အပေါ်ယံ ကြည့်လျှင် အပါချီလူမျိုးများသည် စည်းကမ်းမဲ့ပြီး အလွန်အမင်း ဖရိုဖရဲ ဖြစ်နေသည်ဟု ထင်ရပေမည်။ သို့သော် အမှန်တကယ်တွင်မူ ၎င်းတို့သည် အဆင့်မြင့်ပြီး ခေတ်မီရှုပ်ထွေးသော လူ့အဖွဲ့အစည်းတခု ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှု မရှိသော အဖွဲ့အစည်းတခုဟူသည် လုံးဝ ကွဲပြားခြားနားသော သဘောသဘာဝရှိသည့် သက်ရှိသတ္တဝါတစ်ကောင်နှင့် တူနေခြင်းကြောင့်ပင် ဖြစ်သည်။
ဗဟိုချုပ်ကိုင်မှု မရှိသော လူ့အဖွဲ့အစည်းတခု၏ လက္ခဏာများဖြစ်သည့် ပြောင်းလွယ်ပြင်လွယ်ရှိမှု၊ အာဏာကို မျှဝေခံစားမှုနှင့် ရှင်းလင်းပြတ်သားမှု မရှိခြင်းတို့က အပါချီ များကို ဗဟိုချုပ်ကိုင်မှုရှိသော လူ့အဖွဲ့အစည်းတခုကို ပျက်စီးစေနိုင်သည့် တိုက်ခိုက်မှုမျိုးမှ ကင်းဝေးစေခဲ့ကြောင်း နီဗင်စ်က ရှင်းပြခဲ့သည်။
အဓမ္မ ဖိနှိပ်ချုပ်ချယ်သော စနစ်တခုက ဖွင့် ပေးလာသည်ကို ရင်ဆိုင်ရသည့်အခါ ဘာတွေဖြစ်လာမည်ကို လေ့လာကြည့်ကြပါစို့။ (ဗဟိုချုပ်ကိုင်မှုရှိသော အဖွဲ့အစည်းတစ်ခုဖြစ်သည့်) စပိန်တို့သည် အရာရာကို ဗဟိုချုပ်ကိုင်မှုရှိသော သို့မဟုတ် ဖိနှိပ်ချုပ်ချယ်သော စနစ်၏ ရှုထောင့်မှသာ ကြည့်ရှုလေ့လာရန် ကျင့်သားရနေခဲ့ကြသည်။ ၎င်းတို့သည် အပါချီလူမျိုးများနှင့် တွေ့ဆုံသည့်အခါ ရှေးယခင်က အောင်မြင်ခဲ့ဖူးသော နည်းဗျူဟာများ (ခေါင်းဆောင်ကို သတ်ဖြတ်ပြီး ရွှေကို သိမ်းယူသည့် နည်းဗျူဟာမျိုး) ကိုသာ သုံးခဲ့ကြကာ အပါချီ ခေါင်းဆောင် နန်တန်) များကို ဖယ်ရှားရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် နန်တန်တဦး အသတ်ခံရသည်နှင့် တပြိုင်နက် ခေါင်းဆောင်အသစ်တဦး ပေါ်ထွက်လာပြန်သည်။ မည်သည့် ခေါင်း ဆောင် တဦးတယောက်မျှ အပါချီလူ့အဖွဲ့အစည်း၏ အထွေထွေ သုခ ချမ်းသာ အတွက် မရှိ၍ မဖြစ်သော အနေအထားတွင် မရှိခြင်းကြောင့် ဤဗျူဟာမှာ ကျရှုံးခဲ့ရပေသည်။
အာပါချီ လူမျိုးများသည် စပိန်တို့၏ တိုက်ခိုက်မှုများကို ကြံ့ကြံ့ ခံနိုင်ခဲ့ရုံသာမက ထိုတိုက်ခိုက်မှုများကပင် ၎င်းတို့ကို ပိုမိုအားကောင်းလာစေခဲ့သည်အထိ ဖြစ်လာသည်မှာ အံ့သြဖွယ်ကောင်းလှပေသည်။
