တရုတ် သမ္မတ စီရှင်ပင့် ၏ မြန်မာပြည် ခရီးစဉ်

by Hla Soewai - Jan 06 2020

ဇန်နဝါရီ ၁၇ ရက်နေ့တွင် စတင်မည်ဟု မျှော်လင့်ရသည့် တရုတ် သမ္မတ စီရှင်ပင့် ၏ မြန်မာပြည် ခရီးစဉ်သည် ဆယ်စုနှစ် ကာလ တခု အတွင်း ဒုတိယ အကြိမ် ဖြစ်ပါတယ်၊ ၂၀၀၉ ခုနှစ်အတွင်း ဒုတိယ သမ္မတ အဖြစ် မြန်မာပြည် ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်၊

 

ခရီးစဉ်အတွက် သံတမန် ရေး လွန်းပျံ ခရီးစဉ်တွေ မရပ်မနား ပြုလုပ်လျက် ရှိပါတယ်၊ ဒီဇင်ဘာ ၉ ရက်နေ့မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ် ယီ လည်း မြန်မာပြည်ကို ရောက်ရှိလာပြီး နိုင်ငံတော် အတိုင်ပင်ခံ နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်၊

 

တရုတ်သမ္မတ ခရီးစဉ်ကတော့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် လမ်းမကြီး တည်ဆောက်ရေး နဲ့ ရပ်ဝန်း နှင့် လမ်း စီမံကိန်းများ အကောင်အထည်ဖေါ်ရေး အရှိန်မြှင့်တင်သွားဖို့ ရည်ရွယ်ပုံ ရှိတယ်လို့ ဂျပန်နိုင်ငံရှိ The Diplomat အွန်လိုင်း မှာ ရေးသားထားပါတယ်။ အထူးသဖြင့် ဘီဂျင်းရဲ့ အိန္ဒိယ သမုဒ္ဒရာ သို့ ထွက်ပေါက် ဖြစ်လာမယ့် ကျောက်ဖြူ အထူး စီးပွားရေး ဇုံ တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။

 

ကျောက်ဖြူ စီမံကိန်းသည် စီ ရဲ့ ၂၀၀၉ ခုနှစ် ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှု စာချွန်လွှာ ၁၆ ခု ထဲက တခု အဖြစ် စတင်လာခဲ့တာ ဖြစ်ပါတယ်၊ ကျောက်ဖြူ စီးပွားရေး ဇုံကတော့ တရုတ်၏ နိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှု အားလုံးထဲမှာ မုဒ်ဦးကြီး သဘောမျိုး ယူဆထားပါတယ်၊ သို့သော်လည်း မြစ်ဆုံဆည် ရပ်ဆိုင်းသွားပြီးနောက် တရုတ်-မြန်မာ ဆက်ဆံရေး သည် အနှစ် နှစ်ဆယ် အတွင်း ပထမဆုံးအကြိမ် အဖြစ် အဖုအထစ်တွေ ဖြစ်လာခဲ့ရပြီး ကျန် စီမံကိန်း အတော်များများလည်း ရပ်ဆိုင်းသွားခဲ့ရပါတယ်၊ ထို့အတွက် ရပ်ဝန်းနှင့် လမ်း စီမံကိန်း အတွက် ရင်းနှီးမြုပ်နှံငွေတွေ ဝင်မလာနိုင် ဖြစ်နေပါတယ်၊ ကျောက်ဖြူ စီမံကိန်းကိုလည်း မြန်မာဖက်က အကြွေးထောင်ချောက်ထဲ ပိတ်မိမှာ စိုးတဲ့ အတွက် အတိုင်းအတာ ပမာဏ ကို လျော့ချခဲ့ပြီး ဖြစ်ပါတယ်။

 

ဒီအတွက် တရုတ်ပြည်က အလျင်အမြန် တုန့်ပြန်ခဲ့ပြီး အခြားရင်းနှီးမြုပ်နှံမှုတွေကို ဆိုင်းထားလိုက်တာ ကြောင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း စီမံကိန်းများလည်း ရပ်ဆိုင်းသွားတာ ဖြစ်ပါတယ်၊ ဒီကြားထဲ အပြန်အလှန် ဆွေးနွေးမှုတွေ ရှိနေပေမယ့် တရုတ်၏ အထူး ဦးစားပေးကတော့ ကျောက်ဖြူပဲ ဖြစ်နေပါတယ်၊ ထိုစီမံကိန်းကို အပြည့်အဝ အကောင်အထည် ဖေါ်ခွင့်မရပဲနဲ့တော့ အခြား စီမံကိန်းတွေ မှာ ရင်းနှီးမြုပ်နှံဖို့ တရုတ်တို့ ဖက်က စိတ်မပါ လက်မပါ ဖြစ်နေတယ်လို့ ဆိုပါတယ်၊ ဒါကလည်း နိုင်ငံတွင်း မငြိမ်သက်မှုတွေနဲ့ တရုတ် ဆန့်ကျင်ရေး သဘောထားများ ရှိနေတာကလည်း တကြောင်း အပါအဝင် ဖြစ်နေပါတယ်၊ မြန်မာဖက်ကတော့ တရုတ်တို့ အခေါ် Early Harvest Projects ဆိုတဲ့ ရေတိုအတွင်း ပြီးနိုင်မယ်လို့ သတ်မှတ်ထားတဲ့ စီမံကိန်း တွေကို လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်၊ တရုတ်တွေက မြန်မာပြည် အပေါ် ငွေလုံးငွေရင်း နဲ့ မြုပ်နှံကူညီဖို့ စိတ်မဝင်စားကြတော့ပဲ သူတို့အတွက် မဟာဗျုဟာအရ အကျိုးရှိမယ့် စီမံကိန်းမျိုးကိုသာ ဦးစားပေး လုပ်ဖို့ ရည်ရွယ်လာခဲ့ပါတယ်။

