အန်သော်နီ ဒေးဗီးစ်၏ မြန်မာ စစ်ရေး အလားအလာ အပေါ် လေ့လာ သုံးသပ်ချက်

by Hla Soewai - Mar 08 2023

လူ့အခွင့် အရေး လှုပ်ရှားသူ အီဂေါ ဘလာဆီဗစ် မှ စစ်ရေး၊ လုံခြုံရေး ဆိုင်ရာ သုတေသီ အန်သော်နီ ‌ဒေးဗစ် နှင့် တွေ့ဆုံ မေးမြန်းသည်များ ကို ဧရာဝတီ မှ တင်ပြထားမှု အား ကောက်နှုတ် ဖေါ်ပြသွားမည် ဖြစ်သည်။

 

ပြည်သူများ၏ တွန်းလှန် ဆန့်ကျင်နေမှုသည် စစ်မြေပြင် တွင် ရလဒ်ကောင်းများ ထွက်ပေါ်လာရေး အတွက် အရေးပါ သလော။

 

မြန်မာ တွင် တော်လှန်ရေး ပါတီ ဟူ၍ မရှိသဖြင့် လူထု၏ စည်းရုံး စုစည်း မှု နှင့် အရပ်ဖက် အဖွဲ့အစည်းများသည် လူထု၏ လက်နက်ကိုင် လှုပ်ရှား မှု အား ပံ့ပိုးနိုင်‌ရေး အတွက် အခြေခံ ကျသော အနေအထား တွင် ရှိနေသည်၊ ပြည်သူများ ဖက်မှ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ကဏ္ဍ အသီးသီး တွင် သတင်း အချက်အလက် များ စစ်ပွဲကြီး သဖွယ် ဆင်နွှဲခြင်း မရှိပဲ နှင့် ပြည်သူ့ စစ်ပွဲ ဆိုသည်က ဖြစ်မလာနိုင်၊ လက်နက်ကိုင် ရုန်းကန် လှုပ်ရှားမှု များ တွင်လည်း ပြည်သူများ သည် အရပ်ဖက် အဖွဲ့အစည်း များ မှတဆင့် ပါဝင် ထောက်ခံနေသရွေ့ စစ်တပ် သည် အောင်မြင်ရာ အောင်မြင်ကြောင်း မျှော်လင့်နိုင်စရာ မရှိ။

 

မြန်မာ ပြည်သူများ ကြံ့ကြံ့ခံ တွန်းလှန်နေမှုသည် စစ်တပ်၏ ရက်စက်ကြမ်းကြုပ်စွာ ဖိနှိပ်မှု အောက်တွင် စမ်းတဝါးဝါး ဖြစ်လာနေသလား သို့တည်းမဟုတ် အရေးတော်ပုံကြီး စတင်ခဲ့ချိန်ကလို ခိုင်မာမှု ရှိနေသလား။

 

ဒီမေးခွန်းကို အတိအကျ ဖြေဖို့က ခက်ခဲပေမယ့် မြန်မာ လူထုက အခုထိ တော်လှန်‌ရေး အတွက် ကြံ့ကြံခံ နေဆဲ လို ယူဆသည်၊ သူတို့ အားလုံး က ယခုလို စုစည်း တွန်းလှန်နေသည့် အခွင့်အလန်းသည် နောက်တကြိမ် ဘယ်တော့မှ ဖြစ်မလာနိုင်ဖူး ဆိုတာ သိနေကြပြီး ဖြစ်သည်။ ရန်ကုန်၊ မန္တလေး အစရှိတဲ့ မြို့ကြီး တွေက လူတွေကို မေးရင်တော့ ပုံမှန် ပဲ သွားလာ လှုပ်ရှားနေကြတယ်လို့ ပြောကောင်း ပြောနိုင်ပေမယ့်၊ လူနေအိမ်တွေ၊ မြို့တွေ ရွာတွေ မီးရှို့ခံရပြီး နင်လား ငါလား တိုက်နေကြရတဲ့ ကရင်၊ စစ်ကိုင်း၊ မကွေး၊ ချင်း လို ဒေသမျိုး တွေမှာ တော့ ဒေါသ အရှိန် အဟုန် တွေ ဘယ်လောက် အထိ ပြင်းထန်မယ် ဆိုတာ ရိပ်စား၍ ရသည်။ ဒီမေးခွန်း၏ အဖြေ သည် မိမိ ဘယ်ဒေသ တွင် ရှိနေလဲ ဆိုတာကိုလည်း မူတည်နေသည်။

