ဗိုလ်ချုပ် စတီးလ် သည် တလစာ ထောက်လှမ်းရေး ရိက္ခာများကို ဆင် ၁၂၀ ၏ ကျောပေါ်နှင့် နွားလှည်း ၃၀၀ ဖြင့် ကို ယူဆောင်လာခဲ့သည်။ ထိုရိက္ခာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအား ရန်သူက သတိထားမိ၍ တိုက်ခိုက်မည်ဆိုပါက အလွန်စိုးရိမ်စရာကောင်းသော အနေအထားပင်ဖြစ်၏။ သို့သော် သူ၏ စစ်ကြောင်းချီတက်မှုကို မည်သူမျှ မတားဆီးခဲ့သဖြင့် တခါမျှ မရောက်ရသေးသည့် သစ်တောထူထပ်သော အပူပိုင်း မိုင် ၂၄၀ ခရီးကို ဖြတ်သန်းခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြည်နယ်၏ မြောက်ဘက်နယ်စပ်ရှိ တောင်ငူမြို့သို့ အထိအခိုက် မရှိသလောက်နီးပါး ချောမောစွာ ရောက်ရှိခဲ့လေသည်။
ထိုအချိန်က ရခိုင် နှင့် အခြား ဒေသများရှိ ဗြိတိသျှ ထောက်လှမ်းရေးအဖွဲ့များသည် ပုဂံမင်းအား နန်းချပြီး စစ်ဆက်လက်တိုက်ခိုက်ရေးကို ကန့်ကွက်သူ ညီတော် မင်းတုန်းမင်းဖြင့် အစားထိုးရန် လျှို့ဝှက်ကြံစည်မှုများ ရှိနေကြောင်း သတင်းရရှိထားကြသည်။ သို့သော် ထိုအချက်အပေါ် စိတ်ချလက်ချ တွက်ဆ၍ မရနိုင်သေးသည့်အပြင် မြန်မာတို့ဘက်ကလည်း ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းခြင်း မရှိသေးသဖြင့် ဘုရင်ခံချုပ် ဒါလဟိုဇီသည် ကုန်ကျစရိတ်ကြီးမားလှသော ဤစစ်ပွဲကို အဆုံးသတ်ရန်အလို့ငှာ အင်းဝနေပြည်တော်အထိ စစ်ချီတက်ရကောင်း ချီတက်ရနိုင်သည့် အခြေအနေကို လက်ခံထားခဲ့ရလေသည်။
လေးလံသော အမြောက်ကြီးများကို ဆွဲငင်ရန်နှင့် ရိက္ခာထောက်ပံ့ပစ္စည်းများကို သယ်ယူရန်အတွက် တိရစ္ဆာန်များကို အသုံးပြုရခြင်းသည် ဤကဲ့သို့သော စစ်ဆင်ရေးတခုအတွက် အလွန်ပင် အရေးပါလှပေသည်။ ရခိုင်ရှိ စစ်တပ်သည် ဤရည်ရွယ်ချက်အတွက် ထွားကျိုင်း ကြံ့ခိုင်လှသော ဆင်သုံးရာကို စုဆောင်းခဲ့ကြပြီး၊ ယခုအခါတွင် ၎င်းတို့သည် အန္တရာယ်များလှသော လမ်းကြောင်းအတိုင်း ရခိုင်ရိုးမတောတောင်များကို ဖြတ်သန်းကာ ပြည်မြို့သို့ ချီတက်လာခဲ့ကြပြီ ဖြစ်သည်။
ဤမျှ ကြီးမားလှသော လုပ်ငန်းကြီးတခုကို လုံးဝလျှို့ဝှက်ထားရန်မှာ ခက်ခဲလှသဖြင့် မြန်မာတို့က အမ်း တောင်ကြားလမ်း အဝတွင် တပ်စခန်းတခု တည်ဆောက်ကာ ဆီးကြို တိုက်ခိုက်ပြီး ဆင်များကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် တောင်ပေါ်သို့ တက်ရောက်လာကြသည့် ကြီးမားလှသော ဆင်တပ်ကြီး၏ ရှေ့မှ ကင်းထောက်သွားနေသူများက ထိုတပ်စခန်းကို အချိန်မီ ရှာဖွေတွေ့ရှိခဲ့ကြသည်။
