ပြည်တွင်း စစ်ပွဲ များ နှင့် အတူ နိုင်ငံများ အင်အား ချိနဲ့လာခြင်း၊ ပြိုလဲ ကျရှုံး လိုက်လာနေမှု များသည် ရှေ့လျောက် အတော် လေး အဖြစ် များလာတော့မည် ဖြစ်သည်။ ဤသည်မှာလည်း နိုင်ငံ အတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့ရခြင်း နှင့် အကြမ်းဖက်မှု များကို ဖြစ်ပေါ်စေသော အကြောင်းရင်းများစွာ ရှိနေခြင်းကြောင့်ပင် ဖြစ်သည်။
ဆိုမာလီယာ ကို ကြည့်မည်ဆိုက ပြိုလဲ သွားပြီး နောက် ကျရှုံး နိုင်ငံ အဖြစ် ဆက်ရှိ နေသည်မှာ နှစ်ပေါင်း သုံးဆယ် ကျော် လာပြီ ဖြစ်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ် တစု အတွင်း ဆီရီးယား၊ ယီမင်၊ တောင် ဆူဒန်၊ ဗဟို အာဖရိက သမ္မတ နိုင်ငံ၊ ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ များ အားလုံးသည် ကျရှူံး နိုင်ငံ များ ဖြစ်လာခဲ့ကြသည်။
ထိုသို့ ဖြစ်ပျက်လာမှု များသည် ကမ္ဘာကြီး အတွက်လည်း မသက်သာလှ၊ ဒုက္ခသည် အမြောက်အမြား စီးဝင် ခံလာရပြီး၊ တိုင်းပြည်ကို နိုင်နင်းစွာ အုပ်ချုပ် နိုင်စွမ်း ရှိနေသည့် အစိုးရ အဖွဲ့ အများအပြားသည်လည်း အကြမ်းဖက် သမား များသည် ၎င်းတို့ နိုင်ငံ တွင်း အခြေစိုက် မလာဟု အာမမခံ နိုင် ဖြစ်လာခဲ့သည်။ ထို့အပြင် အခြားနိုင်ငံ တနိုင်ငံ အား ဆိုက်ဘာ မှ တိုက်ခိုက်ခြင်း၊ မူးယစ်ဆေးဝါး ကူးသန်း ရောင်းဝယ်ခြင်း အစရှိသည့် ရာဇဝတ်မှု များ ဖြစ်ပေါ် လာနိုင်သည့် အရေး နှင့် လည်း ရင်ဆိုင်လာခဲ့ရသည်။
ထိုသို့သော အန္တရာယ်များ နှင့် နပမ်းလုံးလာရ၍ အားနည်း လာရပြီး တကမ္ဘာလုံး ကို စိန်ခေါ်လာနေသည့် ရာသီဥတု ပြောင်းလဲလာနေခြင်းကဲ့ သို့ အန္တရာယ် များကို ပူးပေါင်း ကာကွယ်ရေးတွင် ထိထိရောက်ရောက် မပါဝင် နိုင်တော့ပေ။ တကယ်တမ်းတွင် ထိုနိုင်ငံများသည် သားကောင် ဘဝ သို့ ကျရောက်သွားခဲ့ရခြင်းဟု ဆိုရမည် ဖြစ်သည်။
ပြည်တွင်းတွင် ဖြစ်ပွားသော ပဋိပက္ခ တိုင်းသည် ပြင်ပမှ ၎င်းတို့ လိုလားသလို ဖန်တီး နိုင်မည့် အခွင့် အရေး ရရှိဖို့ ဝင်ရောက်စွက်ဖက်ရန် လက်ယပ် ခေါ်နေသလို ဖြစ်လာခဲ့သည်။ ၎င်းတို့ လိုလားသလို ဟု ဆိုရာတွင် လက်ရှိ အစိုးရကို ကျားကန်ပေးခြင်း၊ သို့မဟုတ်က ဖြုတ်ချပစ်ခြင်း မျိုး ဖြစ်သည်။
ထိုကဲ့သို့ ပြင်ပ မှ ဝင်ရောက် စွက်ဖက်ခြင်း မျိုးဖြင့် လိုချင်သည့် ရလဒ် ရရှိခဲ့သည်ကို ဆီရီးယား တွင် အီရန် နှင့် ရုရှား တို့ ပါဝင် ပတ်သက်ခဲ့မှု များ တွင် တွေ့နိုင်ပေသည်။ ပြင်ပမှ အခြား ပါဝင် စွက်ဖက်လိုသူများ နှင့် ပါ စစ်ပွဲ များ ဖြစ်ပွားလာသည်အထိ ဦးတည်သွားနိုင်သည်။
