ကွန်ဂရက် အမတ်မင်း၏ ရုံးခန်းထဲရှိ နံရံတဖက်တွင် အမေရိကန် အလံကို ချိတ်ဆွဲထားသည်၊ အခြား တဖက်တွင် သူ၏ ရီပတ်ဘလီကင် ပါတီဖက်မှ တူဆီဒို ဝတ်ထားသည့် အကျော် အမော်များ ဖြစ်ကြသော ရော်နယ် ရီဂင်၊ ဂျရယ် ဖို့ဒ်၊ ရစ်ချတ် နစ်ဆင်၊ ဂျွန် ဝိန်း၊ ဘော့ ဟုပ် တို့ နှင့် အတူ တွဲရိုက်ထားသော ဓါတ်ပုံများ ချိတ်ဆွဲထားသည်။ ထိုအထဲတွင် ရစ်ချတ် ဟက်ဒ် ၏ ပုံပင် ပါလိုက်သေးသည်။ သူ့စာအုပ်တွင် ပါသည့် ဓါတ်ပုံကို မြင်ဖူးထား၍ ချက်ခြင်းလို သိလိုက်သည်။
အမတ်မင်းက စီးကရက် နှင့် တည့်ခင်းဧည့်ခံလာ၍ ကျွန်တော်တို့လည်း ခဏတဖြုတ် အတူတူ သောက်ဖြစ်ကြသည်။ စီးကရက်ငွေ့ရဲ့ ဘေးထွက်ဆိုးကျိုး များကိုတော့ ဇနီးမယား၊ သားသမီးတွေအကြောင်း၊ကိုယ်နှစ်သက်သည့် အားကစားအသင်းတွေအကြောင်း ပေါ့ပေါ့ပါးပါး ပြောဆိုရယ်မောပြီး ရရှိလာတဲ့ ကြည်နူးစရာ လေကောင်းလေသန့် များကို တစ်ဝကြီး ရှူသွင်းလိုက်ခြင်းအားဖြင့် အာနိသင် ပျယ်သွားအောင် လုပ်လိုက်ကြသည်။
မကြာမီ ဖိလစ်ပိုင်သို့ ကျွန်ဝောာ် သွားရောက် စွန့်စားရမည့် အကြောင်းများကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြသည်။ ကျွန်တော်သွားဖို့ကိုလည်း ဗိုလ်ချုပ်ကြီး နှင့် မဒမ် က သဘောတူခဲ့ပြီး ဖြစ်သည်။
နေပါဦး.. မာ့က်စ် ပြောခဲ့တဲ့ စကားက ဘာတဲ့" ဗိုလ်ချုပ်ကြီး က သူ့မေးစေ့ကို စဉ်းစားဟန်နဲ့ ပွတ်သပ်ရင်း မေးလိုက်သည်။ "ဩော်... မှတ်မိပြီ။ 'သူတို့သည် မိမိတို့ ကိုယ်တိုင်အတွက် ကိုယ်စားမပြုနိုင်ကြ၍ ကိုယ်စားပြုပေးမယ့်သူ လိုအပ်တယ်' တဲ့။ အခု ဒီမှာဖြစ်နေတာကလည်း အဲ့ဒီအတိုင်းပဲ မဟုတ်လား၊ မာ့က်စ်က လယ်သမားတွေကို ရည်ညွှန်းတာ ဖြစ်နိုင်ပေမဲ့ ကျွန်တော်တို့အတွက်လည်း သက်ဆိုင်နေတာပဲ။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ကိုယ်စားမပြုနိုင်ဘူး။ ဟောလိဝုဒ်ကပဲ ကျွန်တော်တို့ကို ကိုယ်စားပြု ပုံဖော်နေကြတာ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ပုံရိပ်ကို ကောင်းကောင်းမွန်မွန် ကိုယ်စားပြု ဖော်ပြနိုင်ဖို့အတွက် ကျွန်တော်တို့ တတ်နိုင်သမျှ လုပ်ကြရမယ်။"
ခင်ဗျား စကားက ဘယ်ကို ဦးတည်နေတာကို ကျွန်တော် သိနေတယ် ဟု လက်ထဲက စီးကရက် ကို ထိုးချေလိုက်ရင်း ပြုံးပြီး ပြောလိုက်သည်။ ဘယ်လို များ ကိုယ်စားပြုပြီး ပုံဖေါ်ချင်နေလဲ ဆိုတာ ကျွန်တော့် ပြောပါဦး။ ဗိုလ်ချုပ်ကြီးက သူ၏ ညီနောင်များ အဖွဲ့ နှင့် လုပ်ငန်း တာဝန်များ အကြောင်း ရှင်းပြလိုက်ရာ အမတ်မင်းက အိုင်ဒီယာ က ကောင်းလှသဗျာ၊ ဒါပေမယ့် ကွန်ဂရက် က ထိ မှာ မဟုတ်ဘူး။ ခင်ဗျား တို့ နိုင်ငံ အမည်တောင် ဘယ်သူမှ မပြောချင်ကြအောင် ဖြစ်နေတယ်။
