ဖြစ်ပေါ်လာသော အကျိုးဆက်များကို ခံရလိမ့်မည် ဟု စစ်ကောင်စီအား ကန် သတိပေး

by Hla Soewai - Mar 23 2023

ဂျကာတာ သို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ၏ အကြံပေး ဒဲရက် ရှိုလက် မှ စစ်အာဏာသိမ်း အဖွဲ့ အနေဖြင့် အပြည့်အဝ နားလည်ထားရမည့် က ၎င်းတို့ ပြည်သူများ အပေါ် ဆက်၍ ရက်စက်စွာ ဖိနှိပ်နေမည် ဆိုက ထို့အတွက် အကျိုးဆက်များကို ခံစားရလိမ့်မည် ဖြစ်သည် ဆိုခြင်းပင် ဖြစ်ပြီး နိုင်ငံတကာ၏ ယခုထက် ပိုပြီး ဝိုင်းပယ်ခြင်း နှင့် ရင်ဆိုင်ရမည် ဖြစ်သည်ဟု သတင်းထောက်များ အား ထုတ်ဖေါ် ပြောဆိုလိုက်သည်။

 

ယခု လာမည့် ရက်များ အတွင်း စစ်တပ်ပိုင် လုပ်ငန်းများကို ဆက်လက် ဒဏ်ခတ်မှုများ ကျေညာသွားမည် ဖြစ်သည်ဟု ဆိုသည်။ မိမိတို့၏ ဒဏ်ခတ်မှုများသည် အာဏာသိမ်း အဖွဲ့ အတွက် ၎င်းတို့ စစ်ယန္တရားကြီး လည်ပတ်နိုင်အောင် လက်နက် များ ဝယ်ယူနိုင်သည့် ဝင်ငွေများ ဆုတ်ယုတ် လျော့နည်းအောင် ရည်ရွယ် ပြုလုပ်နေခြင်း ဖြစ်ပြီး ဖိအားများလည်း တိုးမြှင့်သွားမည်ဟုလည်း ပြောဆိုသွားခဲ့သည်။

 

မြန်မာသည် ယခုအခါ အလုံးစံ ပျက်သုန်းနေသည့် နိုင်ငံ failed state ဆီသို့ ဦးတည်နေပြီ ဖြစ်သည်ဟု မစ္စတာ ရှိုလက် က မှတ်ချက်ချခဲ့သည်။

 

မြန်မာ အကျပ်အတည်းအား ဖြေရှင်းနိုင်ရေး အတွက် ရုရှားမှ စစ်လက်နက် ပစ္စည်းများ ပံ့ပိုးပေးနေမှု ကို ရပ်ဆိုင်းရမည်ဟုလည်း ဆိုသည်။ ထိုသို့ စစ်တပ်မှ လက်နက်များ တင်သွင်းနိုင်ခြင်း မရှိတော့လျှင် ဖြစ်လာနိုင်သည့် တခုတည်းသော လမ်းသည် ရုရှားတို့ လက်နက်များ ထောက်ပံ့နေမှု ရပ်ဆိုင်းသွားသည့် လမ်းကြောင်းပေါ် မိမိတို့ဖက်မှ ခြေလှမ်းကြီးကြီး လှမ်းလာဖို့ ပင် ဖြစ်သည်။

 

အာဆီယံ အသင်းကြီးအားလည်း မည်သည့် အစည်းအဝေးမျိုး မဆို စစ်ကောင်စီ ၏ နိုင်ငံရေး ဖက်မှ ကိုယ်စားလှယ်များကို ဖိတ်ကြားခြင်း မပြုရန်လည်း တောင်းဆိုထားခဲ့သည်။

 

မြန်မာ အရေး ဖြေရှင်းရန် ဘရူနိုင်း နှင့် ကမ္ဘောဒီယား တို့ တပ်လန်သွားပြီး နောက် အင်ဒိုနီရှားသည် ကန်လန့်ကာ နောက်ကွယ် သံခင်း တမန်ခင်း ဖြင့် လောလောဆယ် လမ်းကြောင်းသစ် ဖေါက်ပြီး ထိုးစစ်ဆင်နေချိန်လည်း ဖြစ်သည်။ အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီးသည် အထူး သံတမန် ရာထူး ယူပြီးချိန်ကစ၍ သိသိသာသာ ငြိမ်ကျသွားပြီး NUG အပါအဝင် သက်ဆိုင်သူ အားလုံး နှင့် သိုသိုသိပ်သိပ် ဆွေးနွေးနေပုံရသည်ဟု Frontier Myanmar တွင် ဖေါ်ပြထားသည်။

 

ပါကစ္စတန် တူဒေး သတင်းစာတွင် အိုင်စီစီ သည် လူမျိုးရေး ခွဲခြားဆက်ဆံနေပြီလောဟု မေးခွန်းထုတ်လာသည်၊ အိုင်စီစီ သည် ရိုဟင်ဂျာ အရေး စုံစမ်းနေသည့် အဆင့်တွင်သာ ရှိပြီး နိုင်ငံ တွင်း အာဏာသိမ်း အဖွဲ့ ကျုးလွန်နေသော ပြစ်မှုများကို ယခုတိုင် တရားဝင် စုံစမ်းစစ်ဆေးခြင်း မရှိသေးပေ။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ ရောမစာချုပ်ပါ အိုင်စီစီ၏ လုပ်ပိုင်ခွင့်မျာ် းကို လက်ခံကြောင်း ကျေညာခဲ့ပြီး ယင်း အပေါ် အိုင်စီစီ က အသိအမှတ်ပြုကြောင်း ပြန်လည် တုန့်ပြန်ခဲ့သည်။

 

သို့သော် နောက်ပိုင်းတွင် ယူကရိန်း လောက် တက်တက်ကြွကြွ မရှိသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်ရသည်ဟု သတင်းစာ တွင် ရေးသားထားသည်။

 

အိုင်စီစီ တွင် ပြဿနာ တခု ရှိနေသည်က NUG သည် အိုင်စီစီ တွင် တရားဝင် ကိုယ်စားပြုနိုင်ခွင့် ရှိမရှိ ဆိုသည် ပင် ဖြစ်သည်၊ သို့သော် NUG သည် ရွေးကောက်ပွဲ ဖြင့် လူထု က ရွေးကောက်တင်မြှောက်ထားကြသူများ ဖြစ်၍ တရားဝင် အစိုးရ ဖြစ်သည်ဟု နိုင်ငံတကာ သုတေသီများက ထောက်ပြခဲ့ကြပြီး ဖြစ်သည်။ တဖက်တွင် စစ်တပ်သည် ဖွဲ့စည်းပုံ အပိုဒ် ၇၁ (က) နှင့် ၄၁၇ ကို ဖေါက်ဖျက်ပြီး လက်နက်အားကိုးဖြင့် အာဏာသိမ်းထားသည့် တရားမဝင် အစိုးရ ဖြစ်ပြီး လူထု တရပ်လုံးကလည်း ထိုလုပ်ရပ်ကို ဆန့်ကျင်ကြောင်း တနိုင်ငံလုံး ဆန္ဒထုတ်ဖေါ်ပြသခဲ့ပြီး ဖြစ်၍ ၎င်းတို့သည်သာ တရားမဝင် အစိုးရ ဖြစ်နေသည်ဟု ဆိုသည်။

 

မြန်မာ ပြည်သူများကတော့ ၎င်းတို့ အတွက် တရားမျှတမှု ဖြစ်ထွန်းရာ လမ်းကြောင်းကို ကိုယ်နည်းကိုယ်ဟန် ဖြင့်ချီတက်နေကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!