စပိန်တို့ တိုက်ခိုက်လာသောအခါ အာပါချီတို့သည် ပို၍ ဗဟိုချုပ်ကိုင်မှုကင်းမဲ့သွားကြပြီး ၎င်းတို့ အပေါ် အနိုင်ယူရန် ပို၍ပင် ခက်ခဲသွားကြသည်။ စပိန်တို့က ၎င်းတို့၏ ရွာများကို ဖျက်ဆီးပစ်သည့်အခါ ထိုရွာများသာ ၎င်းတို့လူ့အဖွဲ့အစည်းအတွက် အလွန်အရေးပါခဲ့ပါက အာပါချီတို့ လက်နက်ချအညံ့ခံခဲ့ကြမည်သာ ဖြစ်သည်။ သို့သော် ထိုသို့ဖြစ်မလာခဲ့ပေ။ ယင်းအစား အာပါချီတို့သည် ၎င်းတို့၏ အိုးအိမ်များကို စွန့်လွှတ်ကာ နို မက်ဒ် ခေါ် လှည့်လည်သွားလာနေထိုင်ကြသည့် လူမျိုးစု များ ဖြစ်လာခဲ့ကြသည်။
ဤသည်မှာ ဗဟိုချုပ်ကိုင်မှုကင်းမဲ့ခြင်း (decentralization) ၏ ပထမဆုံးနှင့် အဓိကအကျဆုံး သဘောတရား ဖြစ်သည် - တိုက်ခိုက်ခံရသည့်အခါ ဗဟိုချုပ်ကိုင်မှုကင်းမဲ့သော အဖွဲ့အစည်းတခုသည် ပိုမိုပွင့်လင်းလာပြီး ပို၍ပင် ဗဟိုချုပ်ကိုင်မှုကင်းမဲ့သွားတတ်ကြပေသည်။
လက်ရှိ နှစ်ဆယ့်တစ် ရာစု တွင် ပေါ်ပေါက်လာသော ပဋိပက္ခကို ကျွန်ုပ်တို့ ပြန်လည် နှိုင်းယှဉ် ကြည့်မည် ဆိုက တေးဂီတကုမ္ပဏီကြီးများသည် စပိန်လူမျိုးတို့၏နေရာမှ ပါဝင်ခဲ့ကြသည်။ အက်ဇ်တက် လူမျိုးများက Napster နှင့် Grokster ကဲ့သို့သော P2P ကုမ္ပဏီများ ဖြစ်ကြသည်။ တေးဂီတ ကုမ္ပဏီ များက ၎င်းတို့၏ တရားစွဲဆိုမှုများ အတွက် ဗယ်ရီလီ ကဲ့သို့သော ခေတ်သစ် ကိုလိုနီ သမား များ ကွန်ကွစ်စတားများကို ခေါ်ဆောင်လာခဲ့ကြသည်။
ကျွန်ုပ်တို့တွေ့ခဲ့ရသည့်အတိုင်း ဤနည်းဗျူဟာများမှာ အောင်မြင်ခဲ့ပြီး နပ်စတာ ကုမ္ပဏီလည်း လုပ်ငန်းရပ်စဲသွားခဲ့ရသည်။ တေးဂီတကုမ္ပဏီများသည် နပ်စတာကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ ဗဟိုချုပ်ကိုင်မှု အားကောင်းလွန်းသောကြောင့် ဖြစ်သည်။ ထိုကုမ္ပဏီတွင် တီနော့ချ်တီတလန် ဟူသော သုံးစွဲသူများ မဖြစ်မနေ ဝင်ရောက်ရသည့် ဗဟိုဆာဗာများ နှင့် မွန်တဇူမာ ဟူသော အထက်အောက် အဆင့်ဆင့် အုပ်ချုပ်သည့် ခေါင်းဆောင်မှုပုံစံ (စီအီးအိုတဦး) တို့ ရှိနေခဲ့သည်။
တနည်းဆိုရသော် နပ်စတာသည် တေးဂီတကုမ္ပဏီကြီးများထက် ပိုမိုပွင့်လင်းပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချထားခဲ့သော်လည်း (အသုံးပြုသူများအချင်းချင်း သီချင်းများကို အခမဲ့ လဲလှယ်ဖလှယ်ခွင့်ပြုထားသဖြင့်) ဗဟိုချုပ်ကိုင်မှု အလွန်အကျွံပြုထားသည့် ကုမ္ပဏီကြီးများ၏ တိုက်ခိုက်မှုကို ခုခံနိုင်လောက်အောင်အထိ အားမကောင်းခဲ့ပေ။ ထိုသို့ ခုခံ နိုင်ရန် လိုက်လျောညီထွေရှိမှုနှင့် ဗဟိုချုပ်ကိုင်မှုကင်းမဲ့နေဖို့ လိုသည်။