 

မြန်မာ စစ်တပ်သည် သိသိသာသာ အားပျော့သွားပြီလား၊ စစ်သားတွေကော၊ နယ်မြေ တွေပါ ဆုံးရှုံးနေတဲ့ အပြင် တပ်က ထွက်ပြေးနေတာ တွေ ရှိနေတဲ့အပြင် စစ်သား စုဆောင်းဖို့လည်း ပြဿနာ ရှိနေသည်။ ထို့အတွက် စစ်တပ်၏ လက်ရှိ လူထု အပေါ် လုံး ပါး ပါးလာအောင် လုပ်နေတဲ့ ဗျုဟာ ကို ရေရှည် လုပ်သွားနိုင်မည်လော။

 

မြန်မာ စစ်တပ် ကို လျော့တွက် ခြင်းကိုက အမှားကြီး မှားသည်ဟု အစကတည်းက သတိပေးထားခဲ့သည်။ ဒီစစ်တပ်သည် တိုင်းပြည်ကို အုပ်ချုပ်နေယုံမက၊ သူတို့ ပိုင်သည်ဟု ယူဆ ပြီး ရပ်တည်လာသည်မှာ နှစ်ပေါင်း ၇၀ ရှိလာနေပြီ ဖြစ်သောကြောင့်ပင်။ ဒီလို နေသွားနိုင်အောင် စနစ်တကျ စုစည်း ထားပြီး ဖြစ်လို့ လူထု က ခုခံတွန်းလှန်လာပြီ၊ ဒီအတွက် အားပျော့သွားပြီလို ယူဆလျှင် အမှားကြီး မှားသွားလိမ့်မည် ဖြစ်သည်။

 

တိုက်ပွဲများ တွင် အကျအဆုံး၊ ခိုလှုံလာမှု အရည် အတွက် ကို ချဲ့ကား ပြောဆိုမှု များ ရှိနေသည်။ ဒါတွေကို ယုံကြည်လာရင် စစ်တပ် ပြိုကွဲလုနီးနီး ဖြစ်နေပြီ ဆိုတဲ့ အတွေး တွေ ပေါ်လာမှာ မလွဲဧကန်ပင် ဖြစ်သည်။ မိမိသည် မြန်မာ အရေးကို အစဉ်တဆိုက် အနီးကပ် စောင့်ကြည့်နေပြီး အတွင်း သတင်းများကိုလည်း ရရှိနေ၍ စစ်ဖက် နှင့် ရဲဖက်မှ ထွက်ပြေးလာသူ ၃,၀၀၀ မှ ၄,၀၀၀ အကြား ရှိနိုင်ပြီး၊ သေဆုံး နှင့် အပြင်းအထန် ဒဏ်ရာရသူ နှစ်နှစ် အတွင်း ၁၀,၀၀၀ နှင့် ၁၅,၀၀၀ အကြား ရှိနိုင်သည်ဟု မိမိအနေဖြင့် ခန့်မှန်း၍ ရလာသည်။ စစ်တပ်မှာ လက်ရှိ တိုက်ပွဲ ဝင် အသင့် အနေအထား အင်အားသည် ၁၀၀,၀၀၀ ခန့် ရှိနေဆဲ ဖြစ်သည်။ ရဲဖက် တွင် လေ့ကျင့်ပေးထားသူ ၇၀,၀၀၀ ခန့် ရှိနေသည်။

 