စိတ်ဝင်စားဖို့ ကောင်းနေသည်က ဘူမိ ပထဝီ ပိုင်းတွင် အပရိက ဟု သဘောထားသည့် ကရိုင်းမီယား ဒေသ နှင့် ပတ်သက်၍ ဖြစ်သည်။ ထိုဒေသတွင် တိုက်တိုက်ဆိုင်ဆိုင်ပင် ဆယ့်ကိုးရာစု နှစ် အတွင်း အင်အားကြီး နိုင်ငံများ အချင်းချင်း စစ်ပွဲကြီး ဖြစ်ပွားလာပြီး ကမ္ဘာစနစ်ကြီး တရပ် ဖေါ်ဆောင်နိုင်ရန် ကြိုးပမ်းနေမှု များ အဆုံးသတ် သွားခဲ့ရသည်။ကျွနုပ်တို့ ခေတ် အတွက် သင်ခန်းစာ အဖြစ် သိသာ ထင်ရှားစွာ ထွက်ပေါ်လာခဲ့ရသည်။
ဤနေရာတွင် ပြင်ပ မှ စွက်ဖက်မှု ပုံစံ တမျိုးကို ဖေါ်ပြရန် လိုအပ်လာပြန်သည်။ ယင်းအား နိုင်ငံ တည်ဆောက်ရေး ဟု ခေါ်ဝေါ်သုံးနှုန်းလာကြသည်။ ယင်းသည် နေရာ အတော်များများ တွင်အငြင်းပွားစရာ ဖြစ်လာရသည်။
အီရတ် နှင့် အာဖဂန်နစ္စတန် အား တည်ငြိမ်သော ဒီမိုကရေစီ နိုင်ငံ အဖြစ် အသွင် ပြောင်းရန် အမေရိကန် သည် အကုန်အကျ များစွာ ခံပြီး အသွင်ပြောင်းရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ သို့သော် ဒုတိယ ကမ္ဘာစစ် အပြီး ဂျာမဏီ နှင့် ဂျပန် တွင် အောင်မြင်မှု ရခဲ့ပြီး လတ်တလော အနေဖြင့် ကိုလံဘီယာ တွင် တွေ့နိုင်သည်။ ထိုနိုင်ငံတွင် အမေရိကန်သည် ဆယ်စုနှစ် နှင့် ချီ၍ မဆုပ်မနစ် ပါဝင် ပတ်သက်ခဲ့ပြီး စီးပွားရေး နှင့် လုံခြုံရေးရာ များ တွင် ပံ့ပိုးပေးလာ ခဲ့ခြင်းကြောင့် အစိုးရသည် ခိုင်မာ တောင့်တင်းစွာဖြင့် အကြမ်းဖက် သောင်းကျန်းမှု များကို နှိမ်နှင်း နိုင်ခဲ့ပြီး မူးယစ် ဆေးဝါး ထုတ်လုပ် ဖြန့်ချီနေမှု များကိုပါ သိသိသာသာ လျော့ချ နိုင်ခဲ့သည်။
သို့သော် ထိုသို့ အခြေအနေများ တွင် အောင်မြင်နိုင်မည့် အလားအလာ များ ဖန်တီးပေးနိုင်မည့် အနေအထားများသည် အမြဲလို ရှိနေကြသည်တော့ မဟုတ်၊
သို့သော် နိုင်ငံ တနိုင်ငံ၏ စွမ်းဆောင်ရည်ကို မြှင့်တင် နိုင်ရန် ရည်ရွယ်ပြီး အကန့်အသတ် နှင့် အာရုံ စိုက်ပြီး ကြိုးပမ်းခဲ့မည် ဆိုက ပြည်တွင်း တည်ငြိမ် အေး ချမ်းမှု ကို သိသာထင်ရှားစွာ ထိန်းသိမ်း ထားနိုင်မည် ဖြစ်သည်။ မက္ကဆီကို နှင့် အမေရိကား အလယ်ပိုင်း နိုင်ငံအချို့၊ အာဖရိက နှင့် အရှေ့အလယ်ပိုင်း နိုင်ငံ များထဲမှ ရွေးထုတ်ပြီး ထိုသို့ ကြိုးပမ်းပေးရန် လိုအပ်နေသည်။
တကမ္ဘာလုံး အနေဖြင့် ခြုံပြောရလျင် နိုင်ငံ တနိုင်ငံတွင် ဖြစ်ပျက်နေသည်များသည် ကျွနုပ်တို့အား တနည်းမဟုတ် တနည်း သက်ရောက်မှု ရှိလာနိုင်ပေသည်။ ထို့အတွက် အစိုးရ များအား ၎င်းတို့ နိုင်ငံတကာ သို့ ပေးထားသော ကတိကဝတ်များကို ဖြည့်ဆည်း နိုင်သည် အထိ ကူညီပေးနိုင်ရန် အထူး လိုအပ်လာနေသည်ဟု ဆိုရမည် ဖြစ်သည်။
****************