နောက်ထပ် ထွက်ပေါ်လာသည့် အိုင်ဒီယာ တခုကား ကာဘွန် ထုတ်လွှတ်မှု များ အပေါ် အခွန် ကောက်ရန်ပင် ဖြစ်သည်။ ထို အိုင်ဒီယာ သည် နောက်ပိုင်း တွင် carbon tax (ကာဘွန် အခွန် စည်းကြပ်မှု) အဖြစ် တဖြေးဖြေး နှင့် ရေပန်းစားလာခဲ့သည်။
ထိုသို့ အခွန် စည်းကြပ်လာခြင်းဖြင့် ကာဘွန် ဓါတ်ငွေ့များ ထုတ်လွှတ်နေမှု လျော့နည်းကျဆင်းလာနိုင်ပြီး အခြား အစားထိုး လောင်စာများ တီထွင်လာအောင် တွန်းအားတရပ် ဖြစ်လာနိုင်သည်။
ယခုထိ အစိုးရ များသည် cap and trade သို့မဟုတ် ကာဘွန် အခွန် တခုခု ကို အကောင်အထည် ဖေါ်လာကြခြင်း မရှိသေးပေ။ချမ်းသာသော နိုင်ငံများက သတ်မှတ်ထားသော ရည်မှန်းချက် ပြည့်မီရန် အတွက် ဆိုကာ ကာဘွန် ထုတ်လွှင့်နိုင်မည့် ပမာဏ ကို တင်းတင်းကျပ်ကျပ် သတ်မှတ်ခံရမည် ဆိုက ၎င်းတို့၏ စီးပွားရေး တိုးတက်နေမှု များ ကို တုတ်နှောင်လိုက်သလို ဖြစ်သွားမည်ကို စိုးရိမ်ခဲ့ကြသည်။ နောက်တကြောင်းကလည်း ဖွံ့ဖြိူးဆဲ နိုင်ငံများ ထံမှ အသုံးမပြူသော ကာဘွန် ထုတ်လွှတ်မှု ခွဲတမ်းကို ငွေကြေး အမြောက်အမြား သုံး၍ ဝယ်ယူရမည့် အရေး ကိုလည်း လိုလိုလားလား မရှိ ဖြစ်နေကြသည်။
အချို့က ကုန်ကျစရိတ် မြင့်တက်လာပြီး အမြတ်ငွေ များ ဆုံးရှူံးသွားနိုင်သည်ဟု ယူဆလာသည်။ ယင်းသည် မလိုအပ်ပဲ အလွန်အကျွံ စိုးရိမ်မကင်း ဖြစ်နေခြင်းသာ ဖြစ်သည်ကို ကားများထုတ်လုပ်နေသည့် စက်မှု လုပ်ငန်းများက သက်သေပြလာခဲ့သည်။
ကားများ အတွက် စက်သုံးဆီ တွင် ပါရှိသည့် စွမ်းအင်ကို ခရီးမိုင်များများ သွားနိုင်သည့် အရွေ့စွမ်းအင် အဖြစ် ပြောင်းလဲပေးနိုင်သည့် fuel efficiency ကို ပို၍ ကောင်းအောင် တီထွင်လာကြသည့် အပြင် လျပ်စစ်ကားများကိုလည်း ထုတ်လုပ်လာကြသည်။
ရာသီဥတု ပြောင်းလဲလာမှု အပေါ် စိုးရိမ်မကင်း ဖြစ်လာမှု နှင့် အတူ အခွင့်အလန်းများ၊ တ်ုးတက်မှု များ ထွက်ပေါ်လာအောင် ဖန်တီးခဲ့ကြသည်။ ဥပမာ အားဖြင့် green technology များ ဖြစ်သည် နေရောင်ခြည် နှင့် လေအား များကို အသုံးချလာသည်။
ဖွံ့ဖြိူးဆဲ နိုင်ငံ များ အဖို့က ၎င်းတို့ နိုင်ငံ များ အပေါ် သတ်မှတ်လာမည့် ကာဘွန် ခွဲတမ်း ထက် ကျော်၍ ထုတ်လုပ်ဖို့ လိုအပ် လာမည် ဆိုက အခြား နိုင်ငံများမှ ဝယ်ယူနိုင်စွမ်း ရှိကြမည် မဟုတ်ပေ။ ထို့အပြင် ရာသီဥတု ပြောင်းလဲမှု ကို ကာကွယ်ရမည့် နည်းလမ်းများ ချမှတ် ဆောင်ရွက်ရန် ငွေကြေးလိုအပ်လာသည်။ ထို့အတွက် စက်မှု ဖွံ့ဖြိုးပြီး နိုင်ငံများမှ ပေးမည်ဟု ကတိပေးထားသော ရံပုံငွေများသည်လည်း ယခုထိ မည်ရွေ့မည်မျှဟူ၍ ထွက်မလာသေး ဖြစ်နေသည်။
တရုတ် နှင့် အိန္ဒိယကဲ့သို့ နိုင်ငံများကလည်း ၎င်းတို့၏ ကျောက်မီးသွေး သုံးစွဲနေမှု ပမာဏ ကို သိသိသာသာ လျော့ချ လာမည့် အလားအလာ မတွေ့ရသေးပေ။ လက်ရှိ အမေရိကား နှင့် ဥရောပ နိုင်ငံ သားများ ခံစားနေရသည့် လူနေမှု စတိုင်များကို ၎င်းတို့ နိုင်ငံသားများ ရရှိလာသည် အထိ တိုးတက်လာအောင် လုပ်ခွင့် မပေးပဲ ကန့်သတ်ချင်ရသနည်းဟု မေးခွန်းထုတ်လာကြသည်။
