သမ္မတကြီး၏ ဆောင်းပါး

by Hla Soewai - Mar 06 2023

မတ်လ ၂ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတကြီး ဒူဝါး လရှီးလ မှ ဆောင်းပါးရေးသား ခဲ့ရာတွင် မင်းအောင်လှိုင် အာဏာသိမ်းမှု ကြောင့် ပေါ်ပေါက်လာရသော နိုင်ငံရေး အကျပ်အတည်း ကြီးသည် နှစ်နှစ် ကြာလာသည့် အခါ လူသားချင်း မဖြစ်မနေ စာနာထောက်ထား ကူညီရမည့် အကျပ်အတည်း ကြီး ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။

လူဦးရေ စုစုပေါင်း ၏ တဝက် နီးပါးသည် အစာအဟာရ လုံလောက်စွာ မစားနိုင် သည့် အဖြေအနေ ဆိုက်နေပြီ ဖြစ်သည်ဟု ကမ္ဘာစားနပ်ရိက္ခာ အဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာကို ကိုးကား ဖေါ်ပြခဲ့သည်။

ထိုအကျပ်အတည်း ကြီးအား ဒေသတွင်း နိုင်ငံများ စနစ်တကျ ညှိနှိုင်းပြီး အကူအညီများ ပေးပို့နိုင်အောင် ဆောင်ရွက်ခြင်း ဖြင့် မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန် သူ၏ ဆောင်းပါးတွင် တောင်းဆိုထားသည်။ အထူးသဖြင့် ထိုင်းနိုင်ငံ ၏ အခန်း’ကဏ္ဍသည် လွန်စွာ အရေးပါကြောင်းလည်း ထောက်ပြသွားခဲ့သည်။

နယ်ခြားဒေသများသို့ အကူအညီများ အလုံးအရင်း နှင့် စိတ်ချ ယုံကြည်ရသော လမ်းကြောင်းမှ ဝင်ရောက်လာရေး နှင့် ထိုအကူအညီများ ကို ထိထိရောက်ရောက် ဖြန့်ဖြူးပေးမည့် အဖွဲ့အစည်း များ နှင့် ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်သည်ဟုလည်း ပါရှိသည်။

သို့သော် ထိုအရေး အတွက် သမ္မတကြီး ထောက်ပြနေသည့် အဓိက တာဝန် ရှိသော နိုင်ငံသည် ထိုင်း ဖြစ်နေသည်။ The Diplomat စာစောင်တွင် ထိုင်း အစိုးရသည်လည်း အာာဏာသိမ်း ပြီး ဖွဲ့စည်းလာခြင်း ဖြစ်၍ မြန်မာ စစ်အာဏာသိမ်း အဖွဲ့ နှင့် ဆက်ဆံရေး ပျက်ပြားလိုဟန် မရှိ၊ ကျန်သည့် ကမ္ဘောဒီယား၊ လာအို နှင့် ဗီယက်နမ် တို့သည်လည်း အာဏာကို သေနတ် ပြောင်းဝ မှ တဆင့် ရယူလာသူ များ ဖြစ်နေပြန်သည်ဟု ဆိုသည်။ ထိုသေနတ် ပြောင်းများကိုလည်း ဖုံမတက်စေရန် အမြဲလို သန့်ရှင်းအောင် လုပ်ထားကြသူ များ ဖြစ်သည်။

စင်္ကာပူသည် မည်မျှပင် မနှစ်မြို့စေကာမူ တနိုင်ငံ၏ ပြည်တွင်းရေး ကို ဝင်မစွက်သင့် ဆိုသော မူကို အခိုင်အမာ စွဲကိုင်ထားသည်။ ဖိလစ်ပိုင်ကလည်း မည်သို့မျှ ပါဝင်ပတ်သက်လိုဟန် မရှိ၊ အင်ဒိုနီရှားကလည်း ပြတ်သားစွာ ကိုင်တွယ်သွားမည် ဟု ပြောနေသော်လည်း ကျန် နိုင်ငံများ၏ အနေအထားကို ကြည့်နေရသည်ဟု ဆိုသည်။