နပ်စတာ၏ ဗဟိုဆာဗာဖြစ်သော တီနော့ချ်တီတလန်ကို ထိခိုက်ပျက်ပြားစေခြင်းနှင့် နပ်စတာ၏ ကော်ပိုရိတ်စီမံခန့်ခွဲမှုဖြစ်သော မွန်တဇူမာကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့ကြခြင်းဖြင့် တေးဂီတကုမ္ပဏီကြီးများ အနိုင်ရရှိသွားခဲ့ကြပေသည်။
သို့သော် နက်စတာ ဖျက်ဆီးခံလိုက်ရခြင်းက အခမဲ့တသီတတန်းကြီး သီချင်းများ နားထောင်လိုသည့် လူတို့၏ဆန္ဒကို မချုပ်ငြိမ်းစေခဲ့ပေ။ အခမဲ့ဒေါင်းလုဒ်လုပ်နိုင်သော သီချင်း ရေပန်း ကြီး မှ ထွက်လာသည့် ရေကို သောက်သုံးခဲ့ဖူးသည့် လူငယ်တဦး အဖြစ်ကို တွေးကြည့်ပါ။ ရုတ်တရက်ဆိုသလိုပင် ဝတ်စုံဝတ်လူအချို့က ရေပိုက်ခေါင်းကို ပိတ်လိုက်ပြီး သင့်အား ရာဇဝတ်သားတဦးအဖြစ် ကြေညာလိုက်သည်။ ထိုအခါ သင်သည် လပေါင်းများစွာ မရောက်ဖြစ်ခဲ့သည့် တေးသံသွင်း အခွေဆိုင်သို့ ပြန်သွားပြီး စီဒီ ခွေတခွေဝယ်ရန် သင်၏ သုံးနာရီစာ လုပ်အားခကို ထုတ်ပေးနိုင်ပေမည်။ သို့သော် ထို့ထက် ပို၍ဆွဲဆောင်မှုရှိ နေသည်က နက်စတာနှင့် အလားတူသည့် အခြားနေရာတခုကို ရှာဖွေရန်ပင် ဖြစ်ပေသည်။
ထိုအချိန်တွင် ဆွီဒင်လူမျိုး အင်ဂျင်နီယာတစ်ဦးဖြစ်သော နစ်ကလက်စ် ဇန်စထရွန်း ဝင် ရောက်ရှိလာခဲ့ပြီး၊ ရေပန်းစားနေသည့် သီချင်းများကို အချင်းချင်း ဖလှယ်လိုသည့် အငတ်ဘေးကို အောင်မြင်စွာ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
ဇန်စထရွန်းသည် အပါချီ နန်တန် တဦး မဟုတ်ခဲ့သော်လည်း၊ အသက်ဆက်ရှင်ရပ်တည်နိုင်ရန်အတွက် နက်ပ်စတာ ၏ အမှားများကို ရှောင်ရှား နိုင်မှသာ ဖြစ်မည်ကို ကောင်းစွာ သဘောပေါက်ထားခဲ့သည်။ သူ၏ အဖြေမှာ ကာဇာ ဟုခေါ်သော ပရိုဂရမ်အသစ်တခု ဖန်တီးရန်ပင် ဖြစ်သည်။ ကာဇာ တွင် ဗဟိုဆာဗာဟူ၍ မရှိသလို၊ တီနော့တီတလန် ကဲ့သို့သော ဌာနချုပ်လည်း မရှိပေ။ ကယ်လီဖိုးနီးယားမှ ဂျွန်သည် U2 တေးဂီတအသစ်ကို ရယူရန်အတွက် နီဘရာစကာရှိ ဒင်းနစ်၏ ကွန်ပျူတာကို တိုက်ရိုက်ဝင်ရောက် ချိတ်ဆက်နိုင်သလို၊ ဆန်ဖရန်စကိုရှိ ဂျယ်ရီ၏ ကွန်ပျူတာမှလည်း မိမိကြိုက်နှစ်သက်သည့် Beatles သီချင်းကို တိုက်ရိုက် ရယူနိုင်ခဲ့သည်။ ၁၂ လအတွင်း ကာဇာ ဆော့ဖ်ဝဲကို ဒေါင်းလုဒ်လုပ်ထားသူ အရေအတွက်မှာ သန်း ၂၅၀ ကျော် ရှိလာခဲ့သည်။ တေးသီချင်း ဖလှယ်မှု လှိုင်းလုံးကြီးမှာ အလွန်တရာ ကြီးမားလှပေသည်။ ကာဇာ သည် ဗဟိုဆာဗာ၏ အကူအညီ လုံးဝမလိုဘဲ အသုံးပြုသူများ လက်ဝယ်သို့သာ လုပ်ပိုင်ခွင့် အာဏာကို အပ်နှင်းပေးခဲ့သည်။
