GDP
ယခုအခါ နိုင်ငံတခု တိုးတက် ဖွံ့ဖြိုးလာစေရန်
ဘာတွေ လိုအပ်သည် ဆိုသည်ကို တင်ပြခဲ့
ပြီး ဖြစ်သည်။ ဤသို့ ဆိုက တိုးတက်သည်
မတိုးတက်သည်ကို ဘာနှင့် တိုင်းတာနိုင်ပေ
မည်နည်း။ တကမ္ဘာလုံး အသုံးပြု ခဲ့သည့်
စံချိန်က gross domestic product ခေါ်
နိုင်ငံတခု တနှစ်အတွင်း ထုတ်လုပ်ခဲ့သည့်
ဝန်ဆောင်မှု နှင့် ကုန်ပစ္စည်းများ၏ စုစုပေါင်း
တန်ဖိုး။ တနည်းအားဖြင့် အသားတင် ထုတ်
လုပ်မူ တန်ဖိုးပင် ဖြစ်သည်။ GDP ကို နည်း
လမ်းနှစ်မျိုး ဖြင့် တိုင်းတာ နိုင်ပေသည်။
ပထမတခုက အသုံးစရိတ် အခြေပြု GDP (Expenditure-based GDP) ဖြစ်ပြီး ကုန်
ပစ္စည်းပေါ် သုံးစွဲခဲ့ရသည့် ငွေတန်ဖိုး စုစု
ပေါင်းပင် ဖြစ်သည်။
ဒုတိယ တခုက ၀င်ငွေ အခြေပြု (Income-based GDP) ဖြစ်ပြီး ကုန်ပစ္စည်း
ထုတ်လုပ်ခြင်းဖြင့် ရရှိသော ၀င်ငွေ စုစုပေါင်း
ပင် ဖြစ်သည်။
အသုံးစရိတ် အခြေပြု GDP တွင် အိမ်များ၊
ပေါင်မုန့်များ ၀ယ်ယူခြင်း၊ ဆေးခန်းသို့ သွား
ရောက်ပြသခြင်း၊ အစိုးရမှ ကျောင်းများ
အတွက် ကုန်ကျငွေ၊ စစ်သားများအား လစာ
ပေးရမူ အစရှိသည့် အသုံးစရိတ်များ ပါဝင်ပေ
သည်။ ထို့အပြင် စီးပွားရေး သမားများ ဖက်မှ
သုံးစွဲမှုများလည်း ပါဝင်ပြန်သည်။ သို့သော်
ထိုနေရာတွင်တော့ ရင်းနှီးမြုပ်နှံခြင်းမျိုး ရှိမှ
သာ ထည့်သွင်းရေတွက်၍ ရပေသည်။ ဥပမာ
အားဖြင့် မုန့်ဖုတ်သူတဦးမှ မုန့် ဖို အသစ်တခု
ဝယ်ယူခြင်း မျိုး၊ လုပ်ငန်းအတွက် အဆောက်
အဦးဝယ်ယူခြင်း မျိုး ဖြစ်သည်။ သို့သော်
မိမိလုပ်ငန်းအတွက် ၀ယ်ယူရသည့် ဟင်းခတ်
ပစ္စည်းများ၊ လောင်စာဆီ နှင့် အပို ပစ္စည်းများ
တန်ဘိုးကို GDP တွင် ထည့်သွင်း၍ မရပေ။
ထိုပစ္စည်းများ၏ တန်ဖိုးကား ၀ယ်ယူသုံးစွဲမှု
တန်ဖိုးထဲတွင် ပါဝင်သွားမည် ဖြစ်သော
ကြောင့်ပင်။ ဥပမာ အားဖြင့် ဈေးဝယ်တဦး
သည် ကိတ်မုန့်တလုံးကို ၀ယ်ယူသည် ဆိုပါ
စို့။ ထိုအခါ ကိတ်မုန့် ထဲ ထည့်ဖုတ်ထားသည့်
ကြက်ဥများနှင့် ဂျုံ များကိုလည်း ၀ယ်ယူလိုက်
ခြင်းပင် ဖြစ်သည်။
ထိုအခါ မိမိတို့မှ ကိတ်မုန့် တန်ဖိုးကိုသာ GDP ထဲ
ထည့်သွင်းရေတွက်ပြီး မုန့်ဖုတ်သ
မား မုန့်ဖုတ်ရန် ၀ယ်ယူထားသည့် ကြက်ဥများ
နှင့် ဂျုံ အိတ်များ၏ တန်ဖိုးကို ဖယ်ထုတ်
ထားခြင်း ဖြစ်သည်။ သို့ မဟုတ်က နှစ်ခါပြန်
