ကမ္ဘာစီးပွားရေး အခြေခံ သဘောတရား ဖွင့်ဆိုချက်များ(8)

by Hla Soewai - Sep 12 2019

အမေရိကန်သည် ဂျပန်လို ဖြစ်လာနိုင်ခြေ
ရှိသလော

၂၀၀၇ ခုနှစ်တွင်တော့ အားလုံးသိပြီး ဖြစ်
သည့်အတိုင်း ဒုတိယ ကမ္ဘာစစ်အပြီးနောက်
ဆယ်တကြိမ်မြောက်နှင့် အဆိုးဝါးဆုံး စီးပွား
ရေး ကျဆင်းမူကြီး နှင့် ရင်ဆိုင်ခဲ့ရသည်။
၂၀၀၉ တွင် ပြန်လည် ခေါင်းထောင်လာနိုင်
ခဲ့သော်လည်း တုန်တုန်ချိချိ နှင့် ဖြစ်နေသေး
သည်။ ယခင် စီးပွားရေး ကျဆင်းခဲ့ရသည့်
နှစ်များ ဖြစ်သော ၁၉၇၃, ၁၉၇၅, ၁၉၈၁ နှင့်
၁၉၈၂ များ နှင့် စာလျင် အလုပ်လက်မဲ့နူန်း
သည် နှေးကွေးလှသော နူန်းဖြင့် ကျဆင်းလာ
ခဲ့သည်။ ငွေကြေးဖေါင်းပွသည့် တန်ဖိုးကို
ဖယ်၍ တွက်ချက်ကြည့်မည်ဆိုက ၂၀၁၁
တွင် အမေရိကန် အိမ်ထောင်စု တစု ၀င်ငွေသည်
ပြီးခဲ့သည့် ဆယ်စုနှစ် တခုကထက် ကျဆင်း
လာခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ အမေ
ရိကန်၏ စီးပွားရေး အလားအလာများ အပေါ်
အဆိုးမြင်မူများက ပျံ့နှံ့လာနေသည်။
စစ်တမ်းတခုတွင် နှစ်ဆယ်တစ်ရာစုသည်
အမေရိကန်တို့ အတွက် မဟုတ်ပဲ တရုတ်တို့
၏ ရာစုနှစ် ဖြစ်လာလိမ့်မည်ဟု အမေရိကန်
နိုင်ငံသား အများစုက ဖြေဆိုခဲ့ကြသည်။

