တိုးတက် ဖြစ်ထွန်းမူကို မြေတောင်မြှောက်
ပေးခြင်း
စီးပွားရေး တိုးတက် ဖြစ်ထွန်းဖို့ အထက်တွင်
ဆိုခဲ့သည့် မရှိမဖြစ် ပါဝင်ဖက်များကို မှန်ကန်
အောင် အသုံးချယုံဖြင့် မပြီးသေး ထိုသို့ဆက်
လက်ရှင်သန်နိုင်ရန် ပါတ်ဝန်းကျင် အနေအထားကိုလည်း အစိုးရ မှ ဖန်တီးပေးရန်လိုနေ
ပြန်သည်။ မုန့် ဖိုထဲက အပူချိန်ကို မှန်ကန်စွာ
ထိမ်းထားနိုင်မှသာ အရသာရှိရှိ စီမံထား
သည့် မုန်တခု ထွက်ပေါ်လာနိုင်သလိုမျိုးပင်
ဖြစ်သည်။ သို့ဆိုက အစိုးရများအဖို့ အဆိုပါ
အရေး အတွက် ဘာတွေ အဓိက ထားလုပ်ဖို့
လိုနေပေသနည်း။
လူသား အရင်းအမြစ်
အလုပ်သမားများသည် စက်တခုကို မည်သို့
သုံးစွဲရမည်ဟူသော လမ်းညွန်စာအုပ်ကို ဖတ်
နိုင်စွမ်းမရှိက နောက်ဆုံးပေါ် စက်ကြီး တင်
သွင်းလာစေဦး အကျိုးများဖွယ် မရှိပေ။ လူသား အရင်းအမြစ်များ ရရှိရန်ကား ပညာ
ရေး နှင့် လေ့ကျင့်သင်ကြားပေးရေး တို့ဖြင့်
သာ ရရှိနိုင်ပေသည်။ ကုန်ထုတ်လုပ်မူ တိုး
တက်ရေး အတွက်လည်း မရှိမဖြစ် လိုအပ်
သည်။ ကိုရီးယား သည် တတိယကမ္ဘာ
အဆင့်အတန်းမှ စက်မူ ထွန်းကားသော နိုင်
ငံတနိုင်ငံ အဖြစ် မျိုးဆက်တခု အတွင်း
ရောက်ရှိသွားခဲ့ခြင်းမှာလည်း ၎င်းတို့၏
ကလေးများကို အားသွန်ခွန်စိုက် ပညာသင်
ပေးခဲ့ခြင်းသည်လည်း တကြောင်းအပါအ၀င်
ဖြစ်သည်။ အထက်တန်းကျောင်း ပညာ
အောင်မြင်သည့် နှုန်းသည် ယခုအခါ အမေရိ
ကန်ထက် သာလွန်သွားခဲ့ပြီုဖြစ်သည်။
ဥပဒေ စိုးမိုးရေး
ရင်းနှီးမြုပ်နှံသူများက ၎င်းတို့ ရင်းနှီးမြုပ်နှံငွေ
များ နောင်တချိန် အကျိုး ဖြစ်ထွန်းလာပါက
ကြိမ်းသေ ပြန်လည် ရရှိနိုင်လိမ့်မည်ဟု သိမှသာ ၎င်းတို့
၏ ငွေကြေးများကို မြုပ်နှံကြလိမ့်မည် ဖြစ်
သည်။ ၎င်းတို့၏ ယုံကြည်မူ ရရန်မှာ နိုင်ငံများ
အနေဖြင့် ပွင့်လင်းမြင်သာသည့် ဥပဒေများ
ရှိနေရမည်။ မျက်နှာမလိုက် သမာသမတ်ကျ
သော တရားရုံးများ ရှိရမည်။ ဥစ္စာပစ္စည်းများ
ပိုင်ဆိုင်နိုင်ခွင့် ရှိရမည်။
အစိုးရ အဖွဲ့ ခပ်သေးသေးက ကြီးကြီးမားမား
ဖွဲ့စည်းထားသည်ထက် ပို၍ ကောင်းသည်။
သို့သော် အရည်အသွေးက အရွယ်အစား
ထက် ပို၍ အရေးကြီးပေသည်။ ဥပမာအား
ဖြင့် ဆွီဒင် အစိုးရသည် ပြည်တွင်း ထုတ်လုပ်
မှု တန်ဖိုး GDP တ၀က်ကျော်ကို သုံးစွဲခဲ့သော်
လည်း မက္ကဆီကိုက လေးပုံတပုံသာ သုံးခဲ့
သည်။ သို့သော် ဆွီဒင် အစိုးရ အဖွဲ့က အရည်
အသွေး ပြည့်ဝပြီး ရိုးသားမူ ရှိသူများ ဖြစ်ကြ
သည်။ မက္ကဆီကိုကတော့ ဆွီဒင် နှင့် ပြောင်း
ပြန်ပင် ဖြစ်သည်။ ထို့ အတွက်ကြောင့်လည်း
ဆွီဒင်က ချမ်းသာပြီး မက္ကဆီကိုက ဆင်းရဲနေ
ခြင်းပင် ဖြစ်သည်။
စီးပွားရေး ဖွံ့ဖြိုးဖို့ အတွက် ဒီမိုကရေစီက
ကော မရှိမဖြစ် လိုအပ်သည်လော။ မရှိမဖြစ်
လိုအပ်သည် မဟုတ်သော်လည်း အထောက်
အကူတော့ ဖြစ်စေသည်။ လူထုကို ဆင်းရဲ
နွမ်းပါးအောင် လုပ်သည့် အစိုးရများ ရွေး
