နိုင်ငံတခု စီးပွားရေးအရ အောင်မြင်လာဖို့ ဆိုသည်ကအကြောင်းတရား များစွာ ရှိနေသည်။ နိုင်ငံရှိကုမ္ပဏီများသည် ရင်းနှီးမြုပ်နှံဖို့ အကျိုး ဖြစ်ထွန်းမှု ရှိမည်လော၊ ငွေကြေးဖေါင်းပွမှု နှင့်အတိုးနူန်းများ၊ လူထု၏ ၀ယ်ယူသုံးစွဲမှု အားနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ ယုံကြည်စိတ်ချခြင်း ခံရမှု အစရှိသည်တို့က ရေတိုအတွက်အရေးပါသော ကဏ္ဍ မှ ပါဝင်နေသည်။
ရေရှည်တွင်တော့ နိုင်ငံတခု ချမ်းသာကြွယ်ဝခြင်း၊ တိုးတက်မှု မရှိပဲ တုန့်နှေးသွားရခြင်းများသည် အထက်က ပြောခဲ့သလို လူ အရင်းအမြစ်၊ ငွေပင်ငွေရင်း နှင့် အိုင်ဒီယာများ အချိုးကျ ရောစပ်နေမှု ပေါ်တွင် တည်မှီနေသည်။ ထို အခြေခံ အချက်ကြီး သုံးချက်ကိုမှန်ကန်စွာ ပေါင်းစပ်နိုင်ပါက ရေတိုတွင်အခိုက်မသင့် ဖြစ်ပေါ် လာမှုများကို အမှုထားရန် မလိုတော့ပေ။
၁၉၄၅ နှင့် ၂၀၀၇ အကြားတွင် အမေရိကန်စီးပွားရေးသည် ဆယ်ကြိမ်မျ ဆုတ်ယုတ်ပျက်စီးမှု နှင့် ကြုံခဲ့ရသည်။ သို့သော်လည်း ခြောက်ကြိမ်ခန့် ယခင် အနေအထားထက်ပိုမိုကြီးမား ကျယ်ပြန်သည့် နှုန်းဖြင့် ပြန်လည်ဦးမော့လာနိုင်ခဲ့သည်။ ပျမ်းမျ အမေရိကန်နိုင်ငံသားတဦးသည် ယခင်ကာလများထက်သုံးဆခန့် ချမ်းသာလာခဲ့သည်။
ထိုသို့ တိုးတက်လာမှုများနှင့် ကြုံတွေ့လာရခြင်းများကြောင့် စီးပွားရေး နှေးကွေးမှု သည်ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါလား ဆိုသည်ကိုပင်မေ့လျော့လာ တတ်ကြသည်။ ၁၈ ရာစု နှစ်အထိ စီးပွားရေး တိုးတက်မူ ဆိုသည်ကလွန်စွာ သေးငယ်သော နူန်းဖြင့် ရှိခဲ့၍ အင်္ဂလိပ်လူမျိုး တယောက်၏ လူနေမှု အဆင့်အတန်းသည် သူ၏ မိဘများ လက်ထက်နှင့်မည်သို့ မျ ခွဲခြားမရအောင် ရှိခဲ့ဖူုးပေသည်။၁၈ ရာစု နှစ်တွင်တော့ ထိုသို့သော အနေအထားများ စတင် ပြောင်းလဲလာခဲ့သည်။
၁၈ ရာစု နှစ် နှစ်လယ်ပိုင်းတွင် စက်မှု တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့မှု နှင့် အတူအင်္ဂလန်နိုင်ငံ ရှိ ကုန်ထုတ်လုပ်ငန်းများသည်အရှိန်အဟုန် ပြင်းစွာဖြင့် အပြောင်းအလဲများဖြစ်ပေါ်လာခဲ့သည်။ နောက်ပိုင်းတွင် အနောက်ဥရောပ နှင့် မြောက်အမေရိကားတိုက်များ အထိ ကူးစက်လာခဲ့သည်။ ထို့နောက်ပိုင်းတွင်တော့ စီးပွားရေးသည် သာမန်လူတယောက် ရိပ်စားမိလောက်သည်အထိ ပုံမှန် တိုးတက်လာခဲ့ပေတော့သည်။ဖြစ်နေကျ တခုဟုလည်း ယူဆလာခဲ့ကြတော့သည်။ ဘောဂဗေဒ သမိုင်းပညာရှင်အင်ဂူးစ် မက်ဒီဆန် က ၁၉၅၂ ခုနှစ်တွင် သာမန်ဥရောပတိုက်သားတဦးသည် ၁၈၂၀ ကထက် လေးဆမျ ချမ်းသာကြွယ်ဝလာခဲ့သည်ဟု ဆိုသည်။ အမေရိကန်တို့ အဖို့ကား ရှစ်ဆမျ ချမ်းသာလာခဲ့သည်။
