#ပျောက်ကျားစစ်၏အနှစ်သာရ
အာဏာရှင် ဘာတီစ်တာ အပေါ် ကျုးဘား ပြည်သူတို့၏ လက်နက်ကိုင် တော်လှန် အောင်ပွဲခံခဲ့ခြင်းသည် ကမ္ဘာသတင်းစာများ တွင် ရေးသား ဖေါ်ပြနေကြသလို သူရဲကောင်း ဆန်မှု၏ အောင်ပွဲတခုတည်း တင်မက လက်တင်အမေရိက တိုက် ပြည်သူများ၏ ရှေးရိုးစွဲ အယူအဆများကို ပါ ပြောင်းလဲပေးနိုင်ခဲ့သည်။ ပျောက်ကျားစစ်ပွဲ နှင့် ဖိနှိပ်အုပ်ချုပ်သည့် အစိုးရ လက်အောက်မှ မိမိတို့ ကိုယ် မိမိတို့ လွတ်မြောက်အောင် လုပ်နိုင်စွမ်း ရှိသည်ကို ရှင်းလင်း ထင်ရှားစွာ ပြသနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ချေ သည် ပျောက်ကျား စစ်နှင့် ပတ်သက်၍ မဖြစ်မနေ လိုက်နာရမည့် အချက် ခုနှစ်ချက် Seven Golden Rules ကို ရေးသားထားသည်ကို ပထမဦးစွာ ကောက်နှုတ် တင်ပြလိုပါသည်။
၁။ မနိုင် နိုင်ဟု ယူဆသော တိုက်ပွဲကို မတိုက်မိပါစေနှင့်။
၂။ အမြဲလို ရွေ့လျားနေဖို့ လိုပြီး ရန်သူကို အလစ်အငိုက် ဝင်တိုက်ပြီး ဆုတ်ခွာပါ။
၃။ ရန်သူ့ လက်နက် ကိုယ့်လက်နက် ဖြစ်ပါစေ။
၄။ မိမိတို့၏ လှုပ်ရှားမှု ကို ဖုံးကွယ် ထားပါ။
၅။ စစ်ရေး တွင် ရန်သူကို အငိုက်မိစေမည့် လှုပ်ရှားမှု မျိုး ဖြစ်အောင် စီမံပါ။
၆။ အင်အား ရှိလာပြီဟု ယူဆက စစ်ကြောင်း ထိုးရန် ဖွဲ့စည်းပါ။
၇။ ယေဘုယျ အားဖြင့် ဆိုရလျင် အဆင့် သုံးဆင့် ဖြင့် ဆောင်ရွက်ရန် လိုသည်။ ပထမအဆင့် တွင် ဗျူဟာ မြောက် ကာကွယ်ရေး (ဆိုလိုသည်က မိမိအင်အားသည် ရန်သူထက် အားနည်းနေချိန်တွင် ရန်သူ ထိုးစစ်ကို ခံနိုင်ရည် ရှိအောင် ပြင်ဆင်ရန်)၊
ဒုတိယ အဆင့် အဖြစ် ရန်သူ့ လှုပ်ရှားမှု နှင့် မိမိတို့၏ ပျောက်ကျား လှုပ်ရှားမှု များ အကြား ဖြစ်နိုင်ခြေ များကို ချိန်ဆပါ၊ (ဆိုလိုသည်က ကာကွယ်သည့် အနေအထား မှ တိုက်ခိုက်သည့် အနေအထားသို့ တဖြေးဖြေး ပြောင်းယူရန် ဖြစ်သည်၊ ဤနေရာ တွင် ရန်သူ၏ တိုက်ခိုက်လာနိုင်ခြေ ကို ချိန်ဆရမည် ဖြစ်ပြီး ရန်သူ ထင်မှတ်မထားသည့် အချိန်တွင် တိုက်ခိုက်ခြင်း၊ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခြင်း ဖြင့် ရန်သူ ထိခိုက်ကျဆုံးမှု အများဆုံးဖြစ်အောင် ကြံဆ တိုက်ခိုက်ရမည်။)
နောက်ဆုံး အဆင့် အဖြစ် ရန်သူကို အပြီးအပိုင် ချေမှုန်းပါ။ (ဆိုလိုသည်က မိမိ၏ အင်အားသည် ရန်သူထက် သာလွန်လာပြီ ဆိုက ရန်သူ၏ စစ်ရေး နှင့် စိတ်ဓါတ်ရေးပိုင်း အင်အား ချိနဲ့လာသည်ကို အခွင့်ကောင်းယူကာ ပြန်ပြီး မခုခံနိုင်အောင် အပြီးသတ် ချေမှုန်း ပစ်ရန် ဖြစ်သည်။)
ကျုးဘား တော်လှန်ရေးသည် တောင်အမေရိကားရှိ တော်လှန်ရေး လှုပ်ရှားမှု များ အတွက် အခြေခံ ကျသည့် သင်ခန်းစာ သုံးရပ်ကို ထုတ်ပြနိုင်ခဲ့သည်။
(၁) လူထု အင်အားဖြင့် စစ်တပ် တတပ် ကို အနိုင်တိုက်နိုင်ခြင်း။
(၂) ထိုသို့ တော်လှန်နိုင်ဖို့ လိုအပ်သည့် အခြေအနေ များ ထွက်ပေါ်လာသည် အထိ စောင့်နေစရာ မလိုဘဲ ပုန်ကန်လာခြင်း ဖြင့် ထိုသို့သော အခြေအနေများကို ဖန်တီးယူ နိုင်သည်။