ထိုကဲ့သို့ အဆိုးမြင်မူများက တကယ်တမ်း
ဖြစ်လာသင့်သလော ဟူ၍ မေးခွန်းထွက်ပေါ်
လာခဲ့ရသည်။ လက်ရှိတွင် တရုတ်၏ လူတဦး
ချင်း ၀င်ငွေသည် အမေရိကန် တယောက်၏
ဆယ်ပုံတပုံ ခန့်သာ ရှိနေဆဲ ဖြစ်သည်။ သို့
သော်လည်း အမေရိကန်ထက် လေးဆခန့်
လူဦးရေ များပြားနေမူတော့ ရှိနေပေသည်။
စီးပွားရေး ပမာဏကလည်း အမေရိကန်၏
တ၀က်မျလောက်သာ ရှိပေသေးသည်။
အကယ်၍ တရုတ်၏ လူတဦးချင်းဝင်ငွေသည်
သာ အမေရိကန်၏ လေးပုံတပုံထက် ကျော်
လွန်သွားခဲ့မည်ဆိုလျင် စီးပွားရေး ပမာဏ
သည်လည်း အမေရိကန်ထက် ကြီးထွားလာ
မည်သာ ဖြစ်သည်။ တရုတ်ပြည်ရှိ ကုန်ထုတ်
လုပ်မှုသည် လျင်မြန်စွာ တိုးမြင့်လာနေပြီး ငွေ
တန်ဖိုးသည်လည်း ဒေါ်လာကို အမှီလိုက်လာ
နေခဲ့သည်။ ယခု ဆယ်စုနှစ် အကုန်ပိုင်းတွင်
တန်ဖိုးခြင်း တူညီလာနိုင်သည်ဟု ခန့်မှန်းနေ
ကြသည်။ ဤသည်ကို ကြည့်၍ အမေရိကန်
ဆုတ်ယုတ်လာနေသည့် လက္ခဏတော့
မတွေ့ရသေးပေ။ သို့သော် တရုတ်ပြည်က
၎င်းတို့အချိန်ကာလကြာမြင့်စွာ ရင်းနှီးမြုပ်နှံ
ခဲ့သော ပညာရေး၊ မြို့ပြဖွံ့ဖြိုးရေး နှင့် စက်မူ
လုပ်ငန်းများ၏ အသီးအပွင့်များ စတင်ခံစား
လာနေရပြီး ဆင်းရဲသည့် နိုင်ငံအဆင့်မှ လူ
လတ်တန်းစား နိုင်ငံ အဆင့်သို့ တက်လှမ်း
လာခဲ့ပြီ ဖြစ်ပေသည်။ မက္ကဆီကိုလို နိုင်ငံ
အတော်များများက တရုတ်လို လုပ်ခဲ့ကြသည်
မှာ မှန်သော်လည်း ချမ်းသာသည့် အဆင့်
မရောက်မီ အကြောင်းအမျိုးမျိုး ကြောင့် ပြိုလဲ
သွားခဲ့ကြရသည်။ ထိုကဲ့သို့ အဖြစ်မျိုး
မရောက်စေဖို့ တရုတ်သည် သိမ်မွေ့စွာ
အသွင်ကူးပြောင်းလာနိုင်ခဲ့သည်။ ပို့ကုန်များ၊
ရင်းနှီးမြုပ်နှံမူများ နှင့် စက်မူ ကုန်ထုတ်လုပ်
ငန်းများမှ တဆင့် စီးပွားရေး ကြီးထွားလာ
ခဲ့ပြီးနောက် ယခုအခါ ၀န်ဆောင်မူ လုပ်ငန်း
များနှင့် ပြည်တွင်း ၀ယ်ယူသုံးစွဲနိုင်မည့်ဖက်
သို့ အမှီပြုလာနေသည်။ သို့သော် ထိုကဏ္ဍ
နှစ်ခုကို အစိုးရမှ အလွယ်တကူ လိုရာသို့
ပဲ့ကိုင်နိုင်စွမ်းတော့ ရှိလိမ့်မည် မဟုတ်ပေ။

သို့ဆိုက အမေရိကားကော မည်သို့ အနေ
အထား ရှိနေပေသနည်း။ အမျိုးသမီးများက
ကလေးကို ယခင်ကလို အလွန်အက္ဈံ ယူခြင်း
မလုပ်ကြတော့သည့်အပြင် ဒုတိယ ကမ္ဘာ
စစ် နောက်ပိုင်း အမေရိကန် ကြွယ်ဝချမ်းသာ
လာသည်နှင့်အမျ စံချိနိတင် မွေးဖွားလာခဲ့
သော baby boomers များသည်လည်း
အလုပ်မှ အနားယူချိန် ရောက်လာခဲ့ကြပြီ
ဖြစ်သည်။ ထို့အတွက် လူဦးရေ နှင့် အလုပ်
လုပ်နိုင်သော အင်အားများသည် ပို၍ နှေး
ကွေးစွာ တိုးမြင့်လာဖို့ ရှိနေသည်။ သို့သော်
လည်း အမေရိကန်သည် မိခင်များ ကလေး
မွေးဖွားနူန်းသည် သိသိသာသာ မြင့်မားလျက်
ရှိနေဆဲ ဖြစ်ပြီး ရွှေ့ပြောင်းဝင်ရောက်လာသူ
များအားလည်း လက်ခံလျက် ရှိနေဆဲ ဖြစ်၍
လာမည့် နှစ်များစွာ အတွင်း အခြား ဖွံ့ဖြိုးပြီး
နိုင်ငံများနှင့် နိုင်းစာလျင် လူဦး
ရေ လျင်မြန်စွာ တိုးတက်လာမည် က သေချာ
သလောက် ရှိနေသည်။