အာဆီယံ အတွင်း ထိုကဲ့သို့ ဖြစ်နေမှုကြောင့် ထိုင်းကဲ့သို့ မျက်နှာထောက်စရာ မလိုသော မလေးရှားက ဒုက္ခသည်များ ပြဿနာကို အကြောင်းပြု၍ ပူညံပူညံ လုပ်လာနေခြင်း ပင် ဖြစ်မည်။

အနောက်အုပ်စုဖက်ကလည်း အာဆီယံ အား အတင်းအကျပ် ဖိအား ပေးပါက ပြိုကွဲသွားမည့် အရေးကို စိုးရိမ်နေ၍ လိုအပ်သည်ထက် ပို၍ တွန်းတွန်းတိုက်တိုက် လုပ်လိုစိတ် မရှိ ဖြစ်နေသည်။ ထို့အတူ ၎င်းတို့၏ အဓိက မဟာမိတ် ဖြစ်နေသော ထိုင်းကိုလည်း သက်သက်ညှာညှာ ဆက်ဆံနေဆဲ ဖြစ်သည်။

ယနေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းကြီးတွင် အာဆီယံ ဥက္ကဌ အင်ဒိုနီရှား သမ္မတ ဂျိုကိုဝီသည် ၎င်းနိုင်ငံ ကုန်သွယ်ရေး နှင့် ရင်းနှီးမြုပ်နှံမှု များ ဝင်ရောက်လာရေးမှ အပ အခြား ဘာကိုမျှ မယ်မယ်ရရ စိတ်ဝင်စားခြင်း မရှိ၍ အာဆီယံ အား မျှော်လင့်နေသလို ခေါင်းဆောင်မှု ထူးထူးခြားခြား ပေးနိုင်မည့်သူ မဟုတ်ဟု ဝေဖန် ရေးသားထားသည်။

မြန်မာ အရေး နှင့် ပတ်သက်၍ စစ်ဗိုလ်ချုပ်များ ကြောင့် အာဆီယံ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု ကို နှောင့်နှေးခံ၍ မဖြစ်ဆိုကာ ၎င်း၏ စစ်ဗိုလ်ချုပ်တယောက်ကို လွှတ်၍ နားချမည် ဟု ဆိုသည်။ သို့သော် ထိုမျှလောက်နှင့်တော့ အလေးအနက် ကြိုးပမ်းသည်ဟု ပြော၍ မရဟုလည်း ပါရှိသည်။

၂၀၂၄ ဖေဖေါ်ဝါရီ တွင် သက်တမ်း နှစ်ဆက် ပြည့်၍ ပြန်လည် အရွေးခံတော့မည် မဟုတ်သည် ဂျိုကိုဝီသည် အာဆီယံ ၏ ခေါင်းဆောင် ဖြစ်လာသော်လည်း ကျန် အဖွဲ့ဝင် နိုင်ငံများထက် ပို၍ ထူးခြားသည့် အာဏာ၊ အဆင့်အတန်း မျိုး မရှိပဲ အတူတူ နှင့် အနူနူ ကြားထဲက ခေါင်းဆောင်ဖြစ်လာသည့် “First among equal” သာ ဖြစ်သည်ဟု ဆိုသည်။

မည်သို့ပင် ဖြစ်စေ ပြည်သူများ အနေဖြင့် စစ်အာဏာရှင် အဆက်ဆက် တွင် သူရူးပမာ ဖြစ်နေရှာသူများ လက်အောက်တွင် အဆိုးဝါးဆုံး အနေအထား နှင့် ကြုံ‌နေရပြီ ဖြစ်၍ ထိုသို့ ရှက်ဖွယ်လိလိ အဖြစ်ဆိုးမျိုးအား သားစဉ်မြေးဆက် လက်ဆင့်ကမ်းသွား၍ မဖြစ်အောင် တာဝန်သိသိ ဖြင့် ဆောင်ရွက်ကြရတော့မည် ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

Image Credit - IUF Asia/Pacific Regional Committee