ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(43)

by Hla Soewai - Jul 30 2025

ကျွန်တော် အဖို့ကား စိတ်ဆန္ဒ ပြင်းပြလာတတ်သည့် ဆယ်ကျော်သက် အရွယ်ကတည်းကပင် ဆုတောင်းသယောင် နှင့် လက်ဝါးကပ်တိုင် အမှတ်အသား ပြုခဲ့ဖူးသည့် လက်နှင့်ပင် အားကစားသမား တယောက်၏ ဇွဲမျိုး နှင့် ကိုယ့်ကိုယ်ကိုယ် အာသာဖြေလာခဲ့သည်။ ကျွန်တော်၏ လိင်ပိုင်းဆိုင်ရာ တော်လှန်လာခဲ့မှု သည် တနေ့တွင် နိုင်ငံရေး နှင့် သက်ဆိုင်သော တော်လှန်မှု ကြီး အဖြစ် ရင့်ကျက်လာခဲ့ရသည်။

 

အဖေ က သမ္မာကျမ်းစာပါ onanism လို့ ခေါ်သည့် ကိုယ့်ကိုယ်ကိုယ် လိင်အာသာဖြေခြင်း မျိုးသည် မျက်စိကွယ်တတ်သည်၊ လက်ဖဝါးတွင် အမွှေးအမြှင်များ ပေါက်လာတတ်သည်၊ ပန်းသေတတ်သည် (သို့သော် သစ္စာဖေါက် အဖြစ် သိမ်းသွင်းခံရတတ်သည် ကိုတော့ ထည့်မပြော) အစရှိသည့် တရားများကို လုံးဝ ဥပေက္ခာ ပြုခဲ့သည်။ ထို့အတွက် ငရဲကျမည် ဆိုလည်း ကျပါစေတော့။

 

ကိုယ့်ကိုယ် ကိုယ် ပြန်၍ ကျူးလွန်နေသည့် မကောင်းမှု များ အတွက် စိတ်ကို ငြိမ်းချမ်းအောင် ဖြေသိမ့်လာနိုင်ခဲ့ပြီး နောက်တွင် လက်နှင့်ပင် မဟုတ်တော့ဘဲ အခြားအရာ များပါ သုံးလာတတ်သည်။ ထိုအချိန်က ကျွန်တော် အသက် ဆယ့်သုံးနှစ်သာ ရှိသေးသည်။ အမေ၏ မီးဖိုချောင်တွင် အထဲက အူများ ထုတ်ထား‌သော ပြည်ကြီးငါး ခေါ် ရေဘဝဲ တကောင်ကို ခိုးယူခဲ့သည်။ ပြည်ကြီးငါး၏ အရွယ်အစားသည် ကျွန်တော့်လက်လောက် ရှိသည်။ ခေါင်း၊ ခြေတံလက်တံများ၊ အူများ ဖြတ်ထုတ်ထား၍ ကွန်ဒုံ တခုလို ဖြစ်နေသည်။ ထိုအချိန်ကတော့ ကွန်ဒုံ ဆိုသည် က ဘာမှန်း မသိသေးသည့် အချိန်လည်း ဖြစ်သည်။

 