တကယ်တမ်း မေးခွန်းထုတ်ဖို့ ရှိနေသည်က
အမေရိကန်သည် အိုင်ဒီယာ အသစ်များ
ဆက်လက် ထွက်ပေါ်ဖို ရှိမရှိ နှင့် ထိုအိုင်ဒီယာများ
အပေါ် ရင်းနှီး မြုပ်နှံမှုများ ပြုလုပ်ဖို့ ရှိမရှိ ဆို
သည်ပင် ဖြစ်သည်။ ၁၉၉၀ နောက်ပိုင်း
နည်းပညာ တိုးတက်မူကြီး အဖြစ် အင်တာ
နက် ပေါ်ပေါက်လာခြင်းနှင့်အတူ လုပ်ငန်း
ဝက်ဆိုဒ်များလည်း အလျို လျို ထွက်ပေါ်လာ
ခဲ့သည်။ သို့သော် ၂၀၀၈ အိမ်ခြံမြေ ဈေး
ကွက် ဗူးဗောင်းကြီး မထင်မှတ်ပဲ ဗေါင်းကနဲ
ပေါက်ကွဲသွားမှု နှင့် အတူ အိမ်အမြောက်
အမြား လူသူ ကင်းမဲ့ကုန်ပြီး ဘဏ်များအဖို့
လည်း ထုတ်ချေးငွေများ ဆုံးရှုံးသွားခဲ့ရသည်။
ရလာဒ်အဖြစ် လုပ်ငန်း လုပ်ကိုင်လိုသူများ
အား ဘဏ်များမှ ငွေထုတ်မချေးနိုင်တော့
သည့် အဖြစ် ရောက်သွားခဲ့ရသည်။

၂၀၁၂ ရောက်လာသည့် အခါတွင်တော့
ဘရာဇီး နှင့် တရုတ် အစိုးရများထက် အမေရိ
ကန်တို့သည် ဈေးကွက် အပေါ် ယုံကြည်မှု လျော့
နည်းလာကြသည်။ ကျန်းမာရေး စောင့်
ရှောက်မှု၊ ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး၊
ဘဏ္ဍာရေး အစရှိသည်တို့တွင် စည်းမျဉ်း
စည်းကမ်းများ ပိုမို တင်းကျပ်လာခဲ့သည်။
သို့သော် အမေရိကန် မော်ဒယ်ကတော့ ပျက်
ယွင်းသွားခဲ့ခြင်း မရှိသေးပေ။ လုပ်ငန်းများ
အသစ် တီထွင်ပြီး အဟောင်းကို ဖျက်ဆီးပြစ်
ခဲ့ကြသည့် စီးပွားရေး လုပ်ငန်းရှင်များအား
အခြားနိုင်ငံများထက် စာလျင်
အမေရီကားသည် ယခင်ကထက် ပို၍ နွေး
ထွေးစွာ လက်ကမ်းလာခဲ့ကြသည်။ လက်ရှိ
စီးပွားရေး အစဉ်အလာ ကို ရိုက်ချိုး ဖျက်ဆီး
ပြစ်ခဲ့ကြသည့် အမေဇုံ၊ ဂူဂဲလ် နှင့် ဖေ့စ်ဘုတ်
တို့သည် အမေရိကန်တွင် မွေးဖွားကြီးပြင်း
လာခဲ့သူများ ပင် မဟုတ်ပါလား။ သို့သော်
ဘဏ်လုပ်ငန်း ပိုင်းကိုတော့ အမေရိကန်တို့
အစာမကြေ ဖြစ်နေကြဆဲပင်။ သို့သော် စီးပွားရေး
လုပ်ငန်းများ လွတ်လပ်စွာ ရှုင်သန်
နိုင်ရေးကိုတော့ နှစ်ခြိုက်နေဆဲပင် ဖြစ်သည်။
အမေရိကန် စီးပွားရေး ကျဆင်းမူကြီး၏
အနက်ရိုင်းဆုံး အချိန် ဖြစ်သည့် ၂၀၀၉ ဧပြီ
လတွင် Pew research center မှ
ကောက်ယူခဲ့သော စစ်တမ်းအရ အမေရိကန်
၉၀% က အလုပ်ကြိုးစားပြီး ချမ်းသာကြွယ်ဝ
လာကြသူများကို အားကျလျက် ရှိကြောင်း
ဖြေဆိုခဲ့ကြသည်။ ထို့အပြင် အမေရိကန်၏
တရားရေးစနစ် နှင့် ဒီမိုကရေစီ အစဉ်အလာ
များသည်လည်း အရာမယွင်း ကျန်နေဆဲ ဖြစ်
ကြောင်း အကောင်းဖက်မှ ရှု့မြင်သူများက
ထောက်ပြခဲ့ကြပြန်သည်။ ပေါ်ပြူ လစ်သမား
များ၏ ဒေါသကြောင့် Tea Party နှင့်
Occupy Wall Street လှုပ်ရှားမူများတော့
ထွက်ပေါ်လာခဲ့ရသည်။

