စင်္ကာပူ မှ စစ်တပ်၏ အာဏာသိမ်းမှုကို အသိအမှတ် မပြု၊ ဂျပန်၏ ဒေါ်လာ သန်း ၆၀ နှင့် ထိုင်း PTTEP ဒေါ်လာ နှစ် ဘီလီယံ မြုပ်နှံရန် ရွှေ့ဆိုင်း

by Hla Soewai - Mar 01 2023

အာဆီယံ တွင် မြန်မာ ထိုင်ခုံ လစ်လပ်နေရမည်ဟု မဆိုလိုသော်လည်း မိမိတို့ အနေဖြင့် အာဏာသိမ်းမှုအား အသိအမှတ် မပြုသဖြင့် နိုင်ငံရေး ဖက် မှ ကိုယ်စားလှယ် စေလွှတ်ခြင်းကို ခွင့်ပြုမည် မဟုတ်ဟု ဆိုသည်၊ အနည်းဆုံး အတွင်းဝန် လောက်ထိသာ ခွင့်ပြုမည် ဟု စင်္ကာပူပါလီမန် တွင် အတိုက်အခံ အလုပ်သမားပါတီ အမတ်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

အာဆီယံ အဖွဲ့မှ စစ်တပ်၏ အာဏာသိမ်းမှုကို မနှစ်မြို့သော်လည်း နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက် ပိုင်ခွင့် မရှိ၊ လက်ရှိ စစ်အာဏာသိမ်း အဖွဲ့၏ အုပ်ချုပ်ရေးသည် မည်သို့မျှ တိုးတက်လာမည် မဟုတ်သည့် dead end သို့ ဦးတည်နေသည်ဟု သုံးသပ်သွားခဲ့သည်။ ဆိုလိုသည်မှာ အမျိုးသား ရင်ကြားစေ့ရေး လမ်းကြောင်း ပေါ် ရောက်ရှိမည့် လမ်းကြောင်းကို ဦးတည် နေခြင်း မရှိဟူ၍ ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး လမ်းကြောင်းပေါ် ရောက်ရှိဖို့ ဝေးစွ ရွာသူရွာသားများကို ဝါးလုံးများ၊ တုတ်များ၊ ဝါးချွန်များ ပင် တပ်ဆင်ပေးနေကြပြီ ဖြစ်သည်။ အာဏာ တည်မြဲရေး အတွက် မသိနားမလည်သူများကို အသုံးချပြီး အိမ်ကြက်ချင်း အိုးမဲသုတ်ရန် ကြံနေကြပြီ ဖြစ်သည်၊ သို့သော် နဂိုကတည်းက ပုဇွန်ဦးနှောက် ပိုင်ရှင်များ ဖြစ်၍ လုပ်သမျှ လူရီစရာ ဖြစ်ရသည်သာ အဖတ်တင်သည်။ 

 

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့ ကျေညာချက် ထုတ်ပြန်ရာတွင် စစ်တပ်မှ အာဏာသိမ်းပြီးချိန် မှစ၍ အခြေအနေများ ဆက်တိုက်ဆိုသလို ဆိုးဝါးလာခဲ့ရာ ဇန်နဝါရီ ၂၅ ရက်နေ့ ကုလ သမဂ္ဂ မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာ နိုင်ငံသား ၁၇.၆ သန်းသည် လူသားချင်း စာနာထောက်ထားမှု အကူအညီ များ လိုအပ်နေသည်ကို သိရှိရ၍ ဂျပန် အစိုးရမှ နောက်ထပ် ဒေါ်လာ သန်း ၆၀ ထောက်ပံ့သွားရန် ဆုံးဖြတ်ကြောင်း နှင့် အဆိုပါ ကူညီငွေများကို UNHCR, UNICEF, WFP, AHA အေဂျငေ်စီများမှ တဆင့် ပေးအပ်သွားမည် ဟု ပါရှိသည်။

 

ပြီးခဲ့သည့် နှစ် နှစ်အတွင်း ဂျပန် မှ အမေရိကန် ဒေါ်လာ ၄၇ သန်း အားလည်း အလားတူ ထောက်ပံ့ခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