အထဲတွင် ချောပြီး ပြစ်ခဲခဲ ဖြစ်နေ၍ မိန်းမ အင်္ဂါ နှင့် ဆင်ဆင် ဖြစ်မည်ဟု ယူဆလိုက်သည်။ တကယ်တမ်း မိန်းမ အင်္ဂါ ကို တေ့တေ့ဆိုင်ဆိုင် မြင်ဖူးခြင်း မရှိ၊ လမ်းထဲ ကစားကွင်းထဲ ကိုယ်တုံးလုံး နှင့် လျှောက်သွားနေသည့် က‌လေးများ ကို သာ မြင်ဖူးသည်။ ထိုသို့ ကလေးများ အဝတ်မပါ သွားလာနေကြသည်ကို ပြင်သစ် အရှင်သခင်များက ကျွန်တော်တို့ရှိ မူလ အရိုင်းအစိုင်း စိတ်ဓါတ်ကို ထုတ်ပြ‌နေခြင်းဟု မြင်ခဲ့ကြသည်။ သူတို့ မုဒိမ်းကျင့်၊ လုယက် ဖျက်စီး၊ ခိုးယူနေမှု များ တရားနည်းလမ်းကျသည်ဟု ဆင်ခြေ ပေးခဲ့ကြသည်။ ထိုသို့ သော လုပ်ရပ်များသည် ကျွန်တော်တို့ ကလေးများ ကိုယ်တွင် အဝတ်အစားများ ကပ်လာစေဖို့ သန့်ရှင်းမြင့်မြတ်သော ဟု အမည်နာမ တပ်ကာ လုပ်ခဲ့ကြခြင်း ဖြစ်သည်။ သို့မှသာ စိတ်ဓါတ်ရော ၊ ကိုယ်ရောပါ လူကောင်းသူကောင်းမှ ဟုတ်ပါလေစ ဟု မေးခွန်းထုတ်စရာ ဖြစ်နေသည့် ခရစ်ယာန်များအား ကလေးများကို ကြည့်၍ သွေးဆောင်ဖြားယောင်းခြင်း မျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

 

ဆက်ရေးမည့် အကြောင်းသည် ဖတ်ရှုရန့် မသင့်တော်၍ ချန်လှပ်ထားခဲ့ရပါသည်။

 

ယခုအခါတွင်တော့ ထိုလုပ်ရပ်သည် အခြား ကိုယ့်ကျင့် တရား ပိုင်း ဆိုင်ရာများနှင့် မည်သို့ ပတ်သက်လာသည်ကို ကျွန်တော် မြင်လာခဲ့သည်။ ရေဘဝဲသည် ကျွန်တော်တို့ နေထိုင်ရာ မြစ်များ၊ ချောင်းများ၊ ပင်လယ်ရှိရာ နှင့် ဝေးကွာနေသည့် အတွက် ရှားရှားပါးပါး စားရခဲလှသည်။ အဖေက အမေ အား လက်ဆောင် အဖြစ် ယူလာတတ်သည်။ အဖေသည် ကျောင်းထိုင် ဆရာတော် ဖြစ်၍လည်း ကြည်ညိုသူများ၊ အိမ်ရှင်မများ၊ လူချမ်းသာများက ရက်ရက်ရောရော ပေးတတ်ကြသည်။ 

 

အဖေကလည်း သူတို့ကို လူတကာ ဝင်ခွင့်မရတဲ့ ကောင်းကင်ဘုံ ဆိုတဲ့ နိုက်ကလပ်ရှေ့ တားထားတဲ့ ကတ္တီပါ ကြိုး အစောင့်တွေလို ဆက်ဆံခဲ့သည်။ သူတို့ကလည်း အဖေတို့လို လူတွေကို ချက်ပြုတ်ထားသည့် ဟင်းလျာ များနှင့် ညစာဖိတ်ကြွေးတတ်သည်၊ ပြန်လျင်လည်း အမေတို့လို ဆင်းရဲသားများ မည်သို့မျှ လက်လှမ်းမမီနိုင်သည့် ပင်လယ်စာများ အပါအဝင် စားကောင်းသောက်ဖွယ်များ လက်ဆောင် အဖြစ် ထည့်ပေးပြီး လဒ်ထိုးကြပြန်သည်။

 

ကျွန်တော် စိတ်အာသာဖြေမှု အထွပ်အထိပ်ရောက် ချိန်တွင် အရှက်တရား ဟူ၍ ပျောက်ကွယ်နေသော်လည်း ပြီးသွားသည်နှင့် အသိစိတ်က ပြန်ကပ်လာပြီး အပြစ်ကြီးတခု ကျုးလွန်မိသလို ခံစားခဲ့ရသည်၊ ထိုသို့ ခံစားခဲ့ရခြင်းမှာလည်း ကိုယ်ကျင့်တရား ဖေါက်ပြန်မိခဲ့ပြီ ဆိုသော အသိစိတ် ဝင်လာ၍တော့ မဟုတ်၊ အမေ စားလို့ ရတော့မည် မဟုတ်ဟု စဉ်းစားလိုက်မိသောကြောင့် ဖြစ်သည်။

