ပြည်တွင်း ပြည်ပ ရင်းနှီးမြုပ်နှံ မှု ၆ ခု အတည်ပြု

by Hla Soewai - Jan 12 2020

ပြီးခဲ့သည့် သောကြာနေ့က ပြုလုပ်ခဲ့သော မြန်မာ ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ ဒေါ်လာ ၂၅၇.၈ သန်း တန် ပြည်ပရင်းနှီးမြုပ်နှံမှု နှင့် ကျပ် ၆၀.၂ ဘီလီယံ တန်ဖိုးရှိ ပြည်တွင်း ရင်းနှီးမြုပ်နှံမှုများကို အတည်ပြုပေးလိုက်ပြီ ဖြစ်သည်။

 

အဆိုပါ ရင်းနှီးမြုပ်နှံမှု များကြောင့် အလုပ်အကိုင် ပေါင်း ၁,၃၀၀ ခန့် ဖန်တီးပေးနိုင်မည် ဟု လည်း သိရသည်။

 

လက်ရှိ အတည်ပြုခဲ့သော ရင်းနှီးမြုပ်နှံမှုများ သည် စွမ်းအင်၊ စက်မှု ကုန်ထုတ်လုပ်ရေး၊ ဟိုတယ် နှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများ အတွက် ဖြစ်သည်။

 

ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလ မှ စတင်သော ၂၀၁၉-၂၀၂၀ ဘဏ္ကာရေး နှစ်၏ ပထမ နှစ်လ ပတ်အတွင်း တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ တစ်ဘီလီယံ ကျော် တန်ဘိုး ရှိ ပြည်ပ ရင်းနှီးမြုပ်နှံမှု ၃၉ ခု အားလည်း အတည်ပြုပြီး ဖြစ်သည်ဟု ဆိုသည်။

 

ဒေသအလိုက် ရင်းနှီးမြုပ်နှံမှုများ တွင် ရန်ကုန်တိုင်းသည် စုစုပေါင်း၏ ၆၀%၊ မန္တလေးတိုင်း မှ ၃၀% ဖြစ်ပြီး ကျန် ပြည်နယ်နှင့် တိုင်း အသီးသီးမှ ၁၀% ရှိသည်ဟု သိရသည်။

 

လက်ရှိတွင် စင်္ကာပူ၊ တရုတ် နှင့် ထိုင်း နိုင်ငံများမှ အများဆုံး ရင်းနှီးမြုပ်နှံလျက် ရှိကြသည်။

 

ရည်ညွှန်း ၊    ၊ Xinhua News Agency