နေပြည်တော် ရှိစစ်ခေါင်းဆောင် များ အနေနှင့် ထိုပမာဏ လောက် အကျအဆုံးကို လက်ခံနိုင်ဆဲ၊ ဆက်ပြီး တိုက်လို့ ရနေဆဲဟု ရှုမြင်ထားသည်။ တပ်ကို စွန့်ခွာလာသူ များ နဲ့ ပတ်သက်ပြီး ပြောရမည် ဆိုလျှင် အင်အား ၁၀, ၂၀, ၃၀ လောက် တပြိုင်တည်း ထွက်ပြေးလာသူ မရှိသေး၊ နောက်ဆုံး မှာ ဖြစ်လာဖို့ ရှိနေပေမယ့် ခုထိ ဖြစ်မလာသေး။

 

သတင်းကောင်း အနေနဲ့ ဆိုက စစ်တပ်သည် စစ်အင်အား နည်းပါးနေသည့် အနေအထား နှင့် ရင်ဆိုင် နေရသည်၊ တနိုင်ငံလုံး ခုခံတွန်းလှန်နေမှုကို နှိမ်နှင်းရန် အင်အား အလုံအလောက် မရှိတော့၊ တပ်ရင်းတပ်ဖွဲ့တိုင်း နဲနဲ နှင့် ကျဲကျဲ ဝိုင်းနေရသည်။ တပ်ရင်းတရင်းတွင် ဖွဲ့စည်းပုံ အပြည့်ဆိုက အရာရှိ အရာခံ အကြပ်တပ်သား အင်အား ၇၅၀ ရှိရမည် ဖြစ်သော်လည်း ယခုအခါ အခြေအနေကောင်းလျှင် ၂၀၀၊ သို့မဟုတ်က ၁၅၀ သာ ရှိတော့သည်။ ဤသည်က စစ်တပ်အတွက် ပြဿနာကြီး ဖြစ်လာနေသည်။

 

လေကြောင်း မှ ပစ်ကူ ပေးခြင်းသည်လည်း ထိုသို့ အင်အား နည်းလာမှုကို အတိုင်းအတာ တခုအထိသာ ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်သည်။ ထို့အတွက် လေယာဉ်ပစ် လက်နက်များ မရှိမှုကို ပုံကြီးချဲ့ မနေပဲ ယင်း၏ အကန့်အသတ်နှင့်သာ လုပ်နိုင်စွမ်းကို နားလည်ထားရမည် ဖြစ်သည်။ လေကြောင်းမှ တိုက်ခိုက်မှု ကြောင့် အရပ်သားများ နေအိမ် စွန့်ခွာ ထွက်ပြေး ရမှု များ ရှိနေသော်လည်း ပျောက်ကြား တော်လှန်ရေး တပ်ဖွဲ့များ အနေဖြင့် ကိုယ်ရောင်ဖျောက်၊ လူစုခွဲ၊ အချိန်အခါကောင်း အသုံးချ၍ လှုပ်ရှားနိုင်ခွင့်များ ရှိနေသည်။ ထို့အတွက် အစပိုင်းတွင် လေယာဉ် ဖြင့် ဗုံးကြဲ ပစ်ခတ် လာမှုများ အတွက် တုန်လှုပ်ခဲ့ကြသည်မှာ မှန်သော်လည်း အချိန်ကြာလာသည် နှင့် အမျှ မည်သို့မည်ပုံ ကာကွယ်ရမည်ကို သိလာလျှင် ထိုသို့ တိုက်ခိုက်လာမှု ကို မှုစရာ မလိုသည့် အနေအထား ရောက်လာမည်သာ ဖြစ်သည်။

 