 

ရေဘဝဲက ခြောက်ကောင် လောက်ရှိ၍ တခု ပျောက်သွားသည်ကို အမေ မသိဘဲ နေမည်မဟုတ်၊ ဘာလုပ်ရမလဲ၊ ဘာလုပ်ရမလဲ ဆိုသည့် အတွေးများ ဝင်လာခဲ့ရသည်။ ကျွန်တော်သည် လက်ထဲက အပျိုရည်ပျက်သွားသော ရေဘဝဲကို ကိုင်ထားရင်းက အကြံတခု ရလာသည်။

 

ပထမဆုံး ကျွန်တော် ကျုးလွန်ထားသော ရေဘဝဲကို ရေနှင့် ဆေးပစ်မည်၊ အကြေးခွံ အပေါ်ယံ တနေရာအား ဓါးနှင့် အမာရွတ်လိုမျိုး ဖြစ်အောင် လုပ်ထားမည်၊ သို့မှသာ ကိုယ့် ရေဘဝဲကို ကိုယ်မှတ်မိမည် ဖြစ်သည်။ ပြီးလျင် ညစာစားချိန် ကို စောင့်နေယုံသာ ရှိတော့သည်။

 

ဘာမှ သိပုံမရသော အမေသည် ကျွန်တော်တို့ တဲ ရှိရာ သို့ ပြန်ရောက်သည်နှင့် ဝက်သား နုပ်နုပ်စင်း၊ ပဲကြာဆံ၊ မှိုအတုံးသေးသေး များ တောက်တောက်စင်းထားသော ဂျင်းကို ရေဘဝဲထဲ အစာသွပ်ပြီး ကြော်ကာ ဂျင်း-သံပုရာရည်တို့ အား တို့စရာ အချဉ်ရည် အဖြစ် ဖန်တီးလိုက်သည်။

 

ညစာ စားချိန်တွင် ထည့်စားဟု ပြောလိုက်သည်နှင့် ကျွန်တော် အမှတ်အသား လုပ်ထားသော အကောင်ကို အမေ ပါးစပ်ထဲ မရောက်မီ ချက်ခြင်းလို လက်ထဲက တူ နှင့် ဇပ်ကနဲ ကောက်ယူလိုက်သည်။ ချစ်စနိုး နှင့် ကျွန်တော်ကို ကြည့်နေသော အမေ နှင့် မျက်လုံးခြင်း ဆုံမိသွား၍ ခေတ္တမျှ တန့်သွားသော်လည်း အချိန်ဆိုင်းမနေတော့ဘဲ အချဉ်ရည်ထဲ နှစ်ကာ ကိုက်စားပစ်လိုက်သည်။

 

အမေက ဘယ်နှယ်နေလဲ သား ဟု မေးလာ၍ အရသာ ရှိတယ် အမေ ဟု ထစ်ထစ်ငေါ့ငေါ့ နှင့် ဖြေလိုက်ရသည်၊ အမေက ဒါဆိုလည်း ဖြေးဖြေး ဝါးစားပါ သားရယ်၊ မင်း ကြည့်ရတာ မဝါးဘဲ မြိုချနေသလိုပဲ၊ ကျွန်တော်လည်း ရဲဆေးတင်ပြီး ပြုံးပြလိုက်ရင်း ဟုတ်ကဲ့ အမေ ဆိုကာ တကောင်လုံး ကုန်သည်အထိ ဖြေးဖြေးချင်း ဝါးစားနေလိုက်သည်။ ငန်ကြွက်ကြွက် အရသာသည် အမေ၏ မေတ္တာ နှင့် ရောယှက်ကာ ကျွန်တော် အစာအိမ်ထဲသို့ စီးမျော ဝင်ရောက်သွားခဲ့တော့သည်။