ဒါကို ကျွန်တော် နားလည် ပါတယ် အမတ်မင်း။ ကျွန်တော်တို့ကလည်း အမေရိကန် လူထုရဲ့ တရားဝင် ထောက်ခံမှု လည်း မလိုချင်ပါဘူး၊ အမေရိကန် လူထုဖက်ကလည်း အခုလို အချိန်မှာ စိတ်အား ထက်သန် ကြမှာ မဟုတ်ဘူး ဆိုဝာာလည်း သဘောပေါက်ပါတယ်။
ဒါပေမယ့် သူတို့ရဲ့ တရားမဝင်တဲ့ ထောက်ခံမှု မျိုးကတော့ နောက် ကိစ္စမျိုးပေါ့ ဟု ကျွန်တော်က ဝင်ပြောလိုက်သည်။
ဆက်ပါဦး။
လွှတ်တော်ကနေ ကျွန်တော်တို့ဆီ ငွေကြေးထောက်ပံ့မှုတွေ မပို့ပေးဘူးဆိုရင်တောင်မှ၊ စိတ်ဒဏ်ရာရနေတဲ့၊ နွမ်းပါးနေတဲ့ ကျွန်တော်တို့ရဲ့ စစ်ပြန်တွေကို ကူညီဖို့အတွက် လူမှုရေးအသိစိတ်ရှိတဲ့ လူပုဂ္ဂိုလ်တွေ ဒါမှမဟုတ် အဖွဲ့အစည်းတွေ (ဥပမာ- ပရဟိတဖောင်ဒေးရှင်းတွေ) ကို တားဆီးလို့မရပါဘူး။ သူတို့ဟာ လွတ်လပ်မှုကို ကာကွယ်ခဲ့ကြသူတွေဖြစ်ပြီး အမေရိကန်စစ်သားတွေနဲ့အတူ ပုခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့ကြသူတွေပါ၊ တချို့ဆိုရင် သွေးမြေကျခဲ့ကြရသလို တချို့လည်း အင်္ဂါအစိတ်အပိုင်းတွေပါ ပေးဆပ်ခဲ့ကြရပါတယ်။"
ခင်ဗျား တို့ ကလော့ဒ် နဲ့ ပြောဆိုထားတာတွေ ရှိနေလား။
ကလောဒ့်က ထိုသို့သော အိုင်ဒီယာမျိုး ကျွန်တော့် ခေါင်းထဲ ထည့်ပေးခဲ့သည်က တော့ အမှန်ပင်။ ဆိုင်ဂုံ တွင် ကျွန်တော်တို့ ရှိနေခဲ့စဉ် ကာလ အတွင်း စီအိုင်အေ အနေဖြင့် ထိုကဲ့သို့သော လုပ်ငန်းမျိုးကို ရံပုံငွေ ထောက်ပံ့ပေးသည်မှာ လုပ်ရိုးလုပ်စဉ် ပင် ဖြစ်သည်။ သို့သော စီအိုင်အေ အမည်နှင့် တိုက်ရိုက်တော့ မဟုတ်၊ ဤသည်ကလည်း တရားမဝင်တာမျိုး သို့မဟုတ် အနည်းဆုံးတော့ မေးခွန်းထုတ်စရာ ဖြစ်လာနိုင်သည့် အတွက် ကြောင့်လည်း ဖြစ်သည်။ ထိုအစား ၎င်းတို့၏ အေးဂျင့်များနှင့် ထောက်ခံသူများ (များသောအားဖြင့် နယ်ပယ်အသီးသီးက ဂုဏ်သရေရှိလူကြီးပိုင်းများ) ထိန်းချုပ်ထားသည့် ရှေ့ထွက်အဖွဲ့အစည်း များက တစ်ဆင့် ထောက်ပံ့တာမျိုး ဖြစ်သည်။ ထိုငွေများကို လက်ခံရရှိသည့် ကံကောင်းသူတွေကိုယ်တိုင်ကလည်း ရှေ့ထွက်အဖွဲ့အစည်းတွေပဲ ဖြစ်နေတတ်ကြသည်။
တကယ်တမ်းတွင်... ဆင်းရဲသားများကို ကူညီဖို့၊ ငတ်မွတ်နေသူများကို ကျွေးမွေးဖို့၊ ဒီမိုကရေစီ ပြန့်ပွားအောင်လုပ်ဖို့၊ ဖိနှိပ်ခံ အမျိုးသမီးများကို ကူညီဖို့ သိူ့မဟုတ် အနုပညာရှင်များကို လေ့ကျင့်ပေးဖို့ ဆိုပြီး ကြွေးကြော်နေကြသည် ရှေ့ထွက် အဖွဲ့အစည်း’ (front organizations) များ အများကြီး ရှိနေသော်လည်း... ဘယ်သူက ဘာကို ဘယ်သူ့အတွက် လုပ်နေတာလဲ ဆိုသည်ကို တစ်ခါတစ်ရံ ခွဲခြားသိမြင်ဖို့ ခက်ခဲလှပေသည်။
