နိုင်ငံတကာ အမျိုးသမီးများနေ့ တွင် အီးယူမှ စစ်ကောင်စီ ပြည်ထဲရေး ဒု ဝန်ကြီးအား အမည်ပျက် စာရင်း ထည့်သွင်း

by Hla Soewai - Mar 10 2023

အီးယူမှ အာဖဂန်နစ္စတန် မှ ဝန်ကြီး နှစ်ဦး နှင့် မြန်မာ အာဏာသိမ်း အဖွဲ့၏ ဒုတိယ ပြည်ထဲရေး ဝန်ကြီး တိုးရီ တို့အား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အတွက် နာမည်ပျက်စာရင်း ထည့်သွင်းလိုက်ပြီ ဖြစ်သည်။

 

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီး များ နေ့ တွင် ယခုလို အရေးယူလိုက်ခြင်း လည်း ဖြစ်သည်။

 

စစ်ကောင်စီ အဖွဲ့ဝင် တဦးအား လိင်မှု ဆိုင်ရာ အကြမ်းဖက်မှု ဖြင့် ပထမဆုံးအကြိမ် ယခုလို အရေးယူ ခံရခြင်းလည်း ဖြစ်သည်။

 

ထို့အပြင် မြန်မာ၏ ပြည်ထဲရေး ရုံးအားလည်း တပါတည်း စာရင်းထဲ ထည့်သွင်းခဲ့သည်ဟု အီးယူ၏ ကျေညာချက်တွင် ပါရှိသည်။

 

မည်သို့သော ပြစ်မှု များ ကျုးလွန်ခဲ့ကြောင်း ‌ဖေါ်ပြထားခြင်း မရှိပေ။

 

အမျိုးသား ညီညွတ်ရေး အစိုးရသည် နိုင်ငံတကာ အမျိူးသမီးများ နေ့ကို စိတ်နှလုံး မချမ်းမြေ့စွာဖြင့် ကျင်းပခဲ့သည်ဟု RFA သတင်းက ‌ဆိုသည်။

 

စစ်အာဏာသိမ်း အဖွဲ့၏ လက်ချက်ဖြင့် မမြသွယ်သွယ် ခိုင် အစပြု၍ ၂၅ လ အတွင်း ‌ကျဆုံးသွားခဲ့ရသည့် အမျိုးသမီးပေါင်း ၄၈၃ ဦး ရှိသွားပြီ ဖြစ်ကြောင်း စာရင်းထုတ်ပြန်ခဲ့သည်။

 

လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု ၁၂၂ မှု ရှိခဲ့ပြီဟုလည်း သိရသည်။

 

RFA ၏ နောက်ထပ် သတင်းတပုဒ်အရ အခြေခံ ပညာရေး စနစ်သည် အာဏာ သိမ်းပြီးနောက်ပိုင်း ပြိုလဲကျဆင်းလာနေသည့် လက္ခဏာတရပ် အဖြစ်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ အထက်တန်း ကျောင်းသား အရည်အတွက်သည် ၈၀ ရာနှုန်းအထိ ကျဆင်းသွားသည်ဟု မိဘ၊ ဆရာများ နှင့် ပညာရေး ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ များက ဆိုသည်။

 

NLD လက်ထက် ၂၀၁၉-၂၀ စာသင်နှစ် တွင် ဆယ်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၉၇၀,၈၀၀ ရှိခဲ့သော်လည်း ၂၀၂၁-၂၂ တွင် ၃၁၂,၃၀၀ နှင့် ၂၀၂၂-၂၃ တွင် ၁၇၉,၈၀၀ သာ ရှိတော့သည်ဟု စာရင်းဇယားများက ပြဆိုနေသည်။

 

ယင်းသည် ၎င်းတို့ လက်ထက် ပညာရေး စနစ် အပေါ် ယုံကြည်မှု ကျဆင်းလာခြင်းနှင့် အာဏာသိမ်း အဖွဲ့၏ ပြည်သူများ အပေါ် ဆင်နွဲနေသော စစ်ပွဲများ၏ ရလဒ်များ ကြောင့်ပင် ဖြစ်သည်။