ထိုသို့ လေကြောင်း အင်အား သုံး၍ ရှေ့မတိုး နောက်မဆုပ် ဖြစ်လာချိန်တွင် စစ်တပ်မှ ထိုသို့ အရပ်သားများ ထိခိုက်အောင် လုပ်လာခြင်း ဖြင့် လူထု သည် သူတို့ မြို့ရွာများ ဖျက်ဆီးခံရသည်ဟု မြင်လာပြီး တော်လှန်ရေး အပေါ် အပြစ်မြင်၊ ထောက်ခံမှု ကျဆင်းလာရန် ရည်ရွယ်လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။ ထို့အတွက် တော်လှန်‌ရေး အင်အားစုများ အနေဖြင့် မြို့များကို သိမ်းပိုက်နိုင်‌ရေး မည်မျှပင် လွယ်ကူနေစေကာမူ မသိမ်းမိအောင် သတိထားဖို့ လွန်စွာ အရေးကြီးသည်ဟု မိမိ ယူဆသည်။ စစ်တပ် အဖို့က ထိုသို့ မြို့ရွာများ ဖျက်ဆီး ပစ်ခြင်း၊ တော်လှန်ရေး တပ်ဖွဲ့များကို သတ်ဖြတ်ခြင်း၊ အရပ်သားများကို သေကြေအောင် လုပ်ခြင်းသည် သူတို့ အား “ကယ်တင်ရန်” ကြိုးပမ်းမှု အဖြစ် လက်ခံထားပြီး ဖြစ်သည်။

 

ထို့အတွက် စစ်တပ်၏ အင်အား နည်းနေပြီ ဟု ထင်ရသော တပ်စခန်းများ၊ ရဲကင်းများကိုသာ နိုင်ငံ အနှံ့ ဖြန့်ကျက်တိုက်ခိုက်ရမည် ဖြစ်သည်။ သူတို့အား တစစီ တစစီ အမှည့်ချွေပြီး ရန်သူ့လက်နက် ကိုယ့်လက်နက် အဖြစ် လုပ်ယူသွားရမည် သာ ဖြစ်သည်။

 

မြန်မာ စစ်တပ်သည် အရှုံးကို မည်သို့မျှ လက်မခံ နိုင်အောင် ရိုက်သွင်းခံထားရသည့် အဖွဲ့အစည်း ဖြစ်သည်။ လုံးဝ အရှုံးကို မဆိုထားဘိ၊ ဗျုဟာအရ ဆုတ်ခွာပေးရမှုကိုပင် လက်မခံနိုင်အောင် မောက်မာသူများ၊ ကိုယ့်ကိုကိုယ် မယုံကြည်မှု ကို လက်မခံနိုင်သူ များ ဖြစ်သည်။ ထို့အတွက် သူတို့၏ ဗျုဟာသည် မည်မျှ မှားနေပြီ ဆိုသည်ကို တွက်ဆနိုင်ခြင်း မရှိပဲ၊ ပေးသည့် အမိန့်အတိုင်း ဖြစ်အောင်လုပ်ရမည်ဟုသာ ခံယူထားကြသူများ ဖြစ်သည်။ ထိုသို့ ဗျုဟာပိုင်း အရေးမထား၊ မိမိတို့ ဖက်မှ တဖြေးဖြေး အရေးနိမ့်လာနေပြီ ကို တွက်ဆခြင်း မရှိပဲ မောက်မာသည့် စိတ်ဖြင့် တိုက်တိုင်းနိုင်ရမည်ဟု ခံယူချက် ရှိသူ များ အား ဖြေးဖြေး နှင့် မှန်မှန်သာ အနိုင်ရအောင် တိုက်နိုင်သည့် အခွင့်အရေး ရှိလာနေပြီ ဖြစ်သည်။

 

စစ်တပ်သည် လက်ရှိတွင် ချင်း နှင့် ကရင် ပြည်နယ်များ တွင် ရှေ့တန်း ထောက်ပို့ အတွက် ပြဿနာများ ရှိလာနေသည်၊ ကျန်သည့် ဒေသများတွင် လည်း မိုင်းဆွဲခြင်း၊ ကြားဖြတ် တိုက်ခိုက်ခြင်းများ ရှိလာနေသည်၊ သို့သော် လောလောဆယ် ၎င်းတို့ အကျပ်ရိုက်လာသည့် အဆင့်အထိ ဖြစ်မလာသေး၊ နောက်ပိုင်းတွင် ယာဉ်တန်းကို တိုက်ခိုက် နေသည်သာ မက အဓိက လမ်းမ ကြီး များ နှင့် မီးရထားလမ်းများ ကိုပါ ပိတ်ဆို့ထားနိုင်လျှင် ထိရောက်မှု ရှိလာမည် ဖြစ်သည်။

 

ပြည်သူများ၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!