အိန္ဒိယ သည် တရုတ် နှင့် ပြိုင်နေစရာမလို၊ ‌သေနတ်ပြောင်းဝက ထွက်လာမည့် အာဏာ နှင့် ပြည်သူ အာဏာ တခုခု ကို ရွေးချယ်ရတော့မည်

by Hla Soewai - Feb 16 2023

ယခင် မြန်မာ နိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Gautam Mukhopadhaya မှ အိန္ဒိယ အွန်လိုင်း ဂျာနယ် The WIRE တွင် ရေးသားခဲ့သည့် “What can India do to move Myanmar away from further violence?” ဆောင်းပါး ရှည်ကြီး မှ ထုတ်နှုတ်တင်ပြသည်။

 

အိမ်နီးနားခြင်း အိမ်တအိမ်တွင် မီးလောင်နေသည်ဆိုက ဘာမှ လုပ်မပေးပဲ နေခြင်းမျိုးသည် လုပ်သင့်သည့် အရာမျိုး မဟုတ်၊ လောလောဆယ် တရုတ်သည် ထိုသို့ မြန်မာပြည်တွင် ကမ္ဘာပျက်နေသလို ဖြစ်နေသည်ကို အခွင့်ကောင်း ယူ အသုံးချနေချိန်တွင် အိန္ဒိယ သည် ထိုင်ကြည့်နေ၍ မည်သို့မျှ မဖြစ်တော့။

 

လက်ရှိ အိန္ဒိယ မူဝါဒသည် တရုတ် ကို ထိန်းထားရန် မြန်မာ စစ်အာဏာသိမ်း အဖွဲ့ကို အားကိုးနေသည်ကပင် ပို၍ မေးခွန်းထုတ်စရာ ဖြစ်လာရသည်။ မြန်မာ စစ်တပ်သည် သမိုင်း အစဉ်အလာများအရ တရုတ် ကို စစ်ရေး အရ ရော၊ လူ များ ဝင်ရေက်စိမ့်ဝင်လာနေမှု အပေါ် အထူး သတိထားနေသည်။

 

သို့သော် စစ်တပ်သည် ၎င်းတို ပြည်သူများ အား သတ်ဖြတ်လာသည့် ၁၉၈၈၊ ၂၀၁၇ (ရိုဟင်ဂျာ) ၊ နှင့် ယခု အခါလို ကြုံလာရတိုင်း နိုင်ငံတကာ၏ ဝိုင်းပယ်ခံထားရမှု ကို အရင်းပြုပြီး တရုတ်သည် စီးပွားရေး အရ အမြတ်ထုတ်လာခဲ့သည်ချည်းပင် ဖြစ်သည်။ စစ်တပ်သည် ပြည်တွင်း တွင် အင်အားချိနဲ့လာနေ၍ တရုတ်ကို ကြိတ်မှိတ် လိုက်လျောပေးခဲ့ရသမြဲ ဖြစ်သည်၊ ထိုအနေအထားသည် အိန္ဒိယ၏ လုံခြုံရေး ကို အာမခံ နိုင်မည်လော။

 

တရုတ်သည် ယခုအခါ ဘင်္ဂလား ပင်လယ်အော် မှသည် မုတ္တမ ပင်လယ်ကွေ့အထိ ခြေတံလက်တံ ဆန့်ထုတ်လာနေပြီ ဖြစ်သည်။

 

သိန်းစိန် လက်ထက်တွင် အနောက်အုပ်စု၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယ တို့ နှင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာခြင်း နှင့် မြန်မာပြည်သူတို့က တရုတ် တို့ လူဦးရေ အရ ကျုးကျော်လာနေမှု များ အပေါ် မနှစ်မြို့ကြသဖြင် အခြေပျက်သွားခဲ့ရသည်။ ယခုအခါ အာဏာသိမ်းမှု နောက်ကွယ်တွင် တရုတ် တို့၏ ခြေရာလက်ရာများ ရှိနိုင်သည်ဆိုသည့် သံသယ ဖြင့် တရုတ် ဆန့်ကျင်ရေး အမြင်များ ကြီးထွားလာနေသည်။

 

ထို့အတွက် မြန်မာ ပြည်သူ တို့ ပြောနိုင်ဆိုနိုင်ခွင့် အပြည့်အဝ ရှိမည့် ဒီမိုကရေစီ ရရှိလာခြင်းသည် အိန္ဒိယ အဖို့ ယခုလို မြန်မာ စစ်တပ်ကို တရုတ်ကြောင့် မျက်နှာချို သွေးနေရခြင်းထက် ပို၍ပင် အကျိုး ရှိလာနိုင်သည်။ သူ့ဖာသာ ဖြစ်လာမည့် အချိန် စောင့်နေမည် ဆိုက မရေရာ၊ မိိမဖက်ကလည်း ထိုသို့ ဖြစ်ရန် ကြိုးစားပေးမှ သာ နိုင်ငံရေး အရ ဆက်ဆံမှုများ ရှိလာနိုင်ပေမည်။

 

အိန္ဒိယ သည် မြန်မာ စစ်တပ်၏ မျက်နှာသာပေးခြင်း ခံရဖို့ အရေးတွင် တရုတ်တို့နှင့် မည်သို့မျှ ယှဉ်နိုင်လိမ့်မည် မဟုတ်၊ ထိုသို့ တိုး၍ လုပ်လေ မြန်မာပြည်သူများက စစ်တပ်ကို အားပေးထောက်ခံနေသည် ဆိုသော အမြင် ခိုင်မာလေ ဖြစ်၍ အိန္ဒိယ အကျိုးစီးပွားပျက်စီးရာ ပျက်စီးကြောင်း ကိုယ့်ဖာသာ ဖန်တီးယူနေသလို ဖြစ်သွားနိုင်ပေသည်။