ထည်ုသွင်း တွက်ချက်သလို ဖြစ်သွားပေလိမ့်
မည်။ ပို့ ကုန်များ၏ တန်ဖိုးကိုတော့ သုံးစွဲမှု
အခြေပြု GDP တွင် ထည့်သွင်းတွက်ချက်ခဲ့
သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံခြား
သားများက မိမိတိုင်းပြည်မှ ထုတ်လုပ်သော
ပစ္စည်းများကို ၀ယ်ယူသုံးစွဲကြသောကြောင့်
ဖြစ်ပေသည်။ သွင်းကုန်များကိုတော့ GDP
တန်ဖိုးမှ ပြန်လည် နူတ်ယူရသည်။ မိမိတို့မှ
အခြားနိုင်ငံသားများ ထုတ်လုပ်သော ပစ္စည်း
များကို ၀ယ်ယူ အသုံးပြုခဲ့သောကြောင့်ပင်
ဖြစ်သည်။
အသုံးစရိတ် အခြေပြု GDP ကို nominal သို့
မဟုတ် real dollar ဖြင့် တိုင်းတာနိုင်ပြန်
သည်။ nominal dollar ဆိုသည်က လက်ရှိ
ဒေါ်လာ တန်ဖိုး ဖြစ်ပြီး real ဆိုသည်က
ဖြစ်ပေါ်လာခဲ့သော ငွေကြေးဖေါင်းပွမူကို
တွက်ချက် ဖယ်ထုတ်ထားသော တန်ဖိုးပင်
ဖြစ်သည်။ ကိတ်မုန့် ဈေးနှူန်းသည် ၅% တက်
သွားခဲ့သည် ဆိုပါစို့။ ဤနေရာတွင် ကိတ်မုန့်
တစိတ်၏ တန်ဖိုး ၂% တက်ခဲ့လျင် ကိတ်မုန့်
တလုံးအပေါ် အမှန်တကယ် သုံးစွဲခဲ့ရသည့်
ပမာဏသည် (ပေါင်မုန့် အစိတ် စုစုပေါင်း ပေါ်
မူတည်၍) ၃% သာ မြင့်တက်ခဲ့သည်ဟု ပြော
၍ ရပေသည်။ ဤသည်က real GDP ပင်
ဖြစ်သည်။ စီးပွားရေး တိုးတက်မှု နူန်းကို
လည်း ဤနည်းဖြင့်သာ တိုင်းတာ တွက်ချက်
ခဲ့သည်။ သို့သော် လုပ်ခ များနှင့် အမြတ်ငွေ
များက nominal dollar ဖြင့်သာ တွက်ချက်
နိုင်၍ nominal GDP သည်သာ စီးပွားရေး
တခုလုံး၏ ပမာဏ ကို တွက်ချက်ရာတွင်
အကောင်းဆုံး နည်းလမ်း ဖြစ်ပေသည်။
ဒုတိယ နည်းလမ်း ဖြစ်သည့် ၀င်ငွေ အခြေပြု
GDP တွင်ကား အလုပ်သမား များနှင့်
မန်နေဂျာများ ရရှိသည့် လုပ်ခများ၊ အကျိုး
အမြတ်များ ဆုကြေးငွေများ၊ ကုမ္ပဏီများနှင့်
အစုစပ်ဝင်ထားသူများ၏ အမြတ်ငွေများ၊ ငွေ
ချေးသူများရသည့် အတိုးငွေများ၊ အိမ်ငှားခ
အစရှိသည်တို့ အားလုံး ပါဝင်နေသည်။
သီအိုရီ အရ ဆိုမူ အသုံးစရိတ် အခြေပြု
GDP တန်ဖိုးသည် ၀င်ငွေ အခြေပြု GDP တန်
ဖိုးနှင့် ညီမျ ရမည် ဖြစ်သည်။ အဘယ်ကြောင့်
ဆိုသော် လူတဦး သုံးစွဲငွေသည် အခြားသူ
တဦး၏ ၀င်ငွေ ဖြစ်သွားသောကြောင့်ပင်။
သို့သော် လက်တွေ့တွင်မူကား GDP ဆိုသည်
ကား ကြီးမား ကျယ်ပြန့် ရှုတ်ထွေးလွန်းလှ
သဖြင့် ထိုနည်းလမ်းနှစ်ခုနှင့် တွက်ချက်၍ ရ
သော တန်ဖိုးချင်း တူညီနိုင်ဖို့ ဆိုသည်ကား