အမေရိကန် ခေါင်းဆောင်များကလည်း
လွတ်လပ်စွာ လုပ်ငန်းများ ရှင်သန်ကြီးထွား
ခွင့် Free Enterprise ကို ယုံကြည်နေကြဆဲ
ဖြစ်သည်။ ငွေကြေး အကြီးအကျယ် ဆုံးရှုံး
သွားခဲ့ရသော ဘဏ်ကြီး ၉ ခုကို တာဝန်ယူ
လုပ်ကိုင်ခဲ့ပြီး သုံးနှစ်အတွင်းမှာပင် ဘဏ္ဍာ
ရေး ၀န်ကြီးဌာနသည် အားလုံးကို ပုဂ္ဂလိက
သို့ ပြန်လည် ရောင်းချပေးခဲ့သည်။ အစိုးရမှ
လည်း GM ကားလုပ်ငန်း ကို ငွေကြေး ပံ့ပိုး
ပေးခဲ့သည်။ သို့သော် ထိုကဲ့သို့ အစိုးရ၏
အကူအညီရရန် GM အနေဖြင့် ဒေ၀ါလီ ခံခဲ့
ရပြီး အလုပ်သမား အင်အား၏ ၃၀% ကို
လျော့ချ ပေးခဲ့ရသည်။ သို့သော် ပြင်သစ်
အစိုးရသည် အမေရိကန်လို မဟုတ်ပဲ
Peugeot နှင့် Renault တို့ကို အလုပ်သမား
အင်အား လက်ရှိ အတိုင်း ထိမ်းထားပါမည်
ဟူသော ကတိဖြင့် ငွေထုတ်ပေးခဲ့သည်။
၂၀၁၁ တွင်တော့ GM သည် စံချိန်တင်
အောင် အမြတ်အစွန်းများ ရရှိလာခဲ့သည်။

အိုးအိမ် ဗူဗောင်းကြီး ပေါက်သွားသဖြင့်
ဆုံးရှုံးသွားသော ကြွေးမြီများကို ဘဏ္ဍာရေး
စနစ်ဖြင့် ကယ်မနိုင်မည်ဆိုလျင် ရင်းနှီး
မြုပ်နှံမှုများ ပြန်ပေါ်လာနိုင်ပြီး ကုန်ထုတ်လုပ်
မှုသည် တနှစ် ၁.၅% မှ ၂% အထိ တိုးတက်
လာနိုင်ဖွယ် ရှိပေသည်။ ယင်းနှင့်အတူ
အလုပ်သမား အင်အားသည်လည်း ၀.၇၅%
ခန့် တိုးလာဖွယ် ရှိပြီး ရေရှည်တွင် ၂.၂၅% မှ
၂.၇၅% အထိ ရောက်လာဖွယ် ရှိသည်။
အမေရိကန် ပြည်ထောင်စု အဖို့ကား အရင်
ကလို တော့ ကြွယ်ဝမူများနှင့် ပြည့်နှက်နေ
သည့် နိုင်ငံ ပြန်ဖြစ်လာနိုင်ဖွယ် မရှိတော့ပေ။
သို့သော် ပိုကာစကားနှင့် ပြောလျင် ရမ်း
အဖြစ်တော့ ရှိနေနိုင်ဆဲ ပင် ဖြစ်သည်။