(၃) မဖွံ့ဖြိူးသေးသော တောင်အမေရိက အတွက် ကျေးလက်ဒေသများသည် လက်နက်ကိုင် တိုက်ပွဲ အတွက် အခြေခံ အကျဆုံး နယ်မြေများ ဖြစ်သည်။
ထိုသင်ခန်းစာ သုံးရပ်ထဲတွင် ပထမ နှစ်ခု သည် အရှုံးပေးလိုစိတ် ရှိသည့် တော်လှန်ရေးသမားများ၊ ပရော်ဖက်ရှင်နယ် စစ်တပ်ကြီး ကို ယှဉ်၍ ရမည် မဟုတ်၊ အခြေအနေ အချိန်အခါ ပေးသည် အထိ စောင့် နေမှ ဖြစ်မည် ဆိုသော အကြောင်းပြချက် အောက်တွင် ခိုလှုံနေကြသည့် တော်လှန်ရေး အယောင်ဆောင်များ အား တိုက်ရိုက် စိန်ခေါ်လာနေပြီ ဖြစ်သည်။ ၎င်းတို့ အဖို့က ထိုသို့ အခြေအနေများ အလျင်အမြန် ဖြစ်လာအောင် ကြိုးစားခြင်းလည်း မရှိ၊ တနည်း မဟုတ် တနည်း ၎င်းတို့လိုအပ်သည် ဟု တွေးထင်ထားသော အရာများသည် စက်ကနေ ကျလာသလို ဖြစ်လာမည်ဟု မျှော်မှန်းကြသည်။
ကျုးဘား တော်လှန်ရေး သည် ထိုအကြောင်းခြင်းရာ နှစ်ရပ်ကို ငြင်းချက်ထုတ်၍ မရအောင် ရှင်းလင်းစွာ ညွှန်ပြခဲ့ပြီ ဖြစ်သော်လည်း ယခုအချိန့်အထိ အမေရိကတိုက်တွင် အခြေအတင် ဆွေးနွေး ငြင်းခုံနေကြဆဲ ဖြစ်သည်။
တော်လှန်ရေး အတွက် မရှိမဖြစ် လိုအပ်သော အခြေအနေများ အကြောင်း ပြောလာသည့် အခါ ပျောက်ကျား စစ်ရေး လှုပ်ရှားမှု တခုတည်း ဖြင့် တွန်းအားများ ဖန်တီးနိုင်သည်ဟု မှတ်ယူထား၍ တော့ မဖြစ်ပေ။ ပျောက်ကျားစစ် အဖွဲ့အစည်း တခုကို ထိထိရောက်ရောက် အောင်မြင်နိုင်ဖို့ အတွက် အနည်းဆုံး အခြေခံလိုအပ်ချက်များ ရှိနေရမည် ဖြစ်သည်။ ထိုလိုအပ်ချက်တွေ မရှိဘဲ နှင့် ပျောက်ကျားစစ်ကို တည်ဆောက် ဆင်နွဲ၍ မရပေ။
ထို့အပြင် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေ များအား ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးခြင်းဖြင့် အကျိုးများလာ နိုင်ဖွယ် မရှိ တော့ ဆိုသည်ကို လူထု အား သဘောပေါက်လာသည် အထိ ရှင်းလင်းစွာ ချပြနိုင်ဖို့ မရှိမဖြစ် လိုအပ်သည်။ ဖိနှိပ်အုပ်ချုပ်နေသည့် အင်အားစုများဖက်က အာဏာကို ဆက်ပြီး ဆုပ်ကိုင်ထားနိုင်ဖို့ တည်ဆဲဥပဒေများကို ဆန့်ကျင် ပယ်ဖျက်လာပြီ ဆိုက မည်သူမျှ ငြိမ်းချမ်းစွာ နေလို့ မရတော့ ဆိုသည်ကို သိထားဖို့ လိုသည်။
ထိုသို့သော အခြေအနေ မျိုး တွင် လူထု၏ မကျေနပ်မှု များသည် ပို၍ ပွင့်လင်း တက်ကြွစွာ ထုတ်ဖေါ် ပြောဆိုလာကြသည်။ ထိုသို့ တွန်းကန်လာမှု များသည် မာကျော ရင့်သန်လာပြီး အချိန် တချိန်တွင် ရုန်းကန် တိုက်ပွဲ အသွင် ကူးပြောင်း သွားခဲ့သည်။
အစိုးရ တဖွဲ့ သည် လိမ်ညာသည့် နည်းလမ်းဖြင့် ဖြစ် စေကာမူ လူထု၏ မဲဆန္ဒ ကို အသုံးချ၊ ဖွဲ့စည်းပုံ ကို လိုက်နာ နေသယောင် ဖြင့် တရားဝင်မှု ရအောင် ဟန်ပြလုပ်ရင်း အာဏာရလာသည် ဆိုက ပျောက်ကျား လှုပ်ရှားမှု အတွက် ကြီးမားသည့် အခက်အခဲများ တွေ့ လာရတော့မည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော လူထု သည် ၎င်းတို့ အခွင့်အရေး များ အတွက် ဆန္ဒပြ၊ သပိတ်မှောက်၊ အစရှိသည့် မြို့ပြ တိုက်ပွဲများ ဆင်နွှဲ ဖို့ ဖြစ်နိုင်ခြေ ရှိနေသေးသည်ဟု ယုံကြည် လာကြခြင်း ကြောင့်ပင် ဖြစ်သည်။
ဆက်လက် တင်ပြသွားပါမည်။
ပြည်သူတို့၏ တွန်းလှန်စစ် မုချ အောင်ရမည်!!!