စက်မှု မထွန်းကားမီ ကာလ က တရုတ်ပြည်သည် ကမ္ဘာတွင် အကြီးမားဆုံးသော စီးပွားရေးကို ပိုင်ဆိုင်ခဲ့ဖူးသည်။ တရုတ် နိုင်ငံသားများ၏ လူနေမူ အဆင့် အတန်းသည်လည်းဥရောပတိုက်သားများ၊ အမေရိကန်နိုင်ငံသားများ နှင့် တန်ုးတူ နီးပါး ရှိခဲ့သည်။ ထို့နောက်ပိုင်းတွင် တရုတ်ပြည်တွင်း၌ ပုန်ကန်မူများ၊ပြည်ပကျုးကျော်မှု များနှင့် ပုဂ္ဂလိက လုပ်ငန်းများကို အားမပေးသည့် အမြင်ကျဉ်းမြောင်းသော ဗျုရိုကရေစီ စနစ်များ အောက်တွင်စီးပွားရေးသည် ရပ်တန့် သွားခဲ့ရသည်။ ၁၉၅၂ တွင် တရုတ်လူမျိုးတို့သည် ၁၈၂၀ ကထက် ဆင်းရဲ မွဲတေကာ နေထိုင်လာခဲ့ရသည်။
သို့ဆိုက အဘယ်ကြောင့် အချို့နိုင်ငံများသည် စီးပွားရေး တိုးတက်လာခဲ့ပြီး အချို့သော နိုင်ငံများသည် တိုးတက်မှု ရပ်တန့်သွားခဲ့ရပေသနည်း။ အတိုချုပ် ပြောရလျင် စီးပွားရေး တိုးတက်မှု ဆိုသည်ကား အခြေခံ အုတ်မြစ်ကြီး နှစ်ခု ပေါ်တွင် မူတည်နေသည်ဟုဆိုရမည် ဖြစ်သည်။ ဤသည်ကား လူဦးရေနှင့် ကုန်ထုတ်လုပ်နိုင်မှု ပင် ဖြစ်သည်။
(၁) လူဦးရေ ဟု ဆိုရာတွင် နိုင်ငံတခုတွင်အလုပ်သမား အင်အား မည်မျ ရှိသည်ကိုဆိုလိုသည်။
(၂) ကုန်ထုတ်လုပ်မှု ဆိုသည်က အလုပ်သမား တယောက်လျင် မည်မျ ထုတ်လုပ်နိုင်သည်နှင့် ၀င်ငွေ မည်မျ ရရှိသည်ကို ဆိုလိုခြင်းပင် ဖြစ်သည်။ နိုင်ငံတခု၏ စုစုပေါင်း ကုန်ထုတ်လုပ်မှု ပမာဏ အား ၎င်းတွင်ရှိသော အလုပ်သမား အင်အားနှင့် ကုန်ထုတ်လုပ်မူကို ကြည့်၍ Potential output ဟု ခေါ်ကြသည်။ ထိုသို့သော နူန်းထားဖြင့် ဆက်လက်တိုးတက်လာနိုင်စွမ်းကို potential growth ဟု ဆိုသည်။သို့ဖြစ်က အလုပ်သမား အရည်အတွက်သည်တနှစ်လျင် ၁% တိုးတက်ပြီး ကုန်ထုတ်လုပ်မူသည်လည်း ၁.၅% တိုးတက်မူ ရှိသည်ဆိုက potential growth သည် ၂.၅% ရှိသည်ဟု ပြော၍ရသည်။ ဤနည်းဖြင့် စီးပွားရေးသည် တိုးတက်လာခဲ့ရသည်ဟု ပြော၍ရပေသည်။
"ကြီးထွားလာနေသော လူဦးရေ ကို ဆန်ုးစစ်ခြင်း" ကို ဆက်လက် တင်ပြပါမည်။
လှစိုးဝေ