တရုတ်မှ ကူညီနေဟု မင်းအောင်လှိုင် သွယ်ဝိုက်စွပ်စွဲပြီ ဒေါ်ဇင်မာအောင် မှ အာဆီယံ အချက် ငါးချက် ကို စစ်ကောင်စီ မှ သဘောတူက ဆွေးနွေးမည်ဟု ဆို

by Hla Soewai - Dec 08 2023

ပြီးခဲ့သည့် လများအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်းရှိ တပ်မတော် လုံခြုံရေးစခန်းများကို တိုက်ခိုက်ရာတွင် TNLA၊ KIA ၊ AA အဖွဲ့တို့အပြင် စုစည်းထားသည် အခြားတပ်ဖွဲ့များမှ ကိုးကန့်များ၊ ပြည်ပမှ ဒရုန်းပညာရှင်များ စုစုပေါင်း အင်အား ၆၅၀၀ ခန့် ပါဝင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အဓိကအားဖြင့် Drone ကြီးများသုံး၍ Drop Bomb များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ဖြစ်စဉ်များကို သုံးသပ်ကြည့်ဆိုပါက သာလွန်အင်အားများ စုစည်းခြင်းနှင့် နည်းပညာသာလွန်မှုကို အသုံးချ၍ စစ်သုံးအဆင့် Drone များဖြင့် Drop Bomb များ အသုံးပြုတိုက်ခိုက်သည်ကို တွေ့ရကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်ဟု ခေတ်သစ် မှ စစ်ကောင်စီ သတင်းစာ များ အား ကိုးကား၍ ဖေါ်ပြထားသည်။

 

ပြည်ပမှ ဒရုန်း ပညာရှင် ၆,၅၀၀ ခန့် လာရောက်ကူညီနေသည်ဟု ပြောလာသည်ကို ထောက်က ကိုးကန့် ဒေသအတွင်း ထိုမျှ လောက် အရည် အတွက် အထိ ရှိနေခြင်း မှာ တရုတ် မှ လွဲ၍ အခြား မဖြစ်နိုင်တော့သည်မှာ ထင်ရှားနေပေသည်။ 

 

၎င်းက ဆက်လက်၍ drop bomb အလုံးပေါင်း ၂၅,၀၀၀ ကျော် ကြဲချနိုင်ခဲ့၍သာ ယခုလို စခန်းများ လက်လွှတ်ပေးခဲ့ရသည်ဟု အကြောင်းပြ သိက္ခာဆယ် နိုင်ရန် ကြိုးစားလာခဲ့သည်။

 

ထိုသို့သော အပြောများကို ကြည့်က တပ်တွင်းတွင် စိတ်ဓါတ်များ ကျဆင်းလာပြီး သူ့မယုံ ကိုယ်မယုံနှင့် ကျီးလန့်စားစား ဖြစ်လာနေပြီး စောင့်ထိန်းရမည့် ကျင်ဝတ်များကိုလည်း မလိုက်နာနိုင်တော့။

 

ယမန်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲတွင်ပင် ပြောခွင့်ရ ပုဂ္ဂိုလ်မှာ မိမိတို့ နှစ်နိုင်ငံ၏ အစဉ်အလာ "ပေါက်ဖေါ်" ချစ်ကြည်ရင်းနှီးမှု ကို သွေးခွဲစေမည့် အပြောအဆိုများ အောင်မြင်မှူ ရမည် မဟုတ်ဟု ထိန်းထိန်းသိမ်းသိမ်း ပြောသွားခဲ့သေးသည်။

 

မင်းအောင်လှိုင်ကတော့ ထိုသို့ ပြော‌ လေ ကျိတ်မနိုင် ခဲမရ ဖြစ်‌ လာ နေပြီး တရုတ်သံရုံး ရှေ့သို့ သူ့လူများ လွှတ်ကာ ဆန္ဒပြခိုင်းခြင်း၊ ပြည်ပမှ ဒရုန်း ပညာရှင် ၆,၅၀၀ ခန့် လာရောက်ကူညီနေသည်ဟု သွယ်ဝိုက် ပြောဆိုခြင်း များ ပြုလုပ်လာနေသည်။ စစ်တပ်သည် တိုက်ရည်ခိုက်ရည် များ မရှိတော့သည်ကို ဝန်ခံလိုခြင်း မရှိပဲ တရုတ်ကိုသာ အပြစ်ပုံချ လာခြင်း ဖြစ်သည်။

