ငြိမ်းချမ်းရေး နိုဘဲလ်ဆု အီရန် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ရရှိ

by Hla Soewai - Oct 10 2023

အီရန် ရှိ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ အမျိုးသမီးတဦး ဖြစ်သူ နာဂျစ် မိုဟာမာဒီ ဆိုသူအား “အီရန်တွင် အမျိုးသမီးများ ဖိနှိပ်ခံရမှု” အား ဆန့်ကျင် တိုက်ပွဲဝင်ခဲ့မှု နှင့် လူ့အခွင့်အရေး လှုပ်ရှားမှု များ အတွက် ၂၀၂၃ နိုဘဲလ် ငြိမ်းချမ်းရေး ဆုကို ချီးမြှင့်လိုက်ပြီ ဖြစ်သည်။

 

သူမသည် လက်ရှိ အီရန် ရှိ အီဗင် အကျဉ်းထောင်ကြီးထဲတွင် အကျဉ်းချ ခံနေရသည်၊ သူမသည် နှစ်ပေါင်း သုံးဆယ် လုံးလုံး သေဒဏ် စီရင်မှု၊ ရွေးကောက်ပွဲများ ပွင့်လင်းမြင်သာ ရှိမှု၊ အကျဉ်းသား များ အပေါ် မတရားသဖြင့် ဆက်ဆံမှု၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှု များ အတွက် နှစ်ပေါင်း သုံးဆယ်နီးပါး တိုက်ပွဲဝင်လာခဲ့သူ ဖြစ်သည်။

 

သူမသည် ကိုယ်ကျိုး ကို စွန့်လွှတ်အနစ်နာခံ ပေးဆပ်ခဲ့ရမှုသည် လွန်စွာမှ ကြီးမြင့်နေခဲ့မှု ဆိုသည့် အချက် အား ဆုရွေးချယ်ရေး အဖွဲ့မှ အလေးအနက် ထောက်ပြ ပြောဆိုခဲ့သည်။

 

မစ္စက် မိုဟာမာဒီသည် ၁၃ ကြိမ် တိုင်တိုင် ဖမ်းဆီးခံခဲ့ရပြီး၊ ငါးကြိမ် အပြစ်ဒဏ်ချမှတ် ခံခဲ့ရသည်၊ သူမ၏ ကျခံရသော ပြစ်ဒဏ်သည် နှစ်ပေါင်း သုံးဆယ် ခန့် ရှိနေသည်။

 

ယခုအချိန်အထိ ခင်ပွန်း နှင့် သားသမီးများ အား တွေ့ခွင့်မရသေးဟု သိရသည်။