ဒီနေရာမှာ ကျွန်တော်ကတော့ အဆိုးမြင်ဘက်ကနေ စောဒကတက်ပါရစေ။ ကျွန်တော် လှူဒါန်းနိုင်သည့် ရည်ရွယ်ချက် ကောင်းကောင်း နှင့် အဖွဲ့တွေ အများကြီးရှိ နေသည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုက ကျွန်တော့်မှာရှိသည့် ငွေကြေးဆိုသည် ကလည်း အကန့်အသတ် နှင့်သာ ဖြစ်၍ ကိုယ့်အကျိုးစီးပွား ကြည့်ဖို ဆိုသည်က မလွဲမသွေ ပါလာ တော့သည်။
ကိုယ့်အကျိုးစီးပွားကို ကြည့်သည်ဆိုတာကလည်း ကောင်းတဲ့အချက်ပင်ဖြစ်သည်။ ကျွန်တော် တို့ကို ရှင်သန်အောင် လုပ်ပေးသည့် ဗီဇတစ်ခု ဖြစ်သည်။ ထို့အပြင် မျိုးချစ်စိတ်လည်း အရမ်းရှိရာ ကျသည်။ ဟုတ်တယ်မလား။ ထို့ကြောင့် ကျွန်တော် မေးချင်တာက... ဒီလိုမျိုး အဖွဲ့အစည်း တွေ မှာ ကျွန်တော့်အတွက် ဘယ်လို အကျိုးစီးပွား မျိုး ရှိနိုင်မလဲ ဆိုသည့် အမေးပင် ဖြစ်သည်။
ကျွန်တော် ဗိုလ်ချုပ်ကြီးကို တချက် ကြည့်လိုက်သည်။ မှော်ဆန်သော စကားလုံးနှစ်လုံး ထဲမှတလုံးသည် သူ၏ နှုတ်ခမ်းဖျားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍သာ ကျွန်ုပ်တို့တွင် ထိုစကားလုံးများက ရည်ညွှန်းသည့် အရာများသာ ရှိခဲ့လျှင်၊ အမေရိကန် နိုင်ငံသားများ၏ ရှေ့တန်းသို့ ရောက်အောင် ကိုယ့်ကိုယ်ကိုယ် တွန်းတင်နိုင်ကြလိမ့်မည်။ ထိုအခါ အမေရိကန် လူ့အဖွဲ့အစည်း၏ တောက်ပလွန်းလှသော လူနေမှုဘဝ၊ အခွင့်အရေးနှင့် စည်းစိမ်ဥစ္စာများ အားလုံးကိုလည်း လက်လှမ်းမီနိုင်ကြပေလိမ့်မည်။
ကံဆိုးစွာဖြင့် ကျွန် တော် တို့တွင် ထိုအရာများထဲမှ တစ်ခုကိုပင် ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်ခြင်း မရှိခဲ့ပေ။ ကျွန် တော် တို့တွင် မရှိသည့်အရာကို ညွှန်ပြနေသော စကားလုံးမှာ “ငွေကြေး” ပင် ဖြစ်သည်။ ဗိုလ်ချုပ်ကြီး တွင် ကိုယ်ပိုင်အသုံးစရိတ်အတွက် လောက်ငရုံမျှ ရှိကောင်းရှိနိုင်သော်လည်း တန်ပြန်တော်လှန်ရေး အတွက်မူ မရှိသည်က သေချာသည်။
နောက်ထပ် စကားလုံးတစ်လုံးမှာ “မဲ” ဖြစ်သည်။ ထို့ကြောင့် “ငွေနှင့် မဲ” Money and Votes ပေါင်းစပ်လိုက်ခြင်းသည် အမေရိကန် နိုင်ငံရေးစနစ်၏ နက်ရှိုင်းလှသော လိုဏ်ဂူကြီးများသို့ ဝင်ရောက်နိုင်ရန် အာလီဘာဘာပုံပြင်ထဲက ဂူတံခါးကို ဖွင့်သည့် “နှမ်းစေ့လေးတွေ ပွင့်ပါဦး” ဟူသော မန္တန် ဖြစ်လာတော့သည်။ သို့သော် ကျွန်ုပ်၏ ရည်မှန်းချက်ကြီးလှသော အာလီဘာဘာ ဗိုလ်ချုပ်ကြီး ၏ နှုတ်ဖျားမှ ထိုမှော်ဆန်သော စကားလုံး နှစ်လုံး ပေါင်းစပ်မှု၏ တစ်ဝက်တစ်ပျက်မျှ လွင့်စင်ထွက်လာချိန်တွင်ပင် အမေရိကန် လွှတ်တော်အမတ်၏ မျက်မှောင်များမှာ အနည်းငယ်မျှ လှုပ်ခတ် သွားခဲ့လေသည်။
"ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ သဘောထားကြည့်ပါ အမတ်မင်း။ ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုပေါ့။ ကျွန်တော်တို့ကို အိပ်ပျော်နေဆဲ၊ မနိုးထသေး၊ မကြီးထွားသေးတဲ့ ကလေးငယ်လေးတစ်ယောက်လို သဘောထားကြည့်ပါ။ အခုလောလောဆယ်မှာ ဒီကလေးဟာ မဲမပေးနိုင်သေးဘူးဆိုတာ မှန်ပါတယ်။ ဒီကလေးဟာ နိုင်ငံသားတစ်ယောက်လည်း မဟုတ်သေးပါဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့ ဒီကလေးဟာ နိုင်ငံသားဖြစ်လာပါလိမ့်မယ်။ တစ်နေ့မှာ ဒီကလေးကနေ မွေးဖွားလာမယ့် ကလေးတွေဟာ နိုင်ငံသားအဖြစ် မွေးဖွားလာကြမှာဖြစ်ပြီး သူတို့တွေဟာ တစ်စုံတစ်ယောက်ကိုတော့ မဲပေးကြရမှာပါ။ အဲဒီ တစ်စုံတစ်ယောက်ဟာ အမတ်မင်း ဖြစ်လာနိုင်ပါတယ်။
ဗိုလ်ချုပ်ကြီး... ကျွန်တော် ဟိုတုန်းက မင်္ဂလာဆောင်ကို တက်ရောက်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ခင်ဗျားတို့ရဲ့ လူ့အဖွဲ့အစည်းကို ကျွန်တော် ဘယ်လောက်အထိ တန်ဖိုးထားတယ်ဆိုတာ မြင်နိုင်မှာပါ။
စကားလုံးတွေနဲ့ တော့ ဟုတ်ပါတယ်' ဟု ကျွန်တော် ဝင် ပြောလိုက်သည်။ 'လေးစားစွာနဲ့ တင်ပြရရင် အမတ်မင်း... စကားလုံးတွေကတော့ အခမဲ့ရနိုင်ပါတယ်။ ငွေကြေးကတော့ အဲဒီလိုမဟုတ်ဘူး။ အရာခပ်သိမ်းထက် 'လွတ်လပ်မှု' ကို တန်ဖိုးထားပါတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းမှာ 'အခမဲ့' ရတဲ့အရာတွေကို တန်ဖိုးမထားကြတာဟာ ရယ်စရာမကောင်းဘူးလား၊ ဒါကြောင့် ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောခွင့်ပြုပါ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ အမတ်မင်းရဲ့ စကားလုံးတွေကို တန်ဖိုးထားပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံသား ဖြစ်လာဖို့ ကြိုးပမ်းတဲ့ ဖြစ်စဉ်မှာ 'ငွေရှိရင် စကားပြောတယ်' Money talks ဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့ သင်ယူခဲ့ရပြီးပါပြီ။
အကယ်၍ မဲပေးခြင်းဟာ အမေရိကန်နိုင်ငံရေးမှာ ပါဝင်ဖို့ အကောင်းဆုံးနည်းလမ်းဆိုရင် ကျွန်တော်တို့ဟာ ငွေကြေးအထောက်အပံ့ ပေးနိုင်သူတွေကိုပဲ မဲပေးရမှာပါ။ အဲဒီလူဟာ အမတ်မင်း ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပေမယ့် အမေရိကန်နိုင်ငံရေးရဲ့ လှပတဲ့အချက်က ကျွန်တော်တို့မှာ ရွေးချယ်ခွင့် Choice ရှိနေတာပဲ မဟုတ်လား၊ ဥပမာအနေနဲ့ ကျွန်တော်ကိုယ်တိုင် အမတ်မင်းရဲ့ အဖွဲ့အစည်းကို ငွေလှူတယ်ပဲ ထားပါဦး... ရယ်စရာကောင်းတာက ကျွန်တော်တို့ ကိုယ်တိုင်လည်း နိုင်ငံရေး အရှိန်အဝါ ရှိလာဖို့၊ ဝန်ထမ်းတွေကို လစာပေးဖို့အတွက် ငွေလိုအပ်နေတာပါပဲ။ တစ်နည်းပြောရရင်တော့ ငွေဟာ နှစ်ဖက်စလုံးကနေ စကားပြောနေတာ ဖြစ်ပါတယ်။