 

ပြည်ပ စွမ်းအင် ကုမ္ပဏီများ လည်း သဘာဝ ဓါတ်ငွေ့ တူးဖေါ်ရေး လုပ်ငန်း များမှ တဖွဲဖွဲ ထွက်ခွာလျက် ရှိနေရာ စစ်အာဏာသိမ်း အဖွဲ့၏ အဓိက နိုင်ငံခြားငွေ ရရာ ရကြောင်းများ တဖြေးဖြေး ဆုတ်ယုတ်လာနေပြီ ဖြစ်သည်ဟု Nikkei Asia Review တွင် ရေးသားထားသည်။

 

ယခုအခါ PTTEP မှ ဒေါ်လာ နှစ် ဘီလီယံ အထိ လျာထားသည့် ရင်းနှီးမြုပ်နှံမှု များကို မြန်မာ ပြည်တွင်း အခြေအနေများကြောင့် ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် ထိုင်း အစိုးရပိုင် ဖြစ်သော်လည်း ရှယ်ယာ ၅၁ ရာနှုန်းကိုသာ ပိုင်ဆိုင်ထား၍ ကျန် အစုရှင်များ၏ သဘောထားကို လွန်ဆန် နိုင်ခြင် မရှိသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

 

သို့သော် ထိုင်းသည် သဘာဝ ဓါတ်ငွေ့ တင်သွင်းမှု စုစုပေါင်း၏ ၁၅ ရာနှုန်းအတွက် မြန်မာကို မှီခိုနေရ၍ တင်သွင်းနေမှု ကို ရပ်ဆိုင်းရန် အခက်အခဲများ ရှိနေသည်။

 

မြန်မာရေနံ နှင့် သဘာဝ ဓါတ်ငွေ့ (MOGE) သည်လည်း ၎င်းတို့၏ အမှုဆောင် ဒါရိုက်တာ များအား အနောက်နိုင်ငံများ၏ ပိတ်ဆို့ ဒဏ်ခတ်မှုကြောင့် ငွေကြေးပံပိုးမှုများ ရရှိရန် ခက်ခဲလာနေပြီ ဖြစ်သည်။ ထိုဖြစ်၍ မိမိတို့ အစွမ်းအစ နှင့် ထုတ်လုပ်နိုင်ခြင်းလည်း မရှိသဖြင့် နိုင်ငံခြားငွေ ရရာရကြောင်းများ ခမ်းခြောက်လာနေပြီ ဖြစ်သည်။

 

သဘာဝ ဓါတ်ငွေ့ တင်ပို့မှုသည် ပြည်ပ ပို့ကုန် စုစုပေါင်း၏ ၂၀ ရာနှုန်း ခန် ရှိနေသည်။ သို့သော် သဘာဝ ဓါတ်ငွေ့ တွင်းများ ခမ်းခြောက်လာနေသည့် အရေး နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ထို့အတွက် ဓါတ်ငွေ့ ကို ရနိုင်သမျှ ပြည်ပသို့ တင်ပို့ရန် ရှိလာနေ၍ ပြည်တွင်း စီးပွားရေး လုပ်ငန်းများ အဖို့ ဂျင်နရေတာများသာ အားကိုးရဖို့ ရှိလာနေသည်။

 

သမ္မတ ဦးသိန်းစိန် လက်ထက် က ဂျာမဏီ နှင့် အင်္ဂလန်တို့မှ ဝယ်ယူထားသော လေ့ကျင့်ရေး တိုက်လေယာဉ် အစင်း နှစ်ဆယ်ခန့်သည်လည်း မတော်တဆ ဖြစ်မှုများ၊ အပို ပစ္စည်းများ ဝယ်ယူနိုင်စွမ်း မရှိသည့် အကြောင်းများကြောင့် ရပ်ထားရသည်ဟုလည်း ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။ လေကြောင်း ကျွမ်းကျင်သူ များ အဆိုအရ လေယာဉ်တစီးသည် ခန့်မှန်းခြေ ဒေါ်လာ ၂.၇ သန်း တန်ကြေး ရှိသည်ဟုလည်း သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!