အခန်း (၁) မှတ်စု အကျဉ်း

ရေရှည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လူဦး
ရေ နှင့် ကုန်ထုတ်လုပ်နိုင်မှု အပေါ် မူတည်
နေသည်။ ကြီးထွားလာနေသော လူဦးရေ
ကြောင့် အနာဂါတ်တွင် အလုပ်သမားများ
အလျံပါယ် ရနိုင်သည်။ ထိုအလုပ်သမားများ
ကုန်ထုတ်လုပ်အား ကောင်းလာသည်နှင့်
အမျ ပို၍ ချမ်းသာကြွယ်ဝလာကြမည်။ ကုန်
ထုတ်လုပ်မှု ကို မြှင့်တင်နိုင်ရန် ငွေပင်ငွေရင်း
နှင့် အိုင်ဒီယာ များ ရင်းနှီး မြုပ်နှံဖို့ လိုသည်။

အိုင်ဒီယာသည် အလုပ်သမားများနှင့် ရှိပြီး
သား ငွေပင်ငွေရင်းတို့ကို အသွင်သစ်ဖြင့်
ပြန်လည် ပေါင်းစပ်ပေးနိုင်ပြီး ကုန်ပစ္စည်း
အသစ်အဆန်းများ ထွက်ရှိလာမည် ဖြစ်သည်
သို့မဟုတ် ရှိပြီးသား ကုန်ပစ္စည်းများကို ဈေး
နူန်းချိုသာစွာ ဖြင့် ၀ယ်ယူလာနိုင်မည် ဖြစ်
သည်။ ယှဉ်ပြိုင်မူများကြောင့် နိုင်ငံများ နှင့်
ကုမ္ပဏီများသည် အခြားလူများ၏ အိုင်ဒီယာ
များကို မဖြစ်မနေ ပုံတူ ကူးချလာနေရသည်
နှင့်အမျ အသစ်အဆန်းများကိုလည်း အမြဲလို
တီထွင်ကြံဆလာမည်လည်း ဖြစ်ပေသည်။

ရင်းနှီးမြုပ်နှံမူ နှင့် အိုင်ဒီယာ နှစ်ခုစလုံးအား
ရှင်သန်နိုင်အောင် မြေတောင်မြှောက်ပေးဖို့
လည်း လိုသည်။ သန့် ရှင်းသော အစိုးရနှင့်
စိတ်ချယုံကြည်ရသော ဥပဒေများ သည် ရင်း
နှီးမြုပ်နှံခြင်လာအောင် သွေးဆောင်နိုင်ယုံ
သာမက တီထွင် ကြံဆလိုသူများလည်း
မိမိတို့ ကြိုးစားခဲ့မူ နှင့် ထိုက်တန်သည့် အမြတ်
အစွန်းများ ကြိမ်းသေပေါက် ရနိုင်သည်ဆိုကာ
စွန့်စားလုပ်ကိုင် လိုစိတ်များလည်း ဖြစ်ပေါ်
လာနိုင်ပေသည်။ ပညာရေးတွင် ရင်းနှီးမြုပ်နှံ
ပါက အလုပ်သမားများသည် ပေါ်ပေါက်လာ
နေသည့် နောက်ဆုံးပေါ် အိုင်ဒီယာများကို
အကျိုးရှိစွာ အသုံးချနိုင်ကြမည်လည်း ဖြစ်ပေ
သည်။ လွတ်လပ်သော ဈေးကွက်စနစ်သည်
သေအံ့မူးမူး နှင့် အကျိုး မဖြစ်ထွန်း
တော့သည့် လုပ်ငန်းများကို ဖယ်ရှားကာ
ငွေပင်ငွေရင်းများနှင့် အလုပ်သမားများကို
ဆွဲဆောင်နိုင်သည့် လုပ်ငန်း အသစ်များ
ပေါ်ထွန်းအောင် လမ်းခင်းပေးနိုင်ပေသည်။