ဘုရားသခင်၏ အကူအညီမပါပဲ ဖြစ်နိုင်မည်
မဟုတ်ပေ။
အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနကြီး
ရှိ စီးပွားရေး လေ့လာဆန်းစစ်မူ ဗြူ ရို၏
အဆိုအရ ၎င်းတို့ တွက်ချက်မှုများ
၏ ၇၅% သည် လက်လီ အရောင်းအ၀ယ်နှင့်
ဆောက်လုပ်ရေး လုပ်ငန်းပိုင်းတွင် အမှန်
တကယ် ဖြစ်နေမူများကို လေ့လာဆန်းစစ်မှု
အပေါ် အခြေပြုထားခြင်း ဖြစ်ပြီး ကျန် ၂၅%
ကမူ အနီးစပ်ဆုံး ဖြစ်အောင် ဖန်တီး တွက်
ချက်ယူခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုခဲ့ဖူးသည်။
ဥပမာ အားဖြင့် ရာသီဥတု အနေအထားကို
မူတည်ပြီး ရေ မီး သုံးစွဲမှု ကို တွက်ချက်ခြင်း
မျိုး၊ အိမ်မွေး ခွေး အရည်အတွက် မည်မျ အထိ မှတ်ပုံတင်သည်ကို ကြည့်ပြီး တိမွေးကု
ဆရာဝန်များထံ ပြသ၍ ကုန်ကျငွေများကို
တွက်ချက်ယူခြင်း မျိုး ဖြစ်သည်။ အိုးနင်းခွက်
နင်း ဖြစ်နိုင်သည့် တွက်ချက်မူမျိုးဟု ထင်စရာ
ရှိသော်လည်း နောက်ဆုံး အမှန်တကယ် ရရှိ
လာသည့် ဒေတာ များ နှင့် ပြန်နိုင်းယှဉ်ကြည့်
သည့် အခါ အတော်ကို နီးစပ်လှကြောင်း
တွေ့ရှိခဲ့ကြရသည်။
GDP သည်ကား တိုင်းပြည်၏ လူမူဘ၀ တိုး
တက်မူ များနှင့်တော့ မဆိုင်လှပေ။ ယင်းနှင့်
စပ်လျင်းပြီး ၁၉၆၈ တွင် ရော်ဘတ် ကနေဒီ
က အခုလို ပြောခဲ့ဖူးသည်။ "GDP တွင်
မိမိတို့ အိမ်များအား လုံခြုံအောင် အထူးပြုလုပ်
ထားသော သော့ခလောက်များနှင့် ယင်း
သော့ခလောက်များကို ချိုးဖျက်ခဲ့သူများအား
ထားရန် ထောင်များ ပါဝင်နေသည်။ သို့သော်
မိမိတို့ ကလေးများ ကျန်းမာရေး။ သူတို့လေး
တွေ ရနေကြတဲ့ ပညာရေး တကယ် အရည်
အသွေး ရှိမရှိ။ သူတို့ လေးတွေ ပျော်ပျော်ရွင်
ရွင် ကစားနိုင်သလား အဲ့တာမျိုးတွေတော့
မပါနိုင်ဖူး"ဟူ၍ ဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် ပြင်သစ် အစိုးရမှ ထင်ရှား
ကျော်ကြားလှသော ဘောဂဗေဒ ပညာရှင်
ကြီးတဦးအား လူမှု ရေး ပိုင်း တိုးတက်မူ နှင့်
စိတ်ချမ်းသာပျော်ရွှင်ခြင်းကို တိုင်းတာနိုင်မည့်
အကောင်းဆုံး နည်းကို ရှာဖွေတင်ပြပေးရန်
တောင်းဆိုခဲ့ဖူးသည်။ လူများနှင့် အစိုးရ များက ၎င်းတို့၏ စီးပွားရေးဖက်တွင်
အောင်မြင်မှုများကို ရုပ်ဝတ္ထု များနှင့်
တိုင်းတာနေသမျ GDP သည်သာ အကောင်း
ဆုံး ကိုက်တံ ကြီး ဖြစ်နေလေပေဦးမည်။