညီလာသည်ဟု ပြော၍ ရပေသည်။

 

(၂၀၂၄ ဇန်နဝါရီ ၅ ရက်နေ့ အီကော်နောမစ် မဂ္ဂဇင်းပါ "Can Ukrainian drone attacks hurt Russia?" ‌ဆောင်းပါးမှ ထုတ်နှုတ်တင်ပြသည်။)