 

ထို့အတွက် အိန္ဒိယ သည် တရုတ် သွားရာ လမ်းကြောင်း နှင့် ဆန့်ကျင်ဖက် အဖြစ် မြန်မာပြည်သူများ၏ လိုလားချက်များ နှင့် လိုက်လျော ညီထွေ ရှိမည့် ဒီမိုကရေစီနှင့် စီးပွားရေး အင်အား ကို အသုံးချ ကူညီမှသာ ဖြစ်ပေမည်၊ တရုတ်ကဲ့သို့ ဖိနှိပ်အုပ်ချုပ်နေသည့် မြန်မာ စစ်တပ်ဖက်က ရပ်တည်ပေးနေ၍ အကျိုးရှိလာမည် မဟုတ်။

 

အိန္ဒိယ လုပ်သင့်သည်က အမျိုးသား ညီညွတ်ရေး အစိုးရနှင့် အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် သိုသိုသိပ်သိပ် ဆက်သွယ် ထားရတော့မည် ဖြစ်သည်။

 

မြန်မာ စစ်တပ်သည် လက်ရှိတွင် မည်သို့မျှ မဖြစ်နိုင်တော့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အား ဆုပ်ကိုင်ထားခြင်းမျိုးထက် အခြား မည်သည့် စိတ်ကူးစိတ်သန်း မျှ ထွက်မလာ၊ သန်းရွှေ ကြံစည်ထားသလို ချိတ်ထမိန် ဝတ် အရပ်သား အစိုးရ ပုံစံမျိုး ပွဲထုတ်ပြီး နောက်ကွယ်ကနေ လွှမ်းမိုးထားလိုသည့် အတွေးအခေါ် ထက် မပို။

 

၎င်းတို့ လုပ်မည့် ပီအာရွေးကောက်ပွဲသည် ပြည်တွင်းပြည်ပ တွင် မည်သို့မျှ တရားဝင် အဖြစ် ရှုမြင်ခံကြဖို့ မရှိသည့်အပြင် ရွေးကောက်ပွဲ ကြီးကြပ်မည့် သူများ အားလည်း တော်လှန်ရေး တပ်ဖွဲ့များက ရန်ရှာလာနေ၍ ဖြစ်လာဖို့ကလည်း မကြိမ်းသေ။

 

အာဆီယံ ဖက် ၎င်းတို့ ကို ငဲ့ညှာသော အားဖြင့် အတိုက်အခံ အင်အားစုများ နှင့် ဆွေးနွေးရန် မရမက ကြိုးပမ်းပေးခဲ့သော်လည်း လုပ်မည့် အလားအလာ မတွေ့ရ။ မြန်မာ လူဦးရေ အခြေပြ တွင် အများဆုံး ပါဝင်နေသော လူငယ် လူရွယ်များသည် ၎င်းတို့၏ အနာဂတ် အခွင့်အလန်းများ၊ လွတ်လပ်စွာ နေထိုင်သွားလာခွင့် ရရေး တို့ အတွက် အနစ်နာခံ တိုက်ပွဲဝင်ကြရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

 

ယခုအခါ စစ်တပ်သည် တတိုင်းပြည်လုံး ကို ပြန်လည် ထိန်းချုပ်နိုင်မည် ဆိုသည် ကလည်း မည်သို့မျှ စဉ်းစား ပုံဖေါ် ကြည့်၍ မရသည့် အနေအထား မျိုး ဖြစ်နေသည်။ သို့သော် စစ်တပ် ပူးပေါင်း ပါဝင်မည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသည်သာ မြန်မာ အား ဘောလ်ကန် ဒေသ အဖြစ်မျိုး ရောက်မသွားအောင် ကာကွယ်ပေးနိုင်ပေလိမ့်မည်။

 

ထို့အတွက် အိန္ဒိယ သည် မြန်မာ မူဝါဒ အား ပြန်လည် သုံးသပ်ရန် လိုအပ်လာပြီ ဖြစ်သည်၊ သေနတ် ပြောင်းဝ က ထွက်လာမည့် အာဏာ နှင့် ပြည်သူတို့ထံ မှ ဆင်းသက်လာမည့် အာဏာ အကြား ပို၍ မျှမျှတတ စဉ်းစား သဘောပေါက်ဖို့ လိုအပ်လာပြီ ဖြစ်သည်။

 

သေနတ် ပြောင်းဝက ထွက်သော အာဏာသည် အိန္ဒိယ အကျိုးရှိရာ ရှိကြောင်း ဖေါ်ဆောင်ပေးမည်လော၊ သို့တည်းမဟုတ် လွတ်လပ်ခွင် နှင့် ဒီမိုကရေစီ သည်သာ အိန္ဒိယ အတွက် အစစ်အမှန် အားထားရမည့် တန်ဖိုးများ လော ဆိုသည်ကို ချင့်ချိန်ရတော့မည် ဖြစ်သည်။

 

လက်ရှိ အနေအထား တွင် ထွက်ပြေးလာသော ဒုက္ခသည်များအား လက်ခံ နေရာချထားပေးခြင်း၊ ထိုအထဲတွင် ပါလာသော ကျောင်းသား များ၊ ပညာရှင်များ အား ပညာသင်ဆုများ ချီးမြှင့်ခြင်း၊ ဆေးဝါး နှင့် လူသားချင်း စာနာ သည့် အကူအညီများ ပေးခြင်း အစရှိသဖြင့် နိုင်ငံရေး ရင်းနှီးမြုပ်နှံ မှုများ ပြုလုပ်ထားသင့်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!