 

မြန်မာဖက်ကတော့ စီးပွားရေး ဦးမော့လာဖို့ ငွေလုံးငွေရင်းနဲ့ ရင်းနှီးမြုပ်နှံမှုတွေ လိုအပ်လာနေပါတယ်၊ ထို့အတွက် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် လမ်းမကြီး အမြန် အကောင်အထည် ဖေါ်နိုင်ရေးသာ တခုတည်းသော ရွေးချယ်စရာ အဖြစ် ကျန်ရှိနေပါတယ်။ မြန်မာပြည်အဖို့လည်း ရခိုင်ပြည်နယ်အတွင်းရှိ မူဆလင်များ အရေးကြောင့် အနောက်နိုင်ငံတွေနဲ့ လက်ပွန်းတတီး လုပ်နိုင်ဖို့လည်း မရှိတော့ဖူးလို့ တရုတ်ဖက်က သုံးသပ်လာပါတယ်။ နေပြည်တော် ဖက်ကလည်း ပြီးခဲ့တဲ့ လ တွေ မှာ တရုတ် ငွေပင်ငွေရင်း တွေ အမြန် ဝင်လာဖို့ တဖန် ပြန်သွေးဆောင်နေရပါတယ်၊ ဒီအတွက် တရုတ်က ကျောက်ဖြူ ကို အခြားစီမံကိန်းတွေ ဆက်နိုင်ဖို့ အပေးအယူ လုပ်စရာ အဖြစ် ပြန် အသုံးချဖို့ ဖြစ်လာပါတယ်။

 

ရခိုင်ပြည်နယ်အတွင်း မငြိမ်သက်မှုများကြောင့် ရင်းနှီးမြုပ်နှံရေးသည် အောင်မြင်ဖို့ အခွင့်အလန်း နည်းနေပါတယ်၊ တရုတ်ကတော့ မဟာဗျုဟာ အရ အိန္ဒိယ သမုဒ္ဒရာ ကို ထွက်နိုင်မယ့် အနောက်တံခါးကို ပွင့်နေဖို့ မဖြစ်မနေ လုပ်ဖို့ ရှိနေပါတယ်၊ တရုတ်က မြောက်ပိုင်း မဟာမိတ် အဖွဲ့နဲ့ နွေးထွေးတဲ့ ဆက်ဆံရေး ရှိနေတာကြောင့် AA အနေနဲ့ တရုတ် စီမံကိန်း တွေကို စောင့်ရှောက်ပေးမယ့် အနေအထား တွေ့နေရပါတယ်၊ ဘီဂျင်းကလည်း ရခိုင်ပြည်နယ် အတွင်းရှိ မူဆလင်များ အရေး အပေါ် မြန်မာ ဦးဆောင်ရာကို ဘယ်လိုပဲ ဖြစ်ဖြစ် လိုက်မယ့် အနေအထား ရှိနေပါတယ်၊ ထို့အပြင် ကျောက်ဖြူ-ယူနန် မီးရထားလမ်း အတွက် တိုင်းတာတွက်ချက်မှု တွေ ပြီးစီးနေပြီ ဖြစ်တဲ့ အတွက် အုတ်မြစ်ချဖို့ပဲ ကျန်ပါတော့တယ်။ စီရှင်ပင့် ဖက်ကနေ စသင့်ပြီလို့ မီးစိမ်းပြဖို့ပဲ ကျန်ပါတော့တယ်၊

 

ယခု စီရှင်ပင့် ရဲ့ ခရီးစဉ်သည် တရုတ်တို့ ဆယ်နှစ်တာ ကာလအတွင်း ကြိုးပမ်းရခဲ့သမျှ ကို အပြီးသတ် တွန်းအားပေးဖို့ ဖြစ်လာနေပါတယ်၊ နေပြည်တော် မှာ စီ နဲ့ လက်ချင်းဆက်ဖို့သည် မြန်မာရဲ့ နိုင်ငံရေး စီးပွားရေး ကို အရှိန်အဟုန် နဲ့ သက်ရောက်စေနိုင်သည်သာမက အိန္ဒိယ သမုဒ္ဒရာ ရဲ့ ဘူမိနိုင်ငံရေး အနေအထားကို ကဏ္ကသစ် ဖွင့်လှစ်သွားဖို့ ရှိနေပါတယ်၊ ဒီအနေအထားတွေကြောင့် အမေရိကန် ကမကထ ပြုထားတဲ့ အင်ဒို-ပစိဖိတ် မဟာဗျုဟာ အပေါ် သက်ရောက်လာနိုင်မှု အတိုင်းအတာ ကို ပြန်လည် သုံးသပ်ရတော့မယ့် အချိန် ရောက်လာနေပြီ ဖြစ်ပါတယ်။

 

ရည်ညွှန်း၊   ၊ ‘Xi’s upcoming visit to Myanmar could reshape the Indian Ocean Strategy’ from the Diplomat