 

မင်းအောင်လှိုင် တို့ အဖွဲ့သည် ၎င်းတို့အား ထောက်ခံနေသူများ၊ လက်အောက်ခံ တပ်များ အတွက် အချိန်နှင့် အမျှ ကျန် သန်းငါးဆယ်သော လူထု ကို ဗြောငိလိမ် ဗြောင်စား လုပ်နေရသည့် အဖြစ် ရောက်နေပေပြီ။

 

တိုကျို ရှိ အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စားလှယ် ရုံး တွင် ပြုလုပ်သည့် နစ်ကီအေးရှား ရီဗြူးစာစောင်နှင့် အင်တာဗျုးတွင် ‌‌နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် မှ ယခုလို ပြောဆိုခဲ့သည်ဟုပါရှိလာခဲ့သည်။

 

"မိမိတို့ဖက်မှ စစ်ကောင်စီ နှင့် ဆွေး‌နွေးရန် အခြေခံ အချက်များကို ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော် လက်ရှိ အခြေအနေသည် ဆွေးနွေးရန် အခါအခွင့် မဟုတ် သေးကြောင်း၊ ထိုသို့‌ ဆွေးနွေးရန် မိမိတို့ တွင် အာဆီယံ ၏ ဘုံ ရပ်တည်ချက် ငါးရပ်ကို လိုက်နာရမည် ကဲ့သို့သော ကြိုတင်စည်းကမ်းချက်များ ရှိ‌နေကြောင်း ပြောဆိုသွားခဲ့သည်ဟု သိရသည်။

 

အာဏာသိမ်း အဖွဲ့သည် ယခုလို အနေအထား တွင် အပစ်ရပ်‌ ပေးမည် ဆိုလျှင် အာဆီယံ ၏ အချက် ငါးချက် ကို အလွယ်တကူ လိုက်လျော ပေးလာတော့မည်သာ ဖြစ်သည်၊ ထိုသို့ ပြောဆိုခြင်းသည် တကယ်တမ်း တိုက်နေကြရသည့် မဟာမိတ် တိုင်းရင်းသား အဖွဲ့များ၏ သဘောထား ပါရှိသလား ဆိုသည်က မသဲကွဲ လှသေးပေ။ ဒေါ်ဇင်မာအောင်မှ NUG. အား နိုင်ငံတကာမှ ဖိအားပေးလာမှု ကို ‌ဥပယ်တံမျဉ် ဖြင့် လမ်းလွှဲပေးလိုက် ခြင်း မျိုး လည်း ဖြစ်နိုင်ပေသည်။

 

ထိုသို့ မပါရှိဟု ဆိုက အမျိုးသား ညီညွတ်ရေး အစိုးရ အနေဖြင့် ထိုရပ်တည်ချက်ကို ပြန်လည် သုံးသပ်သင့်သည်။

 

အင်ဒိုနီးရှား မှ "ဆွေးနွေးရန် အပြုသဘော ဆောင်သော လက္ခဏာ" များ ထွက်ပေါိလာပြီ ဟု ပြောဆိုခြင်း မှာ ထိုကဲ့သို့ သဘောထားကို အခြေခံ၍ ပြောခြင်းမျိုး ဖြစ်နိုင်ပေသည်၊ နောက်ပိုင်းတွင် NUG မှ ထိုသို့ အင်ဒိုနီးရှားမှ ပြောဆိုလာခြင်းကို ငြင်းဆိုခဲ့သည် ကို ‌တွေ့ရသည်။

 

