မင်းအောင်လှိုင် အတွက် တီမော အစိုးရ၏ မွေးနေ့လက်ဆောင်

by Hla Soewai - Jul 04 2023

အာဆီယံ အဖွဲ့ဝင် နိုင်ငံသစ် ဖြစ်လာသော တီမော လက်စတေး ၏ မေလ ၂၁ ရက်နေ့ ရွေးကောက်ပွဲတွင် တီမော ပြန်လည် ထူထောင်ရေး အမျိုးသား ကွန်ဂရက် သည် အနိုင်ရရှိခဲ့သည်။ ထို့အတွက် ဝန်ကြီးချုပ် ရာထူးမှ ရှစ်နှစ်ကြာ အနားယူသွားသော ပါတီခေါင်းဆောင်လည်း ဖြစ်သူ ရှန်ဆာနာ ဂုစ်မို သည် ဝန်ကြီးချုပ် အဖြစ် ပြန်၍ တာဝန်ယူခဲ့သည်။

 

မြို့တော် ဒီလီ တွင် ကျင်းပသည့် ၎င်း၏ ကျမ်းသစ္စာ ကျိမ်ဆိုသည့် အခမ်းအနားသို့ အမျိုးသား ညီညွတ်ရေး အစိုးရ အား တက်ရောက်ရန် သမ္မတ ဟိုဆေး ရာမို့စ် ဟော်တာမှ ဖိတ်ကြားခဲ့၍ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်သည် ချက်နိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ ဦးလင်းသန့် နှင့ အတူ အတူ တက်ရောက်ခဲ့သည်။

 

ယင်းသည် တီမော သမ္မတ မှ မြန်မာ စစ်အာဏာသိမ်း အဖွဲ့အား အသိအမှတ် မပြုပဲ၊ ၎င်းတို့၏ လုပ်ရပ်များအား ဆန့်ကျင်သွားမည် ဆိုသည်ကို သက်သေထူလိုက်ခြင်းပင် ဖြစ်သည်။

 

ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မင်းအောင်လှိုင် ၏ ၆၇ နှစ်မြောက် မွေးနေ့ အတွက် လက်ဆောင် ပေးလိုက်ခြင်းလည်း ဖြစ်သည်။

 

အသက် ၇၇ နှစ်ရှိ ဂုစ်မိုသည် အရှေ့တီမော အား အင်ဒိုနီးရှား လက်အောက်မှ လွတ်မြောက်ရန် ဦးဆောင် တိုက်ပွဲဝင်ခဲ့သည့် လွတ်လပ်ရေး သူရဲကောင်းကြီးလည်း ဖြစ်သည်။

 

၎င်းသည် ၂၀၀၂-၂၀၀၇ အတွင်း သမ္မတ အဖြစ်၎င်း၊ ၂၀၀၇-၁၅ အတွင်း ဝန်ကြီးချုပ် အဖြစ်၎င်း တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ရှေ့တန်းမှ လှုံ့ဆော်ခဲ့သူလည်း ဖြစ်သည်။

 

တီမော လက်စလေး အား ဆယ်တစ်နိုင်ငံ မြောက် အာဆီယံ အဖွဲ့ဝင် ဖြစ်ရန် မူအားဖြင့် လက်ခံလိုက်ပြီ ဖြစ်၍ အာဆီယံ ထိပ်သီး အစည်းအဝေး အပါအဝင် ပွဲတိုင်းသို့ လေ့လာသူ အဆင့်အတန်းဖြင့် တက်ရောက် နိုင်ပြီ ဖြစ်သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင် မှ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှုးကြီး ဇာနည်အောင် နှင့် ဒုတပ်ရင်းမှူး ဗိုလ်မှုး ကျော်သူစိုး အပါအဝင် ခမရ ၄၃၀ မှ တပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာသည် ကရင်နီ/ကယားပြည်နယ် မယ်စဲ့မြို့နယ်ရှိ တော်လှန်ရေး တပ်ဖွဲ့များထံ လက်နက်ချ သည့် သတင်းအား အတည်ပြုသွားခဲ့သည်ဟု ဧရာဝတီ သတင်းမှ မင်းအောင်လှိုင်အား နောက်ထပ် မွေးနေ့လက်ဆောင် ပို့ပေးလိုက်ပြန်သည်။

 

ပြည်သူ‌တို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!