ကမ္ဘာတဝှမ်း ရှိ အတိုက်အခံ နိုင်ငံရေး သမားများကလည်း ကာဘွန် ထုတ်လုပ်မှု အပေါ် အခွန် ကောက်ယူမည့် အရေးကို ကျယ်ကျယ် လောင်လောင် ကန့်ကွက် ပြောဆိုနေကြသည်။ ထိုသို့သော အကြောင်းများ ကြောင်ုလည်း ၁၉၉၅ မှ စိတ်အား တက်ကြွစွာ စတင်လာခဲ့သည် ရာသီဥတု ထိန်းချုပ်ရေး အစီအမံများသည် ယခုထိ မယ်မယ်ရရ အကောင်အထည် မဖေါ်နိုင်သေးခြင်းလည်း ဖြစ်သည်။
လောလောဆယ် တွင် အစိုးရများက ၎င်းတို့ နိုင်ငံ အလိုက် မည်ရွေ့မည်မျှသာ ထုတ်လုပ်မည် ဆိုသည့် ကန့်သတ်ချက် များ ချမှတ်လာခြင်းမျိုး ဖြင့်သာ ရောင့်ရဲ နေရဆဲ ဖြစ်သည်။
ကမ္လာနိုင်ငံ အားလုံး နီးပါး အစိုးရများ တက်ရောက်ခဲ့သည့် ၂၀၀၅ ပဲရစ် ညီလာခံ မှ ထိုသို့ လမ်းညွှန်ချက် ချမှတ်ပေးလာခဲ့ခြင်းလည်း ဖြစ်သည်။ ထိုပြင် စက်မှု မထွန်းကားမီ ကာလ ထက် ကမ္ဘာပျမ်းမျှ အပူချိန် အား ရှေ့လျောက် 2°C ထက် မကျော်လွန်အောင် စုပေါင်း ကြိုးပမ်းသွားမည်ဟုလည်း ကတိပြုခဲ့ကြသည်။
သို့သော် နိုင်ငံ အလိုက် ချမှတ်မည့် ရည်မှန်းချက် ဆိုသည်က ရည်ရွယ်ထားသည်မျိုးသာ ဖြစ်ပြီး မဖြစ်ဖြစ်အောင် လုပ်မည်ဟု တာဝန်ခံချင်း မျိုး မဟုတ်ပဲ ဖြစ်နေသည်။ နိုင်ငံ တနိုင်ငံ စီက သတ်မှတ်ထားသော ကာဘွန် ထုတ်လွှတ်မှု ရည်မှန်းချက် ပြည့်မီအောင် လုပ်နိုင်သည် ဆိုစေဦး ကမ္ဘာ ပျမ်းမျှ အပူချိန်သည် ဆက်၍ မြင့်တက်နေဦးမည်သာ ဖြစ်သည်။ ဝမ်းနည်းဖို့ ကောင်းသည်က နိုင်ငံတခုစီက သတ်မှတ်ထားသော တော်ရိရော်ရှိ အတိုင်းအတာ ကိုပင် ပြည့်မီအောင် မလုပ်နိုင်သေး ပဲ ဖြစ်နေသည်ကို တွေ့နေရခြင်းပင် ဖြစ်သည်။
အစိုးရများက ၎င်းတို့ သတ်မှတ်ထားသည့် လျာထားချက်များကို ငါးနှစ် တကြိမ် ပြန်လည် သုံးသပ်မည်ဟု သဘောတူခဲ့ကြသည်။ သို့သော် နိုင်ငံ များ အဖို့ ထိုထက် ရည်မှန်းချက် ပို၍ ထားရန် အရေးကို စိတ်မပါ လက်မပါ ဖြစ်လာစေသည့် ပြဿနာ များ ထွက်ပေါ်လာခဲ့သည်။ အဓိက အားဖြင့် သမ္မတ ဒေါ်နယ် ထရန့် လက်ထက်တွင် အမေရိကန် သည် ပဲရစ် သဘောတူညီချက်မှ နှုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းကြောင့်ပင် ဖြစ်သည်။
ထိုဆုံးဖြတ်ချက် ကြောင့် လက်ရှိ ကမ္ဘာပေါ်တွင် ကာဘွန်ဒိုင် အောက်ဆိုဒ် ဒုတိယ အများဆုံး ထုတ်လွှတ်နေသော နိုင်ငံကြီးသည် ရာသီဥတု ပြောင်းလဲလာနေသည့် ပြဿနာကို မည်သို့ များ ဆက်၍ ဖြေရှင်းဦးမည်နည်းဟု မေးခွန်း ထွက်ပေါ်လာခဲ့ရသည်။
စက်မှု မထွန်းကားမီ ကာလ တွင် ကမ္ဘာအပူချိန်သည် 0°C သာ ရှိခဲ့ရာမှ လက်ရှိတွင် 1°C အထိ ရောက်ရှိလာသည်။ ဆက်၍ ထိန်းချုပ်နိုင်ရန် အစီအမံများ မလုပ်လာပါက သက္ကရာဇ် ၂၁၀၀ တွင် 2°C အထိ ရောက်လာတော့မည် ဖြစ်သည်။ 1.5°C အထိ တက်လာလျှင်ပင် ကမ္ဘာတဝှမ်း တွင် ရေလွှမ်းမိုးမှု၊ မိုးခေါင်ရေရှားမှု၊ တောမီးလောင်မှု၊ သန္တာကျောက်တန်းများ ပျက်စီး လိုက်လာမှု များ နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။