ဗြိတိသျှ အရာရှိများ ဦးဆောင်သော ရခိုင်စစ်သားများပါဝင်သည့် တပ်ဖွဲ့တဖွဲ့က ၁၈၅၃ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ညတွင် ထို စခန်းအား အလစ်အငိုက် ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး မြန်မာစစ်သား အများအပြားကို သုတ်သင်ရှင်းလင်းခဲ့ကာ ကျန်ရှိသူများကိုလည်း မောင်းထုတ်ပစ် နိုင်ခဲ့သည်။ မကြာမီတွင် ဆင်များသည် တောင်ဘက် မိုင် ၁၀၀ ခန့်အကွာရှိ အမ်း တောင်ကြားလမ်းမှတဆင့် ဧရာဝတီမြစ်ဝှမ်းသို့ ဝင်ရောက်လာခဲ့ကြပြီး မတ်လအစောပိုင်းတွင် ပြည်မြို့သို့ လေးကန်စွာဖြင့် ရောက်ရှိလာကြတော့သည်။
ဒါလဟိုစီ အနေဖြင့် စ်ိုးရိမ်တစိတ် ကြီးမားစွာဖြင့်ကုန်ကျစရိတ်ကြီးမားလှသည့် စစ်ရေးပြင်ဆင် နေမှုများသည် ယခုအခါတွင် မလိုအပ်တော့ဘဲ အလဟဿ ဖြစ်သွားခဲ့သည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပုဂံ မင်း နန်းချခံခဲ့ရပြီး၊ နန်းဆက်ခံသူ မင်းတုန်းမင်း ၏ ပထမဆုံး လုပ်ဆောင်ချက်များထဲမှ တခုမှာ ကက်သလစ်ဘုန်းတော်ကြီး နှစ်ပါးအား အင်္ဂလိပ်တို့ထံသို့ ငြိမ်းချမ်းရေးသံတမန်များအဖြစ် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
ကက်ပတိန် ဖေယာ သည် မတ်လ ၃၁ ရက်နေ့တွင် ပြည်မြို့ ၏ မြောက်ဘက် မိုင်ငါးဆယ်အကွာရှိ မြေထဲ အရပ်တွင် ၎င်းတို့နှင့် တွေ့ဆုံခဲ့ပြီး အသင့်ရေးဆွဲထားသော စာချုပ်တခုကို ပေးအပ်ခဲ့သည်။ ထိုစာချုပ်တွင် ပြည်မြို့နှင့် မြေထဲ ၏ မြောက်ဘက်လမ်းကြောင်းအကြားရှိ ဒေသများအတွင်းမှ တန်ဖိုးကြီးမားသော ကျွန်းတော စတုရန်းမိုင် ရာပေါင်းများစွာကို ဗြိတိသျှတို့ထံ အပြီးအပိုင် လွှဲပြောင်းပေးအပ်ရန် ပါဝင်သည်။
ဤအချက်သည် ၁၈၅၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော လော့ဒ် ဒါလဟိုစီ (ပုံတွင် မြင်သူ) ၏ ကြေညာချက်တွင် သတ်မှတ်ထားသည့် ပဲခူး နယ်နိမိတ်ထက် များစွာ ကျော်လွန်နေခဲ့သည်။
မြန်မာတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသဖြင့် အဆိုပါ ပြဿနာကို ဒါလဟိုစီ ထံသို့ ပြန်လည်တင်ပြခဲ့ရာ၊ ၎င်းက “ဗြိတိသျှပိုင်နက် နယ်နိမိတ်ကို မြေထဲ မြို့၏ မြောက်ဘက် ခြောက်မိုင်အကွာအထိ အပြီးအပြတ် သတ်မှတ်ထားသည်” ဟု ပြတ်သားစွာ ဖော်ပြထားသော မှတ်တမ်းလွှာဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။
မြန်မာတို့အနေဖြင့် ဤနယ်နိမိတ်ကို လေးစားလိုက်နာကြရန်နှင့် ဗြိတိသျှတို့က ငြိမ်းချမ်းရေးကို လိုလားသော်လည်း စစ်ပွဲအတွက်လည်း အပြည့်အဝ ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ စစ်ဖြစ်လာပါက မြန်မာနိုင်ငံတော်၏ အဆုံးသတ်သာ ဖြစ်လာလိမ့်မည်ကို သတိရကြရန် သတိပေးခဲ့လေသည်။