ကာဇာ နှင့် သီချင်းထုတ်လုပ်ရေးကုမ္ပဏီ တို့ကို နှိုင်းယှဉ်ကြည့်ကြပါစို့။ သီချင်းထုတ်လုပ်ရေးကုမ္ပဏီများတွင် ရုံးခန်းများ၊ ဖြန့်ချိရေးကွန်ရက်များ၊ စျေးကွက်ရှာဖွေရေးဌာနများနှင့် လစာနှုန်းထားမြင့်မားသော အမှုဆောင်အရာရှိများ ရှိကြသည်။ ၎င်းတို့တွင် သီးသန့်ပိုင်ဆိုင်သော မူပိုင်အကြောင်းအရာအချက်အလက်များ ရှိနေသောကြောင့် သုံးစွဲသူများထံမှ ဈေးနှုန်းကြီးမြင့်စွာ ကောက်ခံနိုင်ကြသည်။ ထို့ပြင် ဝယ်ယူထားသော စီဒီခွေ တခွေကို လည်းကူးယူပြီး သင့်သူငယ်ချင်းများကို ပေးဝေခြင်းမျိုးကိုလည်း လုပ်ဆောင်နိုင်မည်မဟုတ်ပေ။
တဖက်တွင်မူ ကာဇာသည် အပါချီ လူမျိုးစုရွာလေးတစ်ရွာနှင့် တူနေသည်။ ၎င်းတွင် ရုံးချုပ်လည်းမရှိ၊ လစာကြီးကြီးပေးရသည့် အလုပ်လည်းမရှိပေ။ သို့သော် သင့်အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကို မိတ္တူကူးယူလိုပါက အဆင်ပြေသလို ထောင်ပေါင်းများစွာထိ ကူးယူနိုင်သည်။
သို့သော် လုပ်ငန်းတခု ဖြစ်လာစေရန်အတွက် မွန်တီဇူမာ လို ခေါင်းဆောင် တဦး လိုအပ်သည် မဟုတ်ပါလား။ ဇန်းစထရွမ် က မူပိုင်ခွင့်ပိုင်ရှင် စာအုပ်တိုက်/တေးဂီတကုမ္ပဏီများ၏ စောင့်ကြည့်မှုကို မခံလိုသောကြောင့် စိတ်မပါ လက်မပါ လဖြင့်သာ မွန်တီဇူမာ လုပ်ခဲ့သူ ဖြစ်သည်- ကုမ္ပဏီများ ကြည့်မနေဟု သူထင်မှသာ ပိရမစ်များကို တည်ဆောက်ခဲ့ပြီး၊ ကုမ္ပဏီများ ဝင်ရောက်စွက်ဖက်နိုင်ခွင့် နည်းပါးသည့် နေရာများတွင်သာ လမ်းခင်းပေးခဲ့သည်။ သူ၏ ဝင်ငွေမှာ ကာဇာ ပေါ်တွင် ကြော်ငြာနေရာများ ရောင်းချခြင်းမှ ရရှိခဲ့ခြင်းဖြစ်ပြီး၊ ၎င်းမှာ ဗဟိုချုပ်ကိုင်မှုရှိသော လုပ်ဆောင်ချက်ဖြစ်ကာ နောက်ပိုင်းတွင် အားနည်းချက်တခု ဖြစ်လာခဲ့သည်။
အမှန်စင်စစ် ဇန်းစထရွမ်သည် MGM ကဲ့သို့သော ကုမ္ပဏီများကို အလွန်အမင်း စိုးရိမ်သဖြင့် သူနှင့် သူ၏လုပ်ဖော်ကိုင်ဖက်တို့သည် ၎င်းတို့အား တရားရုံးဆင့်စာ လာပေးရန် ကြိုးပမ်းကြသည့် ဆိုင်ကယ်စီး ကိုယ်စားလှယ်များကို ရှောင်တိမ်းပုန်းအောင်းခဲ့ကြသည်။