ယခု အနေအထား တွင် NUG နှင့် ပါဝင် တိုက်ခိုက်နေသော တိုင်းရင်းသား အဖွံ့များ ပူးပေါင်းပြီး နိုင်ငံရေး၊ စစ်ရေးဖက်တွင် ဦးဆောင်မှု ပေးနိုင်ရန် "အမျိုးသား တော်လှန်ရေး ပဲ့ကိုင် ကော်မတီ" မျိုး ဖွဲ့စည်းသင့်နေပြီ ဖြစ်သည်။ အဖွဲ့ဝင်များ အားလုံး တန်းတူရည်တူ အဆင့်မျိူး ဖြင့် တိုင်တိုင်ပင်ပင် လုပ်ဆောင်သွားသင့်သည်။

 

ဒေါ်ဇင်မာအောင် မှ အဆိုပါ သတင်းစာ ရှင်းလင်းပွဲမှာပင် စစ်အာဏာသိမ်း အဖွဲ့သည် ပြိုလဲလုဆဲဆဲ အခြေ အနေ ရောက်နေပြီး လာမည့် ရက်သတ္တပတ် အနည်းငယ် အတွင်း ပို၍ ပြင်းထန်သည့် လှိူင်းများ တလှိုင်းပြီး တလှိုင်း လာဖို့ ရှိနေသည် ဟု ပြောခဲ့သည်။

 

လက်ရှိတွင် စစ်ကောင်စီ နှင့် ၎င်းတို့ တပ်များ အတွင်း မကြုံစဖူး စိတ်ဓါတ်များ ကျဆင်းလာနေသည့် အပြင် ဆက်၍ အုပ်ချုပ်သွားရန် အကြောင်းပြစရာ အချက်များလည်း မရှိတော့ဟု ဆိုသည်။

 

စစ်တပ်သည် သူ့အလိုအလျှောက်ပင် ပြိုကွဲသွားဖို့ ဖြစ်လာနေပြီဟု လည်း ပြောသွားခဲ့သည်။

 

ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် တစိတ်တပိုင်း အဖြစ် ရှိသင့် ရှိထိုက်သည့် အင်္ဂါရပ်များ မရှိတော့သည့် စစ်တပ်အား "ပြည်သူ နှင့် ဒီမိုကရေစီ အင်စတီကျုးရှင်းများအား အကာအကွယ် ပေးမည့် စစ်တပ် အဖြစ် အသွင်ပြောင်းပစ်မည်ဟုလည်း ကတိပေးသွားခဲ့သည်။

 

လောလောဆယ် တွင် ဦးသိန်းစိန်မှ စစ်ကောင်စီ ကို ဦးဆောင် လိမ့်မည်ဟူသော ကောလဟလ များ ထွက်ပေါ်နေပေသည်။

 

အိန္ဒိယ သတင်းစာများကလည်း မြန်မာ စစ်ကောင်စီ နှင့် ဆက်ဆံရေး အား ပြန်လည် သုံးသပ်သင့်နေပြီဟု ၎င်းတို့၏ အစိုးရအား တိုက်တွန်းရေးသားလာကြသည်၊ ဤသည်ကို ကြည့်က စစ်ကောင်စီသည် လက်ငါးချောင်း ပင် မရှိသော မိတ်ဆွေများ တဖြေးဖြေး ဆုံးရှုံးလာတော့မည့် လက္ခဏာများပင် ဖြစ်ပေသည်။

 

ကနေဒါ၏ ထိတ်တန်း သတင်းစာကြီး ဖြစ်သော The Globe and Mail မှ ရေးသားသော ခေါင်းစဉ် သည် မြန်မာတို့၏ တော်လှန်ရေး ကို စာ တကြောင်းတည်း ဖြင့် ပြီးပြည့်စုံအောင် ဖေါ်ပြ နိုင်ခဲ့သည်။

 

"အမှန်တရားသည်သာ အင်အားကို အောင်နိုင်စမြဲ၊ မြန်မာ တော်လှန်ရေး သမားများ အာဏာရှင်များကို ‌ဒူးတုပ်သွားစေခဲ့ပြီ" ဟူ၍ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!