မင်းတုန်းမင်းအနေဖြင့် ဤအဖြစ်မှန်ကို လက်ခံရန်သာ ရှိတော့သော်လည်း ထိုအချက်ကို ထည့်သွင်းထားသောစာချုပ်ကိုမူ လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့သည်။ “ကျွန်ုပ်တို့ရဲ့စစ်ရေးအာဏာ နဲ့ ကြည့်ရင် လက်တွေ့ကျတဲ့ စာချုပ်ပါပဲ၊ အဲဒီအာဏာ တည်တံ့ခိုင်မြဲနေအောင် ကျွန်ုပ် အသေအချာလုပ်ဆောင်သွားမှာပါ” ဟု မိတ်ဆွေ တဦးထံသို့ ပေးပို့ခဲ့သော ကိုယ်ရေးစာတစ်စောင်တွင် ဒါလဟိုစီက ကြုံးဝါးခဲ့လေသည်။ ကပ္ပတိန် အာသာ ဖယ်ရာ သည် ၁၈၅၃ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် မှတ်တမ်းလွှာကို မြန်မာသံတမန်များထံ ပေးအပ်ခဲ့ပြီး ၎င်းတို့နှင့် ဆွေးနွေးညှိနှိုင်းမှုများကို ရပ်စဲလိုက်လေသည်။
၁၈၅၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေးကို နောက်ဆုံး၌ ကြေညာခဲ့ပြီး ဗြိတိသျှနှင့် အိန္ဒိယ အခွန်ထမ်းများအတွက် ပေါင် ၁ သန်း ကုန်ကျခဲ့သော ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲလည်း ပြီးဆုံးသွားခဲ့သည်။
အင်္ဂလန်ရှိ သတင်းစာများ၊ အထူးသဖြင့် The Times သတင်းစာတို့တွင် ဤစစ်ပွဲကို စိတ်အားထက်သန်မှု မရှိကြဘဲ ၎င်းသည် "ဂုဏ်သိက္ခာမဲ့သော စစ်ပွဲတခု" သာ ဖြစ်ကြောင်း ရေးသားခဲ့ကြသည်။ အကြောင်းမှာ အရှေ့တိုင်းမှ လူမျိုးစုငယ်လေးတရပ်ကို ဖျက်ဆီးချေမှုန်းခြင်းသည် ဗြိတိသျှအင်ပါယာ၏ ဂုဏ်ကျက်သရေကို မည်သို့မျှ တိုးပွားစေခြင်းမရှိဟူသော ခံစားချက်များ ထိုစဉ်က ပြည်ပတွင် ပျံ့နှံ့နေသောကြောင့် ဖြစ်သည်။
စက်မှုနည်းပညာ လုံးဝကင်းမဲ့နေသည့် လူမျိုးတစုကို အင်္ဂလန်နိုင်ငံ၏ စက်မှုလုပ်ငန်းများက ထုတ်လုပ်ပေးနိုင်သည့် အင်အားအကောင်းဆုံး လက်နက်များနှင့် ရင်ဆိုင်တိုက်ခိုက်စေခဲ့ရခြင်းအတွက် ဗဟုသုတကြွယ်ဝသော အမျိုးသား အမျိုးသမီးများအနေဖြင့် ဝန်ခံပြောဆိုရန်ပင် အနည်းငယ် ရှက်ရွံ့ခဲ့ကြရပေသည်။
သို့သော် စစ်ရေးရှုထောင့်မှ ကြည့်လျှင် ဂေါ့ဒ်ဒွင် ၏ တာဝန်မှာ လွယ်ကူသော ကိစ္စတခု မဟုတ်ခဲ့ပေ။ မြန်မာတော်လှန်ရေးသမားများ မှာ တောတွင်းပြောက်ကျားတပ်ဖွဲ့များ ဖြစ်ကြသည့်အတွက်၊ ဗီယက်နမ်စစ်ပွဲအတွင်းမှ အမေရိကန်များကဲ့သို့ပင် သူသည် အရပ်မျက်နှာအားလုံးရှိ ခြိမ်းခြောက်ခံထားရသော ရွာသူရွာသားများနှင့် ရင်ဆိုင်ခဲ့ရသည်—ထိုသူတို့မှာ သူ့အား အမှန်အတိုင်း ပြောပြနိုင်သကဲ့သို့ သစ္စာဖောက် လှည့်စားသွားနိုင်ခြေလည်း ရှိနေသည်။
ငှက်ဖျားရောဂါ၊ ဝမ်းကိုက်ရောဂါနှင့် ကာလဝမ်းရောဂါစသည့် ဖျားနာမှုများကြောင့်လည်း သူ၏ စစ်သည်ရာပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် သူကိုယ်တိုင်ပင် ဤစစ်ပွဲ၏ မှန်ကန်မှု နှင့် တရားမျှတမှုရှိမရှိအပေါ် စိတ်ထိခိုက်တွေဝေနေဟန် ရှိပြီး၊ စစ်ပွဲကို အစွမ်းကုန် အင်တိုက်အားတိုက် ဆက်လက်ဆင်နွှဲရန် တွန့်ဆုတ်နေခဲ့ပုံ ရလေသည်။
***************