 

NUG ၏ ပညာရေး ဝန်ကြီးဌာန မှ ကျင်းပသော ဆယ်တန်း စာမေးပွဲ ကို ဝင်ရောက် ဖြေဆိုသူ ကျောင်းသား ၉၀,၀၀၀ ခန့် ရှိနေသည်ဟု ဆိုသည်။

 

လူထု သည် ၎င်းတို့ စီမံနေသည့် ပညာရေးစနစ် ပေါ်တွင် ပင် အယုံအကြည် ကင်းမဲ့နေချိန်တွင် ရွေးကောက်ပွဲ ကြောင့် အထိုက်အလျောက် ပြန်လည် တည်ငြိမ်လာကောင်းရဲ့ ဆိုကာ မျှော်လင့်ချက် ထားနေသော ရန်ကုန်ရှိ တရုတ် သံအမတ်သည် စစ်ကောင်စီ ခန့် ရွေးကော် ဥက္ကဌ ဆိုသူ နှင့် လာရောက်‌ တွေ့ဆုံ၍ မေးမြန်း ဆွေးနွေးသွားသည်ဟု ဆိုသည်။

 

တရုတ် အစိုးရသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ဖျက်သိမ်းပြီး ပြုလုပ်မည့် ရွေးကောက်ပွဲ မျိုး ဖြစ်လာမည်ကို စိုးရိမ်မကင်း ဖြစ်နေပုံရသည်။

 

ယခုကဲ့သို့ ပြည်ပနိုင်ငံ တခု မှ ၎င်းတို့ လုပ်မည့် ရွေးကောက်ပွဲအား လာရောက်မေးမြန်းကြခြင်း ကိုပင် ဂုဏ်ယူဝင့်ကြွားနေကြရရှာသည်၊ စဉ်းစားကြည့် တတ်မည် ဆိုက စင်္ကာပူ၊ မလေးရှား ကဲ့သို့သော နိုင်ငံများက ၎င်းတို့၏ ရွေးကောက်ပွဲ အနေအထားကို ထိုသို့ လာရောက်မေးမြန်းမည်ဆိုက စော်ကားခြင်းဟု ယူဆကြမည်လည်း ဖြစ်သည်။

 

သို့သော် တရုတ်-ရုရှား ဩဇာခံ စစ်ကောင်စီ အနေဖြင့် မည်သို့မျှ မတတ်နိုင်ပဲ NLD ထဲ မှ အခွင့်အရေး သမားများဟု ယူဆရသူများကို စည်းရုံး၍ နိုင်ငံတော် အတိုင်ပင်ခံ နှင့် သွားရောက် ဆွေးနွေး ခိုင်းခြင်းပင် ဖြစ်သည်။

 

ထိုသို့ သွားရောက် ဆွေး‌နွေးသူများ တော့ မည်သို့ နေမည် မသိ၊ ထိုသို့ သော သတင်း ကိုယ်နှိုက်ကပင် ရှက်ဖွယ် လိလိ ဖြစ်နေရသည်။

 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ လေးဦးဂိုဏ်း ဝင် များကို ပါတီမှ ထုတ်ပယ်ပစ်ခဲ့သည်။

 

၎င်းတို့၏ လုပ်ဖေါ် ကိုင်ဖက်များ သတ်ဖြတ် ဖမ်းဆီး ခံနေရချိန်တွင် အကြမ်းဖက် စစ်ကောင်စီ အလိုကျ ကွေးနေအောင် က ကာ ခွက်ကလေး ဆွဲပြီး အရပ်တကာ လှည့် မဲတောင်းရန်လည်း ဝန်မလေးမည့် လူများ ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ၏ လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းမှ တနင်္လာနေ့က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ တွင် အကြမ်းဖက် စစ်တပ်မှ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၃၂ ကြိမ် ကျုးလွန်ခဲ့ကြကြောင်း ထုတ်ဖေါ် ပြောဆိုလိုက်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ဓါတ်ပုံ - မြန်မာနောင်း