ကောက်ပွဲတွင် အရေးနိမ့်ရစမြဲပင် ဖြစ်သည်။
သို့သော် အတိအကျ တော့ ပြော၍ မရပေ။
အာဏာရှင် အစိုးရများ ဖြစ်သော တရုတ်၊ ကို
ရီယား နှင့် ချီလီ အစိုးရများသည် စမတ်ကျ
သည့် မူဝါဒများကို စောစောပိုင်းကတည်းက
အကောင်အထည်ဖေါ်ထားနိုင်ခဲ့ကြသည်။
ဒီမိုကရေစီ အစိုးရများ အဖို့ကား လုပ်ချင်သလို လုပ်ခွင့် မရကြရှာပေ။ မဲဆန္ဒရှင်များ၏
ဖိအား ပေးမူများကြောင့် ပုဂ္ဂလိက ပိုင်ဆိုင်မူ
များကို သိမ်းယူခဲ့ရခြင်း၊ အကြွေးများ လည်
ပင်း ခိုက်လာရခြင်း၊ နိုင်ငံရေးအရ အကျိုးရှိရာ
ရှိကြောင်း ဖြစ်နေသည့် အုပ်စုများကို လူထု
ငွေ သူံး၍ အကာအကွယ် ပေးထားရခြင်းများ
ပြုလုပ်ခဲ့ကြရသည်။ အာဏာရှင်များကမူ ထို
ထက် ဆိုးသည့် အရာများ ကျုးလွန်ခဲ့ကြသ
ဖြင့် လူမူရေး မငြိမ်သက်မူများ ဖြစ်ပေါ်လာပြီး
မည်သူမျ လာရောက်ရင်းနှီးမြုပ်နှံလိုစိတ်
မရှိကြတော့ပေ။ ဒီမိုကရေစီသည် လူထု၏
သဘောထား ထင်မြင်ချက်များကို အစိုးရထံ
ပို့ဆောင်ပေးတတ်သည်။ ယင်းနှင့်အတူ ပေါ်
ပေါက်လာသော လွတ်လပ်သော ဈေးကွက်
အနေအထားများကို ကုမ္ပဏီများ သိခွင့်ရခဲ့
ကြပြန်သည်။ ရွေးကောက်ပွဲများက ပြည်တွင်း
စစ်မီးများ လို တို်င်းပြည်အား ကမောက်ကမ
မဖြစ်စေခဲ့ပေ။
ဈေးကွက် ကို ခိုင်းစေခြင်း
စွန့်ဦး တီထွင်သူများနှင့် အလုပ်သမားများ
သည် သစ်လွင်ပြီး အကုန်အကျ သက်သာ
သည့် နည်းမျိုး ဖြင့် ပစ္စည်းများ ထုတ်လုပ်လာ
နိုင်သဖြင့် ကြွယ်ဝချမ်းသာလာကြသည်။ ထို
သို့ ဖြစ်လာတို်င်း တစုံတဦးအား
သူ၏ လုပ်နေကျ လုပ်ငန်းမှ တိုက်ထုတ်လိုက်
သလို ဖြစ်ပေါ်လာတတ်စမြဲလည်း ဖြစ်သည်။
သြစတီယား နိုင်ငံသား ဟားဗတ် စီးပွားရေး
ပညာရှင် ဂျိုးဇက် ရွှမ်းပီတာ ကို ထိုသို့သော
သဘောသဘာဝအား ဖန်တီးမူ၏
ပျက်ယွင်းခြင်း creative destruction ဟု
ခေါ်ဝေါ်သုံးနူံးခဲ့သည်။
အစိုးရများ က ထိုသို့ တဖြေးဖြေး ဖြင့်.
ပျက်ယွင်းသွားသည့်
လုပ်ငန်းများကို တစွပ်စွပ် ဖြင့် ကျားကန်ပေး
လာကြသည်။ ကျားကန်ပေး၍ မရပါက ယှဉ်
ပြိုင်လို သူ လူသစ်များကို ဈေးကွက်သို့ ၀င်
ရောက်မလာစေရန် တားမြစ်တတ်ကြသည်။
၎င်းတို့ မျက်နှာသာပေးသည့် ကဏ္ဍ များဖက်
သို့ လှည့်၍ ရင်းနှီးမြုပ်နှံသည့် မူဝါဒ များကို
ကျင့်သုံးခဲ့ကြသည်။ အမေရိကန်တွင် အိုးအိမ်
ကဏ္ဍ ၌ ရင်းနှီးမြုပ်နှံခဲ့သလို မျိုး ဖြစ်သည်။
ထိုသို့သော မူဝါဒ များက အကျိုး မရှိသော
လုပ်ငန်းများတွင် အလွန်အက္ဈံ ရင်းနှီးမြု ပ်နှံ
မှုမျိုး ဖြစ်လာပြီး အလားအလာ
ကောင်း တီထွင် ဖန်တီးမူလည်း ရှိသည့်
လုပ်ငန်းများ တွင် ရင်းနှီးမြုပ်နှံမူ များက
အနည်းငယ်မျ လောက်သာ ရှိပေတော့သည်။
တရုတ် ဘဏ်များက အစိုးရပိုင် လုပ်ငန်းများ
State-owned enterprise (SOEs) များ
အား အလွန်အက္ဈံ ငွေများ ထုတ်ချေးပေးနေ
သော်လည်း ပုဂ္ဂလိက ကုမ္ပဏီများကိုမူ
မဆိုသလောက်သာ ပံ့ပိုးခဲ့ပေသည်။